၁၉-၅-၂၀၂၂ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် (၁၄)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှတ်တမ်း

 

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၄)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ၂၀၂၂ ခုနှစ် မေ ၁၉ ရက် မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်းအစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။  အဆိုပါ   သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့  အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်   ဦးခင်မောင်ဦးနှင့်   ဌာနဆိုင်ရာမှ တာဝန်ရှိသူများ က သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည် ဖြေကြားသည်။
(ယမန်နေ့မှ အဆက်) 
NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက နိုင်ငံရေးပါတီအသိုင်းအဝိုင်းတွင်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရွေးကောက်ပွဲကျင်းပမည် မဟုတ်ဟုဆိုသည့်သတင်းများ ထွက်ပေါ် လျက်ရှိကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးအနေဖြင့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ရွေးကောက်ပွဲဆောင်ရွက် မည့် ကိစ္စကို ထပ်မံကတိပေးပြီးပြောခဲ့ကြောင်း၊ ယခုကဲ့သို့ သံသယဖြစ် နေသည့်ကိစ္စကို  ရှင်းရှင်းလင်းလင်းဖြစ်စေရန်  ရွေးကောက်ပွဲကျင်းပ မည်(သို့မဟုတ်) မကျင်းပမည်ကို သိလိုကြောင်း၊ ကျင်းပမည်ဆိုပါက လည်း မည်သည့်အချိန်တွင် ကျင်းပမည်ကိုသိလိုကြောင်း၊ ရှေ့လုပ်ငန်း စဉ် (၅)ရပ်တွင် နံပါတ်(၅)အချက်ဖြစ်သည့် အရေးပေါ်ကာလ ဆောင် ရွက်နေမှုသည်    မည်သည့်အတိုင်းအတာထိ   ဆောင်ရွက်ပြီးစီးမှုကို သိလိုကြောင်း၊ အရေးပေါ်ကာလ သတ်မှတ်ထားသည့်အချိန်အတွင်း  ရွေးကောက်ပွဲ ဆောင်ရွက်နိုင်ခြင်း ရှိ/မရှိကို သိလိုကြောင်း မေးမြန်း သည်။ 
ဆက်လက်၍ ရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံရေး ပါတီ များမှတ်ပုံတင်ခွင့်   စတင်ခွင့်ပြုမည့်အချိန်ကို  တိတိကျကျသိလို ကြောင်း၊ ဒုတိယ မေးခွန်းအနေဖြင့် CDM လုပ်သည့် ကျောင်းဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်းများကို နိုင်ငံတော်အနေဖြင့် ၂၀၂၂ ခုနှစ် မေ ၃၁ ရက်နောက်ဆုံးထား၍ လက်ခံမည်ဟုကြေညာထား ကြောင်း၊ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး  ဗိုလ်ချုပ်အနေဖြင့်  ဖြေထား ခြင်းများရှိကြောင်း၊ မျိုးဆက်သစ်များအတွက် အတွေ့အကြုံရှိသည့် ဆရာ၊ ဆရာမများ  လိုအပ်ခြင်းအပေါ် ထိုကဲ့သို့ဆောင်ရွက်မှုသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ စေတနာကြီးမားမှုကိုသိနိုင်ပါကြောင်း၊ Non-CDM ကြားထဲတွင် အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အငြင်းပွားမှုများကို social media တွင်တွေ့ရကြောင်း၊ Non-CDM သမားများကို အဆိုပါကိစ္စနှင့်ပတ်သက်ပြီး သံသယမဖြစ်စေရန်အတွက်  မည်ကဲ့သို့  စီစဉ်ဆောင်ရွက်သွားမည်ကို  သိလိုကြောင်း၊ ပညာရေး ဝန်ထမ်းများကဲ့သို့  အခြားဝန်ထမ်းများကိုလည်း   ထိုကဲ့သို့ ပြန်လည် ခေါ်ယူရန် ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်ခန့်တွင်ဖြစ် မည်ကို သိလိုကြောင်း မေးမြန်းသည်။
၃၈ ဖြာမင်္ဂလာကို ရိုက်ကူးရေး ဆောင်ရွက်လျက်ရှိ
