ရာသီပိတ်ပွဲစဉ်များပြီးဆုံးချိန်၌ စီးရီးအေဖလားကို ၁၁ နှစ်အကြာတွင်  အေစီမီလန်အသင်း တစ်ကျော့ပြန် ဆွတ်ခူး 


 

အီတလီစီးရီးအေပွဲစဉ် ရာသီပိတ်ပွဲစဉ်အဖြစ်  ဆက်ဆူအိုလို အသင်းနှင့် အေစီမီလန်အသင်းတို့ပွဲစဉ်ကို မေ ၂၂ ရက်  ညပိုင်းက   ယှဉ်ပြိုင်ကစားခဲ့ရာ  အေစီမီလန်အသင်းက သုံးဂိုး-ဂိုးမရှိဖြင့်   အနိုင်ရရှိပြီး စီးရီးအေ အမှတ်ပေးဖလားကို ၁၁ နှစ်အကြာတွင်  (၁၉) ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့သည်။
အဆိုပါပွဲစဉ်တွင်   အေစီမီလန်အသင်းသည်  ပြိုင်ဘက်ကို သိသိသာသာဖိအားပေး  ကစားနိုင်ခြင်းမရှိသော်လည်း   ရရှိလာ သည့် အခွင့်အရေးများကို    အဆုံးသတ်သေချာသည့်အတွက်  အေစီမီလန်အသင်းက       ဂိုးပြတ်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။   ကက်ဂလီယာရီ အသင်းသည်  ရာသီပိတ်ပွဲစဉ်တွင်   ပြိုင်ဘက်ကို   သရေကျခဲ့သောကြောင့် ဗင်နီစီယာ၊  ဂျီနိုအာတို့နှင့်အတူ တန်းဆင်း ခဲ့ရသည်။ 
အီတလီစီးရီး  အေရာသီပိတ်ပွဲစဉ်များ ပြီးဆုံးချိန်တွင်  အေစီမီ လန်၊  အင်တာမီလန်၊ နာပိုလီနှင့် ဂျူဗင်တပ်စ်အသင်းတို့  ချန်ပီယံ လိဂ်ဝင်ခွင့်ရရှိခဲ့သည်။  ယူရိုပါလိဂ်ပြိုင်ပွဲသို့ လာဇီယိုနှင့်  ရိုးမား အသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့သည်။   ထို့အပြင်   ဖီအိုရင် တီးနားအသင်းက  နောက်ဆုံးပွဲစဉ်တွင်  နာမည်ကြီး  ဂျူဗင်တပ်စ် အသင်းကို နှစ်ဂိုးပြတ် အနိုင်ရရှိခဲ့သောကြောင့် ကွန်ဖရင့်လိဂ်ပြိုင်ပွဲ ဝင်ခွင့်ရရှိခဲ့သည်။ 
စီးရီးအေ   သွင်းဂိုးအများဆုံး  စာရင်းတွင်  လာဇီယိုတိုက်စစ်မှူး အင်မိုဘိုင်းက ၂၇ ဂိုးဖြင့် ဦးဆောင် နိုင်ခဲ့သည်။ အသက် ၄၀ အရွယ် အေစီမီလန်     အသင်းတိုက်စစ်မှူး    အီဗရာဟီမိုဗစ်သည် အေစီမီလန်အသင်း   ဖလားဆွတ်ခူးရရှိအောင်   ကူညီပံ့ပိုးပေးထား နိုင်ပြီး  အသင်းနှင့်အတူ   စီးရီးအေအမှတ်ပေးဖလားကို  ဒုတိယ အကြိမ်မြောက်  ရရှိခဲ့သည်။                                        
 အောင်ဇော်