ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော် လှူဒါန်း

 

 

နေပြည်တော်   မေ   ၂၃    ပြည်ထဲရေးဝန်ကြီးဌာန   တပ်ဖွဲ့ ဝင်/ဝန်ထမ်း   အရာထမ်း၊  အမှု ထမ်းမိသားစုများက   မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်း များသို့   ဆွမ်းဆန်တော်များ  ဆက်ကပ် လှူဒါန်းလျက်ရှိသည်။    
ထိုသို့   လှူဒါန်းလျက်ရှိရာ ယနေ့တွင်  စစ်ကိုင်းတိုင်းဒေသ ကြီး ရေဦးမြို့နယ်ရှိ မဟာဓမ္မာရုံ ကျောင်းတိုက်သို့ လည်းကောင်း၊  မကွေးတိုင်းဒေသကြီး  သရက် မြို့နယ်ရှိ  ရှစ်မျက်နှာပရိယတ္တိ စာသင်တိုက်သို့  လည်းကောင်း၊ မွန်ပြည်နယ်      သထုံမြို့နယ်ရှိ  ရေကျော်  ကျောင်းတိုက်သို့လည်း ကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအလုံမြို့နယ်ရှိ   အောင်မင်္ဂလာ ကျောင်းတိုက်သို့ လည်းကောင်း၊ ရှမ်းပြည်နယ်  တာချီလိတ်မြို့နယ် ရှိ  တောင်တန်းသာသနာပြု(ဗဟို)ကျောင်းတိုက်သို့ လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး  မအူပင် မြို့နယ်ရှိ သာသနပါလကျောင်းတိုက်သို့လည်းကောင်း ဆရာတော်၊  သံဃာတော်များအတွက်    ဆွမ်း ဆန်တော်များကို  တာဝန်ရှိသူများ က       သွားရောက်ဆက်ကပ် လှူဒါန်းကြကြောင်း သိရသည်။
သတင်းစဉ်