    ဗိုလ်ချုပ် ဇော်မင်းထွန်းက ဘာသာရေးအပိုင်းနှင့် ပတ်သက်လျှင် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့်  ၃၈ ဖြာမင်္ဂလာကို ရိုက်ကူးရေး ဆောင်ရွက်လျက်ရှိပြီး   မကြာခင်   ထုတ်လွှင့်သွားရန်ရှိကြောင်း၊ လျှပ်စစ်မီးနှင့်ပတ်သက်ပြီး အောက်ခြေတွင်ဖြစ်နေသည့် အခြေအနေ များနှင့် ဘာသာရေးနှင့်ပတ်သက်သည့်ကိစ္စများကို အကြံပြုပေးသည့် အတွက် ကျေးဇူးတင်ပါကြောင်း၊ လက်ရှိ ပြန်ကြားရေးဝန်ကြီးဌာနက လက်တွေ့ လုပ်ဆောင်နေသည့်အချက်ကို  ဖြေကြားခြင်းဖြစ်ကြောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကို တွေးကြည့်စေလိုကြောင်း၊  အမှန်တကယ်   အဆိုပါ   နှစ်ခုသည်   ဆန့်ကျင်ဘက်ဖြစ်ကြောင်း၊ သာသနာရေးသည်လောကီကို      စိတ်ကုန်အောင်လုပ်ခြင်းဖြစ်ပြီး ယဉ်ကျေးမှုသည် လောကီကိုခင်တွယ်အောင် လုပ်ခြင်းဖြစ်ကြောင်း၊  အဆိုပါ   နှစ်ခုကိုပေါင်းထားခြင်းဖြစ်ကြောင်း၊  အဆိုအမိန့်များကို ထည့်သည့်အခါ အမြင်မျှတအောင်ကြည့်ရကြောင်း၊ ဘာသာရေးအပေါ် ကိုအခြေတည်ပြီး မြန်မာ့ယဉ်ကျေးမှုဖြစ်လာခြင်းကြောင့်  ကိုက်ညီမှု ရှိ/မရှိနှင့်   ပိုပြီးအကျိုးဖြစ်ထွန်းနိုင်မှုရှိအောင်  ကြည့်ရကြောင်း၊ လောကီလောကုတ္တရာတွင် လူများ၏ နေ့စဉ်ဘဝ၊ ယဉ်ကျေးမှုနှင့် လှုပ်ရှားမှုတွင် ဘာသာရေးအဆုံးအမများထဲက အသုံးဝင်နိုင်မည့်အရာ များကို လုပ်ဆောင်နေကြောင်း၊ ၃၈ ဖြာမင်္ဂလာသည် မိမိတို့ဘာသာ အနေဖြင့် လူများ၏ နေ့စဉ်ဘဝလှုပ်ရှားမှုများ၊ ပေါင်းသင်းဆက်ဆံမှု များ၊ နေထိုင်မှုများနှင့် သက်ဆိုင် ကြောင်း၊ အခြားဘာသာများတွင်လည်း ထိုကဲ့သို့အဆုံးအမများရှိကြောင်း၊ ထိုအဆုံးအမများသည် ၎င်းတို့၏ နေ့စဉ်လူနေမှုဘဝ၊ ယဉ်ကျေးမှုနှင့် အမျိုးသားရေးအတွက် အထောက် အကူပြုစေရန် ၎င်းတို့နိုင်ငံများတွင်လည်း လုပ်ဆောင်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် တတ်နိုင်သမျှဆောင်ရွက်လျက်ရှိကြောင်း။
ရွေးကောက်ပွဲနှင့်    ပတ်သက်ပြီး     နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးတည်ချက်များတွင် ပါဝင်ပြီးဖြစ်ကြောင်း၊ အရေးပေါ် ကာလပြဋ္ဌာန်းချက်များ လုပ်ဆောင်ပြီးလျှင် ရွေးကောက်ပွဲ ကျင်းပပေး မည်ဖြစ်ကြောင်း၊   အနိုင်ရသည့်ပါတီကို   အာဏာလွှဲပေးသွားမည့် အကြောင်း ရှင်းရှင်းလင်းလင်းရေးထားကြောင်း၊ ရွေးကောက်ပွဲသည် အထွေထွေရွေးကောက်ပွဲ (General Election)   ဖြစ်ခြင်းကြောင့်  တစ်နိုင်ငံလုံးနေရာအနှံ့    ကျင်းပပေးလိုကြောင်း၊   မြန်မာနိုင်ငံ၏ အခြေခံဥပဒေတွင်  အဆိုပါရွေးကောက်ပွဲကျင်းပရေးဆိုင်ရာ အချက် အလက်များပါပြီးဖြစ်ကြောင်း၊  ပုဒ်မ-၇ တွင် “ နိုင်ငံတော်သည် စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်” ဟု ပါရှိကြောင်း၊  “နိုင်ငံတော်သည်” ဟု ပါဝင်ခြင်းကြောင့်  မြန်မာနိုင်ငံ တစ်နိုင်ငံလုံး ကျင့်သုံးရမည့်စနစ်သည် စစ်မှန်စည်းကမ်းပြည့်ဝသည့်   ပါတီစုံဒီမိုကရေစီစနစ်ဖြစ်ကြောင်း၊ အဆိုပါစစ်မှန် စည်းကမ်းပြည့်ဝ သည့် ပါတီစုံဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်ရန်အတွက်   အဓိကကျ သည့်အရာမှာ    ရွေးကောက်ပွဲဖြစ်ကြောင်း၊  ရွေးကောက်ပွဲတွင်    ခြိမ်းခြောက်မှုမရှိဘဲ   ပြည်သူ့ဆန္ဒအမှန်ကို ဖော်ထုတ်နိုင်ရန်အတွက်  ခြိမ်းခြောက်မှုများ၊  အကျပ်ကိုင်မှုများနှင့် မတရားသိမ်းသွင်းမှုများ ကင်းစင်ရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ ဖြစ်လာနိုင်မည့် အရင်းအမြစ်များ ကို ငြှိမ်းသတ်နေခြင်းဖြစ်ကြောင်း။
လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေးသည် အရေးကြီး
ပါတီစုံဒီမိုကရေစနစ်     ခိုင်မာစေရန်အတွက်    ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေးသည် အရေးကြီးကြောင်း၊ ဥပမာ တစ်ခုအနေဖြင့် ပြီးခဲ့သည့်ရွေးကောက်ပွဲတွင်  လင်းခေးအမျိုးသား လွှတ်တော်ကိုယ်စားလှယ်လောင်းနေရာများအတွက်  NLD  ပါတီ၊ SNLD ပါတီနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ သုံးခုက အပြိုင်အဆိုင်   ရွေးကောက်ခံကြကြောင်း၊ လင်းခေးမြို့တွင်ရှိသည့် SNLD ပါတီလွှတ်တော်အမတ်သည် မဲရုံကမဲများရေတွက်ပြီးသည်အထိ မဲ ၄၀၀၀၀ နီးပါးခန့်ရရှိပြီး NLD ပါတီလွှတ်တော်အမတ်၏ မဲအရေ အတွက်သည်  ၂၀၀၀၀ ကျော်ခန့်ရှိကြောင်း၊ ညနေပိုင်း ကြိုတင်မဲများ ရောက်လာသည့်အခါ NLD ပါတီလွှတ်တော်အမတ်သည် SNLD  ပါတီ အမတ်ထက် မဲအရေအတွက် ဆယ်ဂဏန်းခန့်ကျော်ပြီး လွှတ်တော် အမတ်ဖြစ်ခဲ့ကြောင်း၊    နောက်တစ်ပတ်ခန့်တွင်    အဆိုပါ  အမတ် အသတ်ခံခဲ့ရကြောင်း၊ ထိုအချိန် တပ်မတော်က သတ်ခဲ့သည်ဟု စွပ်စွဲ ကြကြောင်း၊ တပ်မတော်အနေဖြင့် မသက်ဆိုင်ခြင်းကြောင့် ဘာမှ မလုပ်ခဲ့ကြောင်း၊ ထိုကဲ့သို့ သတ်ဖြတ်မှုများမဖြစ်စေရန် လက်နက်ကိုင် ပဋိပက္ခများ  ချုပ်ငြိမ်းရေး၊ ပြည်သူလူထု၏  ဆန္ဒအစစ်အမှန်အတိုင်း မဲပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း။
မိမိတို့အနေဖြင့်  သတင်းစာရှင်းလင်းပွဲ   စတင်လုပ်ဆောင်သည့် အချိန်မှ ယနေ့အချိန်ထိ ရွေးကောက်ပွဲကော်မရှင် အမြဲတမ်းပါဝင်ခဲ့ ကြောင်း၊ မိမိတို့၏ အဓိကတာဝန်ဖြစ်ခြင်းကြောင့် ရွေးကောက်ပွဲ ကော်မရှင်ကို ထည့်ခြင်းဖြစ်ကြောင်း၊  ရွေးကောက်ပွဲကော်မရှင် သတင်းစာရှင်းလင်းပွဲလုပ်ခြင်းသည် ရွေးကောက်ပွဲကော်မရှင်အနေ ဖြင့် ရွေးကောက်ပွဲနှင့်ပတ်သက်သည့်လုပ်ငန်းများ စတင်မည့်အချိန် တွင်  သီးသန့်လုပ်ခြင်းဖြစ်ကြောင်း၊  နိုင်ငံတော်အဆင့်  သတင်းစာ ရှင်းလင်းပွဲတွင်  ရွေးကောက်ပွဲကော်မရှင်ကို  ထည့်ထားရခြင်းသည်  ရွေးကောက်ပွဲလုပ်နိုင်ရန် ထည့်သွင်းထားခြင်းဖြစ်ကြောင်း၊ အရေးပေါ် ကာလပြဋ္ဌာန်းချက်များ ဆောင်ရွက်ပြီးလျှင် ရွေးကောက်ပွဲကျင်းပနိုင် အောင် ကြိုးစား ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ဆောင်ရွက်မည့် ရွေးကောက်ပွဲသည်  အကြားအလပ်မရှိသည့် ရွေးကောက်ပွဲဖြစ်ရမည် ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး ရွေးကောက်ပွဲ ကျင်းပနိုင်ရမည်ဖြစ်ကြောင်း၊ ဥပဒေ ပုဒ်မ-၇ အရ  တစ်နိုင်ငံလုံး     ကျင့်သုံးရမည့်စနစ်သည် စစ်မှန် စည်းကမ်းပြည့်ဝသော     ပါတီစုံဒီမိုကရေစီစနစ်ဖြစ်ခြင်းကြောင့် ရွေးကောက်ပွဲကို    တစ်နိုင်ငံလုံး   ကျင်းပပေးမည်ဖြစ်ကြောင်း၊ ထို့ကြောင့်   လက်နက်ကိုင်ပဋိပက္ခများ  ချုပ်ငြိမ်းရေး၊  ပြည်သူလူထု ခြိမ်းခြောက်ခံရမှု လျော့နည်းရေးအတွက်  လုံခြုံရေးတပ်ဖွဲ့ဝင်များ အပါအဝင် တစ်နိုင်ငံလုံးမှ  တာဝန်ရှိသူများ၊ State Holder အားလုံး၊  ပြည်သူလူထုအားလုံး ဝိုင်းဝန်းကူညီ ပံ့ပိုးပေးစေလိုကြောင်း၊ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခွင့်နှင့်  ပတ်သက်၍ ရွေးကောက်ပွဲကော်မရှင်က ဖြေကြားပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်နေ
