ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ထောက်ပံ့ငွေပေးအပ်

 

 

နေပြည်တော်     မေ     ၂၄
ပြည်ထောင်စုနယ်မြေ   နေပြည်တော်အတွင်းရှိ  စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ထောက်ပံ့ငွေ ပေးအပ် ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပ သည်။
အခမ်းအနားသို့ နေပြည်တော် ကောင်စီဥက္ကဋ္ဌ       ဒေါက်တာ မောင်မောင်နိုင်၊    နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊  ခရိုင်/မြို့နယ်  စီမံ အုပ်ချုပ်ရေးအဖွဲ့   ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများ၊       မြန်မာနိုင်ငံစစ်မှုထမ်း ဟောင်းအဖွဲ့(ဗဟို)၊ နေပြည်တော် စစ်မှုထမ်းဟောင်း ကြီးကြပ်ရေး အဖွဲ့နှင့် မြို့နယ်စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ      တက်ရောက်ကြ သည်။
ပူးပေါင်း၍ဆောင်ရွက်ခဲ့ 
အခမ်းအနားတွင်     နေပြည် တော်ကောင်စီဥက္ကဋ္ဌက  ကျောင်း သား/ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး၊ ပညာရေး ဝန်ထမ်းများ လုံခြုံရေးနှင့် စာသင် ကျောင်းများ    လုံခြုံရေးအတွက် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊     ကြက်ခြေနီ၊ စစ်မှုထမ်းဟောင်းအဖွဲ့နှင့် ရပ်မိ ရပ်ဖများပူးပေါင်း၍ ဆောင်ရွက်ခဲ့ ပါကြောင်း၊ မြန်မာနိုင်ငံစစ်မှုထမ်း ဟောင်းအဖွဲ့သည်     နိုင်ငံတော် ကာကွယ်ရေးနှင့်    လုံခြုံရေးများ တွင် တပ်မတော်၏ အရန်အင်အား အဖြစ်  တာဝန်သိသိဖြင့် လုံခြုံရေး လုပ်ငန်းများတွင်    ပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့ကြသည့်အတွက် အထူး   ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ထောက်ပံ့ပေးအပ်
ထို့နောက်      နေပြည်တော် ကောင်စီဥက္ကဋ္ဌက  နေပြည်တော် စစ်မှုထမ်းဟောင်းအဖွဲ့များအား ထောက်ပံ့ငွေကျပ်သိန်း   ၄၀  နှင့် ကိုဗစ်-၁၉  ရောဂါ  ကာကွယ်ရေး ကျန်းမာရေးသုံးပစ္စည်း    များကို လည်းကောင်း၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ကျန်းမာ ရေးသုံးပစ္စည်းများကို        လည်း ကောင်း    ထောက်ပံ့ပေးအပ်ရာ နေပြည်တော် စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှူး ကြီး ယုလွင် (ငြိမ်း) က ကျေးဇူးတင် စကား ပြန်လည်ပြောကြားသည်။
ရင်းရင်းနှီးနှီးနှုတ်ဆက်
ယင်းနောက်     နေပြည်တော် ကောင်စီဥက္ကဋ္ဌက တက်ရောက် လာကြသည့်          နေပြည်တော် စစ်မှုထမ်းဟောင်း     အဖွဲ့များကို ရင်းရင်းနှီးနှီး       နှုတ်ဆက်စကား ပြောကြားသည်။        သတင်းစဉ်