လက်ကိုင်ရှည် လက်တွန်းထွန်စက်နှင့် တွဲဖက်သုံးလူထိုင်စီး (စက်တုံး)နောက်တွဲကိရိယာများ လွှဲပြောင်းပေးအပ်

 

 

ပဲခူး    မေ    ၂၄
ခေတ်စနစ်နှင့်အညီ    တောင်သူ လယ်သမားများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော် အစိုးရက      လယ်ယာသုံးစက် ကိရိယာများအား လက်ငင်းစနစ်၊ အရစ်ကျစနစ်များဖြင့်    ဖြန့်ဖြူး ရောင်းချပေးလျက်     ရှိကြောင်း၊  စက်ပြင်ဆင်ခြင်းနှင့်   စနစ်တကျ နည်းမှန်လမ်းမှန်   မောင်းနှင်သုံးစွဲ နိုင်ရေးအတွက်   မြို့နယ်စက်မှု လယ်ယာစခန်းများတွင်သင်တန်း များ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း   ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်  ဦးမျိုးဆွေဝင်း က ပြောကြားသည်။
ယနေ့   နံနက်ပိုင်းတွင်  ပဲခူး မြို့နယ်   ဘုရားကြီးမြို့    စက်မှု လယ်ယာ    သင်တန်းကျောင်း၌   ကျင်းပသည့်     လက်ကိုင်ရှည် လက်တွန်းထွန်စက်နှင့် တွဲဖက် သုံးလူထိုင်စီး(စက်တုံး) နောက်တွဲ ကိရိယာများ  လွှဲပြောင်းပေးအပ် ပွဲ     အခမ်းအနားတွင်       ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ 
ဆက်လက်၍   တိုင်းဒေသကြီး ဝန်ကြီးချုပ်က    တိုင်းဒေသကြီး အစိုးရအဖွဲ့၏      ညွှန်ကြားချက် ဖြင့်     တည်ဆောက်ထားသည့် လက်ကိုင်ရှည်       လက်တွန်း   ထွန်စက်နှင့်      တွဲဖက်သုံးလူထိုင်စီး  (စက်တုံး) နောက်တွဲကိရိယာများ သည်     တောင်သူများအတွက် များစွာအကျိုးကျေးဇူးရရှိမည်ဖြစ် ကြောင်း၊      မြေယာပြုပြင်ခြင်း နှင့်     ရိတ်သိမ်းခြွေလှေ့ခြင်းလုပ်ငန်း များတွင်      လယ်ယာသုံးစက်     ကိရိယာများကို      တွင်ကျယ်စွာ  အသုံးပြုစေလိုကြောင်း ပြောကြား သည်။
ထို့နောက်     တိုင်းဒေသကြီး ဝန်ကြီးချုပ်သည်      ဒေသခံ တောင်သူ ၅၀ကို လက်ကိုင်ရှည် လက်တွန်း ထွန်စက်အစီး  ၅၀  နှင့်     တွဲဖက်သုံး    လူထိုင်စီး (စက်တုံး)   နောက်တွဲကိရိယာ  ၃၀  ကို   လွှဲပြောင်းပေးအပ်သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည်  ဘောနတ်ကြီး ကျေးရွာ၌     လက်ကိုင်ရှည် လက်တွန်း   ထွန်စက်လူထိုင်စီး (စက်တုံး) နောက်တွဲကိရိယာဖြင့် မြေယာပြုပြင်ခြင်း   သရုပ်ပြသမှု ကို သွားရောက်ကြည့်ရှုပြီး ဒေသခံ တောင်သူများနှင့်   ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြောင်း သိရသည်။ 
သတင်းစဉ်