    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက မိမိတို့အနေဖြင့် ပြီးခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ခဲ့ သည့်ဖြစ်စဉ်များ၊ အားနည်းချက်များကို သုံးသပ်ပါကြောင်း၊ နိုင်ငံရေး ပါတီများကို စစ်ဆေးခဲ့ကြောင်း၊ ဖြစ်စဉ်များ တွေ့ရှိချက်နှင့် အားနည်း ချက်များကို  သုံးသပ်ကြောင်း၊ ယင်းတို့အပေါ်မူတည်ပြီး နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့် နည်းဥပဒေအသစ်ပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်ထားကြောင်း၊ ပြဋ္ဌာန်းနိုင်ရန်အတွက်လည်း  အဆင့်ဆင့် လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်နေကြောင်း၊ မကြာမီအချိန်တွင် ပြီးစီးမည်ဖြစ်ကြောင်း၊ နည်းဥပဒေအသစ် ပြဋ္ဌာန်းပြီးလျှင် ဥပဒေနှင့် အညီ   ထပ်ပြီးမှတ်ပုံတင်လိုသည့်     နိုင်ငံရေးပါတီအသစ်အဖြစ် မှတ်ပုံတင်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်လျှောက်ထားမည့် ပါတီများ သည် ထိုဥပဒေများနှင့် ဆောင်ရွက်ခွင့်ရမည်ဖြစ်ကြောင်း၊ ယင်းအရာ များ    ပြီးသည်အထိ  စောင့်ပြီးခွင့်ပြုပေးမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားသည်။ 
    ဆက်လက်ပြီး NHP သတင်းဌာနမှ အယ်ဒီတာချုပ်ဦးဝင်းဦးက ပြင်ဆင်နေသည့်ဥပဒေ၊ နည်းဥပဒေ၊ မည်သည့်အချိန်တွင် ပြဋ္ဌာန်းနိုင် မည်ကို သိလိုပါကြောင်း၊ မိမိသိရသလောက် ဧပြီလအလယ်တတိယ အပတ်တွင် ထိုဥပဒေကို ပြဋ္ဌာန်းမည်ဟု ဆရာတို့ဆုံးဖြတ်ခဲ့သည်များ ရှိခဲ့ကြောင်း၊ အချိန်မမီသည့်အတွက် မေလပထမအပတ်တွင် ဆရာတို့ ရွှေ့ခဲ့ခြင်းရှိကြောင်း၊ ပြီးခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင်လည်း မိမိ ထိုမေးခွန်းကို   မေးမြန်းခဲ့ပြီဖြစ်ကြောင်း၊  ဆရာတို့  မေလထဲတွင် ထိုဥပဒေကို ထုတ်ပြန်နိုင်မည်လား၊ ထုတ်ပြန်နိုင်မှ ပါတီမှတ်ပုံတင် အသစ် လျှောက်၍ရမည်ဖြစ်ကြောင်း၊ အချိန်ကလည်း နီးကပ်နေသည် ဖြစ်သည့်အတွက်ကြောင့် သိလိုကြောင်း မေးမြန်းသည်။ 
    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဦးခင်မောင်ဦးက ဥပဒပြုသည့် လုပ်ငန်းစဉ်  အဆင့်ဆင့်များရှိကြောင်း၊  သက်ဆိုင်ရာ ဥပဒေအရ ဝန်ကြီးဌာနများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စသည်တို့ကို အဆင့်ဆင့်ဥပဒေပြုပိုင်ခွင့်ရှိသည့် စိစစ်သည့်အပိုင်းများ၊ ဥပဒေထုတ်ပြန်ချက်များအတိုင်း    မိမိတို့ဆောင်ရွက်နေကြောင်း၊ မကြာမီအချိန်တွင် ထုတ်ပြန်နိုင်မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြား သည်။  
    Myanmar National Post   သတင်းဌာနအယ်ဒီတာချုပ် နောင်တော်လေးက   ပထမဆုံးဝန်ကြီးမေးခဲ့သည့်   မေးခွန်းနှင့် ပတ်သက်ပြီး ဆရာတော်၊ သံဃာတော်များ သတ်ဖြတ်နေသည်များ၊ ဘာသာရေးအဆောက်အဦများပေါ်တွင် အကြမ်းဖက်လုပ်ဆောင်မှု များနှင့်ပတ်သက်ပြီး ဝန်ကြီးကိုတင်ပြခြင်းဖြစ်ကြောင်း၊ သမ္မတကြီး ဦးသိန်းစိန် လက်ထက် ဒီမိုကရေစီ အပြောင်းအလဲနှင့်အတူ အကြမ်း ဖက်မှုအန္တရာယ်သည် ဒွန်တွဲပါနေခြင်းဖြစ်သည်ဟု မိမိတို့မြင်ကြောင်း၊ ခိုးဝင်ဘင်္ဂါလီ    အကြမ်းဖက်မှုလုပ်ရပ်များ  လုပ်နေစဉ်ကတည်းက မိမိတို့ လေ့လာခဲ့ကြောင်း၊                              
ထိုလုပ်ရပ်များသည်   မိမိတို့အမြင်အရ၊ အတွေ့အကြုံအရ မိမိတို့ တိုင်းပြည်သည် NLD  အစွန်းရောက်  PDF  အကြမ်းဖက်များသည် ဘာသာရေးဂျီဟတ်ကို ပုံဖော်ခြင်းဖြစ်သည်ဟု မိမိတိတိကျကျ ပြောရဲ ကြောင်း၊  မိမိတို့   တရားဝင်ထုတ်ဝေထားသည့်  အကြမ်းဖက်မှုတို့     မြစ်ဖျားခံရာဆိုသည့်    စာအုပ်ရှိကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနတွင် ထိုစာအုပ်ရှိကြောင်း၊ ထိုစာအုပ်ကို ပြန်ပြီး လေ့လာကြည့်လျှင် PDF များလုပ်ဆောင်နေသည်နှင့် တစ်ထပ်တည်းဖြစ်သည်ကို တွေ့ရမည် ဖြစ်ကြောင်း။
ပညာရေးစနစ်သစ်  ၁၂  တန်းသည်  သမ္မတကြီး  ဦးသိန်းစိန် လက်ထက်တွင်စတင်ခဲ့ပြီး သင်ရိုးညွှန်းတမ်းများကို NLD အစိုးရ လက်ထက်တွင် ရေးခဲ့ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကစတင်ပြီး လုပ်ဆောင်ခဲ့ခြင်း မဟုတ်ကြောင်းကို မိမိတို့ ရှင်းရှင်း လင်းလင်း နားလည်ကြောင်း၊ သို့သော် ၁၀ တန်းပညာရေးကိုပင် ခက်ခက် ခဲခဲ ရုန်းကန်ကြိုးစားခဲ့ပြီး သားသမီးများကို ကျောင်းထားခဲ့ရကြောင်း၊ ပညာရေးစနစ်သစ် ၁၂ တန်းဖြစ်သွားသည့်အခါ  ပိုပြီးခက်ခဲလာပြီး ကျောင်းမထားတော့ဘူးဆိုသည့် မိဘများလည်းရှိကြောင်း၊ မိမိတို့ သည်လည်း ၁၀ တန်း ပညာရေးကို ခက်ခက်ခဲခဲကြိုးစားခဲ့ရကြောင်း၊ ပညာရေး စနစ်သစ် ၁၂ တန်းဖြစ်သွားသည့်အပေါ်တွင် ကျောင်းထုတ် မည်၊ ကျောင်းမထားကြဘူးဆိုသည့် မိဘများကို ဝန်ကြီးအနေဖြင့်သော် လည်းကောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့်သော်လည်းကောင်း၊  မိဘများနားလည်အောင် မည်သို့ရှင်းပြပေးနိုင်မည်ကို သိလိုပါကြောင်း  မေးမြန်းသည်။ 
စာတတ်မြောက်မှု  အရှိန်မြှင့်တင်နိုင်ရေး
    ဗိုလ်ချုပ် ဇော်မင်းထွန်းက အစိုးရ၏ ရည်မှန်းချက်သည် KG+12 ပညာရေးစနစ်ကို ကျောင်းနေသူများ သင်နိုင်မည်၊ တက်နိုင်မည်ဆိုလျှင် ပိုကောင်းမည်ဖြစ်ကြောင်း၊ KG+12 ပညာရေးစနစ်၏ ကြားထဲတွင် လုပ်ငန်းကျွမ်းကျင်သူများအဖြစ် မွေးထုတ်ပေးနိုင်ရေး အစီအစဉ်များ လုပ်ဆောင်လျက်ရှိကြောင်း၊  KG+9 အလယ်တန်းအဆင့် အောင်မြင် သည်နှင့် ယခင်တုန်းက အသက်မွေးဝမ်းကျောင်းပညာကို သွားရောက် တက်ရန် ကျောင်းရှားပါးကြောင်း၊ ယခင်တုန်းက THS ရှိကြောင်း ၊ စက်မှုလက်မှုအထက်တန်းကျောင်း ရှိကြောင်း၊ စိုက်ပျိုးရေးအထက် တန်းကျောင်းများ ရှားပါးကြောင်း၊ ယခုအချိန်တွင် ချင်းပြည်နယ်တွင် THS သုံးကျောင်း၊ GTI တစ်ကျောင်းဖွင့်လှစ်ရန် ဆောင်ရွက်လျက်ရှိ ကြောင်း၊ နိုင်ငံတစ်ဝန်းတွင်လည်း THS ၊ GTI ကျောင်းများ ဖွင့်လှစ်နိုင် ရန် Vocational ကို ကူးပြောင်းနိုင်ရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည်  စိုက်ပျိုးမွေးမြူရေးနိုင်ငံဖြစ်ကြောင်း၊ ထိုအတွက် စိုက်ပျိုး/မွေးမြူရေးနှင့်  ပတ်သက်ပြီး စိုက်ပျိုး/မွေးမြူရေးအထက်တန်း ကျောင်းများ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ထိုကျောင်းများတွင် တက် ရောက်ပြီး ထိုအတိုင်းပြီးမသွားဘဲ ထူးချွန်လျှင် တစ်ဆင့်တက်ရောက် နိုင်သည့်ကျောင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယင်းတို့သည် လက်ရှိလုပ်ဆောင်နေမှုများဖြစ်ကြောင်း၊ ပညာရေးတွင် သုတေသန လုပ်သည့်  လုပ်ငန်းများရှိကြောင်း၊ သုတေသနလုပ်ငန်းများတွင် ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များကို ပြုလုပ်ကြောင်း၊ အစိုးရ၏ ရည်မှန်းချက်သည်   တစ်နိုင်ငံလုံးတွင်   ပြည်သူလူထုတစ်ရပ်လုံး အသိပညာများ၊ စာတတ်မြောက်မှု     အရှိန်မြှင့်တင်နိုင်ရေးဖြစ်သည့် အတွက် ပညာရေးကဏ္ဍများကို လိုအပ်ရင်လိုအပ်သလို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊    ဆက်လက်ပြီး   ပညာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ ဖြည့်စွက်ပြောကြားလိုသည်များရှိလျှင် ဖြည့်စွက်ဆွေးနွေးပေးရန် ပြောကြားစေလိုကြောင်း ပြန်လည် ဖြေကြားသည်။ 
    ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက မိမိတို့ပညာရေး ဝန်ကြီးဌာနမှ အမျိုးသားပညာရေးစနစ် အားသာချက်နှင့် အားနည်း ချက်များကို ဆန်းစစ်အကဲဖြတ်နိုင်ရန် ဘက်စုံလွှမ်းခြုံသောပညာရေး ကဏ္ဍလေ့လာသုံးသပ်ရေးလုပ်ငန်း CESR ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ ထိုအကောင်အထည်ဖော် ဆောင်ရွက်ချက်အရ မိမိတို့   အခြေခံပညာအဆင့်အတန်းမြင့်မားရေးနှင့်   အရည်အသွေး ပြည့်ဝသော သင်ရိုးညွှန်းတမ်းများ အကောင်အထည်ဖော်ဆောင်ရွက် ရန် လိုအပ်သည်ကို တွေ့ရကြောင်း၊ တွေ့ရှိသည့်အတွက် ၂၀၁၆- ၂၀၁၇ ခုနှစ် ပညာသင်နှစ်မတိုင်မီတွင် အခြေခံပညာရေးစနစ်သည် အခြေခံပညာ ၁၁ တန်းပဲ ရှိခဲ့ကြောင်း၊ အခြေခံပညာ ၁၁ တန်းပြီးသွား သည့်ကလေး၏ အသက်သည် ၁၆ နှစ်ကျော်သာ  ရှိသေးကြောင်း၊ လုပ်ငန်းခွင်သို့ ဝင်ရောက်ရန် အသက် ၁၈ နှစ် မပြည့်သေးဘဲ တက္ကသိုလ် မတက်ရောက်နိုင်သည့် ကလေးများသည် လုပ်ငန်းခွင်သို့ ဝင်ရောက် နိုင်ခြင်းမရှိဘဲ မဖြစ်သင့်သည်များ   ဖြစ်ပွားခဲ့ရကြောင်း၊ အခြေခံ ပညာရေးစနစ် တိုးမြှင့်ဖွဲ့စည်းခြင်းကို လိုအပ်သည်နှင့်အညီ အခြေခံ ပညာသင်ရိုးညွှန်းတမ်းများကို  ၂၀၁၆   ခုနှစ်တွင်  စတင်ပြီး အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ရာ KG+12 စနစ်ကို ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ KG+12 စနစ်သည် တချို့အာဆီယံနိုင်ငံများနှင့် တန်းတူရှိခဲ့ကြောင်း၊ KG+12 စနစ်သည် ပညာသင်ယူမှုအခွင့်အလမ်း မြင့်မားရေးကို ဦးတည် ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် ယနေ့ခေတ်စနစ်သစ်နှင့် ကိုက်ညီမှု ရှိကြောင်း ဖြည့်စွက်ဖြေကြားသည်။ 
    ဆက်လက်၍  Myanmar  National  Post  သတင်းဌာနမှ အယ်ဒီတာချုပ် နောင်တော်လေးက ဂန့်ဂေါ၊ ကလေးနယ်ဘက်တွင် တပ်မတော်နှင့် ပူးပေါင်းပြီး တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်နေသည့် ကျေးရွာများ ရှိကြောင်း၊ ထိုကျေးရွာများမှ ပဲစိုက်တောင်သူများသည် ၎င်းတို့၏ ထွက်ကုန်ပဲမျိုးစုံကိုရောင်းချရန် ဈေးကွက် မရောက်နိုင်ဘဲ ထွက်ပေါက်အခက်အခဲရှိနေကြောင်း၊ ပဲတင်းအရေအတွက်သည်လည်း သိန်းချီရှိသည်ဟု ကြားသိရကြောင်း၊ ယင်းကိစ္စများကို နိုင်ငံတော်အနေ ဖြင့်လည်းကောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့်လည်းကောင်း မည်သို့ကူညီဖြေရှင်းပေးနိုင်မည်ကို  သိလိုပါ ကြောင်း မေးမြန်းသည်။ 
    ဗိုလ်ချုပ် ဇော်မင်းထွန်းက မိမိသိရသလောက် နိုင်ငံတော်ဝန်ကြီး ချုပ်ဆီသို့ နယ်ဘက်က ပဲများရိတ်သိမ်းပြီး အိမ်တွင်သာထားနေရ ကြောင်း၊ PDF  အကြမ်းဖက် များရှိသည့်အတွက် သွားပြီးရောင်းလို့မရ ကြောင်း စသည့်အခက်အခဲများရှိနေသည်ဟု စာတင်ထားသည်များရှိ ကြောင်း၊ မိမိသိရသလောက် ပဲများကို ဝယ်ယူရန်ဆုံးဖြတ်ချက် ချထား ကြောင်း၊ သွားတောင်ဝယ်နေပြီလား   မသိကြောင်း၊  အကြီးအကဲမှ ဆုံးဖြတ်ချက်ချပြီး သို့မဟုတ် အောက်ဌာနများမှ ဝယ်ယူရန်ကျန်နေ မည်ဖြစ်ကြောင်း၊ သတင်းထောက်ကြီးပြောသည့်ကိစ္စနှင့် ယခုကိစ္စ တိုက်ဆိုင်မည်လား   မသိသေးကြောင်း၊ အစိုးရအနေဖြင့်  ပြည်သူ လူထုများ စိုက်ပျိုးရေးတွင် အမှန်တကယ်အခက်အခဲတွေ့နေသည့် အခြေအနေများကို ကူညီဆောင်ရွက် အလေးထားပေးလျက်ရှိကြောင်း ပြန်လည်ဖြေကြားသည်။ 
    People Media မှ သတင်းထောက်ချုပ်  ဦးကျော်စိုးဦးက ‌မြန်မာနိုင်ငံပိုင်သည့် အမေရိကန်ဒေါ်လာ ၁ ဘီလီယံကို အမေရိကန် အစိုးရက   ထိန်းချုပ်ထားကြောင်း၊    ထိန်းချုပ်ထားသည့်အတွက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်     နိုင်ငံပိုင်    ပိုက်ဆံ ပြန်လည်ရရှိရန်    မည်သို့လုပ်ဆောင်နေသည်ကို   သိလိုပါကြောင်း မေးမြန်းသည်။
    ဗိုလ်ချုပ် ဇော်မင်းထွန်းက ထိုငွေများနှင့် ပတ်သက်ပြီး တော်တော် များများလည်း   မေးထားကြောင်း၊   ယေဘုယျအားဖြင့်ပြောရလျှင် မြန်မာနိုင်ငံကို  အဖွဲ့အစည်းများက  ချေးထားသည့်   ငွေများဖြစ် ကြောင်း၊   ထိုငွေများသည်   မြန်မာနိုင်ငံထဲသို့   မြန်မာငွေအနေဖြင့် ဝင်ရောက်ပြီးသားငွေဖြစ်ကြောင်း၊ တစ်ဖက်တွင် ကျန်သည့်ငွေ သည် စာရင်းသာကျန်ခြင်းဖြစ်ကြောင်း၊ ယင်းစာရင်းသည် ကြိုက်သည့်လူကို ထုတ်ပေး၍ရကြောင်း၊   ထုတ်ပေးလျှင်လည်း  စာရင်းသာရသွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။ 
    သူရိယနေဝန်းသတင်းဌာနမှ သတင်းထောက် ဒေါ်သဇင်ဦးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက   ပြည်တွင်းငြိမ်းချမ်းရေးကို ရှေးရှုပြီး   နိုင်ငံတော်ဝန်ကြီးချုပ်    ကိုယ်တိုင်    ယခုလိုငြိမ်းချမ်းရေး ကမ်းလှမ်းချက်ပြုလုပ်ခဲ့သည့်အပေါ်တွင်   ငြိမ်းချမ်းရေးကို  လိုလား သည့်     နိုင်ငံသားတစ်ယောက်အနေဖြင့်    ထောက်ခံပါကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ခဲ့သည့် NLD အစိုးရလက်ထက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ၂၁ ရာစု ပင်လုံညီလာခံတွင် ဖိတ်ကြားခြင်းမခံရ သည့် ရခိုင်တပ်မတော် AA  အကြောင်းကို ပြောလိုကြောင်း၊ AA သည် NLD အစိုးရလက်ထက်တွင်လည်း အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားခြင်းခံရသည့်အဖွဲ့ဖြစ်ကြောင်း၊ ထိုအဖွဲ့ကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက   သဘောထားကြီးစွာနှင့်  ၂၀၂၁ ခုနှစ် မတ်  ၁၁ ရက်တွင်   အကြမ်းဖက်အဖွဲ့မှ  ပယ်ဖျက်ပေးခဲ့ကြောင်း၊ ရခိုင် ပြည်နယ်တွင်  တပ်မတော်နှင့်  AA  အကြား  အပစ်အခတ်ရပ်စဲရန် သဘောတူစာချုပ် ချုပ်ဆိုထားခြင်းမရှိသော်လည်း နှစ်ဖက်နားလည်မှု နှင့်   စစ်ရှိန်သတ်ပြီး  အပစ်အခတ်ရပ်စဲထားသည့်အတွက်ကြောင့် ရခိုင်ပြည်နယ်တွင်    ငြိမ်းချမ်းနေသည်မှာ      ကြာပြီဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်လည်း     ယခုအချိန်ထိ ငြိမ်းချမ်းရေးတံခါးကို ဖွင့်ထားသည့်အတွက်ကြောင့်  ငြိမ်းချမ်းရေး တံခါးဖွင့်လှစ်၍ ကြိုဆိုနေသော်လည်း AA အနေဖြင့်  ပြည်ပြေးအဖွဲ့ များ ဦးဆောင်ထားသည့် တရားမဝင်ဖွဲ့ထားသည့် NUG နှင့် အဆက် အသွယ်လုပ်ပြီး တွေ့ဆုံဆွေးနွေးခြင်းများ ရှိခဲ့ကြောင်း၊ ဘင်္ဂါလီအဖွဲ့ အစည်းများနှင့်လည်း မကြာခဏ အကြိမ်ကြိမ် တွေ့ဆုံခြင်းများရှိခဲ့ ကြောင်း၊ ထိုသို့ လုပ်ဆောင်ခြင်းများအပေါ်တွင် ဗိုလ်ချုပ်တို့အနေဖြင့် ထိုအတိုင်းပဲ လွှတ်ထားမည်လား၊ တစ်စုံတစ်ရာ တုံ့ပြန်မှုမျိုး ပြုလုပ်ရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်းမေးမြန်းသည်။ 
    ဗိုလ်ချုပ် ဇော်မင်းထွန်းက  AA အဖွဲ့နှင့် ပတ်သက်ပြီး ၂၀၂၁ ရွေးကောက်ပွဲမတိုင်ခင် ဂျပန်နိုင်ငံက   မြန်မာနိုင်ငံ   ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီးကူညီသည့် အကျိုးဆောင် မစ္စတာဒေါက်တာ ဆာဆာ ကာဝါ၏ စေ့စပ်ညှိနှိုင်းမှုကြောင့် အပစ်အခတ်  တိုက်ခိုက်မှုရပ်စဲခဲ့ ကြောင်း၊ ယခင်က လက်နက်ကိုင် ပဋိပက္ခများခဲ့သည့် ရခိုင်ပြည်နယ် တွင် ပြန်လည်ပြီး   ငြိမ်းချမ်းလာသည်ကိုလည်း   တွေ့ရကြောင်း၊ ထိုနောက်ပိုင်းတွင် AA အနေဖြင့် အစိုးရအုပ်ချုပ်ရေး ယန္တရားများတွင် ဝင်ရောက်နှောင့်ယှက်ခြင်းများကိုလည်း တွေ့ရကြောင်း၊ တော်တော် သည်းခံရကြောင်း၊ တရားစီရင်ရေးစနစ်တွင် ၎င်းတို့ဆီလာပြီးမှ တရား စီရင်ရမည်ဟု တွေ့ရကြောင်း၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် စပြီး AA အနေဖြင့် ရခိုင်ပြည်နယ်တွင် ဘူးသီးတောင်၊ မောင်တော၊ ရသေ့ တောင် စသည့်နေရာများတွင် ဘင်္ဂါလီများနှင့်ပတ်သက်ပြီး လိုက်လံ စည်းရုံးမှုများ   ပိုက်စိပ်တိုက်လာကြောင်း၊ မိမိတို့သိရသည့် တရားဝင် မှတ်တမ်းအရ အနည်းဆုံး ၁၀ ကြိမ်ခန့်ရှိကြောင်း၊ ၎င်းတို့ မည်သို့ စည်းရုံးခဲ့သည်ကိုလည်း မိမိတို့သိရကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်ပြီး အကဲဆတ်သည့်လုပ်ငန်းဖြစ်ကြောင်း၊ AA ကနောက်ပိုင်းတွင် ၎င်းတို့ ပြောသည့်စကားထဲတွင် တိုက်ပွဲခေါ်နေသည့်ပုံစံမျိုး၊ လက်နက်ကိုင် ပဋိပက္ခကိုခေါ်နေသည့် ပုံစံမျိုးအထိတွေ့ရကြောင်း၊ တိုင်းစစ်ဌာနချုပ် ကို ခြိမ်းခြောက်လာသည်အထိ တွေ့ရကြောင်း။
ငြိမ်းချမ်းရေးအကျိုး ရှေးရှု
ပုဂ္ဂလိကပိုင်းဆိုင်ရာတစ်ခု    မိမိပြောလိုကြောင်း၊   နိုင်ငံတော် အကြီးအကဲများ၏ သဘောထားကို   မိမိပြောလိုပါကြောင်း၊  AA ခေါင်းဆောင် ထွန်းမြတ်နိုင်၏ ဇနီးနှင့် ကလေးသည် ဆွစ်ဇာလန်နိုင်ငံ တွင်ရှိကြောင်း၊ ထွန်းမြတ်နိုင်၏ ယောက္ခမ ယခင်ရခိုင်လွှတ်တော်ဥက္ကဋ္ဌ ဦးစံလှကျော်သည် ၂၀၂၁ နိုဝင်ဘာလတွင် ၎င်း၏သမီးနှင့် မြေးရှိရာ ဆွစ်ဇာလန်နိုင်ငံသို့ လိုက်သွားလိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌထံ တင်ပြခဲ့ကြောင်း၊ ယင်းအချက်နှင့် ပတ်သက်ပြီး လူသားချင်းစာနာထောက်ထားမှု         ငြိမ်းချမ်းရေးအကျိုးရှေးရှု၍ လွတ်လပ်စွာသွားခွင့်ပြုခဲ့ကြောင်း၊ ယင်းသည် မိမိတို့၏ သဘောထား ဖြစ်ကြောင်း၊    နောက်တစ်ချက်သည်    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် ကောင်စီဝင်အများစုသည် ရခိုင်ပြည်နယ် တွင်  တာဝန်ထမ်းဆောင်ခဲ့သူများဖြစ်ကြောင်း၊   ရခိုင်ပြည်နယ်၏ အခြေအနေများနှင့် ဖွံ့ဖြိုးတိုးတက်မှုနောက်ကျသည်ကို သိရှိကြောင်း၊ ထို့ကြောင့် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်မှုများ လုပ်ဆောင်ရာတွင် တပ်မတော်မှ အားတက်သရောမည်သို့ပါဝင်သည်ကို သိနိုင်ကြောင်း၊ ဘူးသီးတောင် - မောင်တောအရေးတွင်      တပ်မတော်မှမည်ကဲ့သို့ လုပ်ဆောင်ပေးသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာတွင် လည်း မှတ်တမ်းများရှိကြောင်း၊ ရွာလုံးကျွတ် ထွက်ပြေးခဲ့ရသည်များ ရှိခဲ့ကြောင်း၊  တပ်မတော်မှ   ရွာလုံးကျွတ်  ခေါ်ယူပေးခဲ့ရကြောင်း၊ မည်သို့ပင်ဆိုစေကာမူ ရခိုင်ပြည်သူလူထု ဒုက္ခမရောက်စေရန် ထိန်းသိမ်း ပေးခြင်းဖြစ်ကြောင်း၊ စိတ်ရှည်သည်းခံပြီး ပြည်ထောင်စုနှင့် ငြိမ်းချမ်းရေး အတွက်   လုပ်နေခြင်းဖြစ်ကြောင်း၊   ထို့ကြောင့်   ယခု ဖြစ်ပွားနေသည့် ကိစ္စများနှင့်ပတ်သက်၍      ပြဿနာဖြစ်လာပါက   တပ်မတော်ကို အဆိုးမဆိုပါနှင့်ဟု ပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။ 
(ဆက်လက်ဖော်ပြပါမည်)