
နေပြည်တော် မေ ၂၃
တပ်မတော် (ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်း များနှင့် စေတနာရှင် အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေး ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်းနှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်း လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ မေ ၂၂ ရက်နှင့် ယနေ့တွင် ရန်ကုန် တိုင်းဒေသကြီး ခရမ်းမြို့နယ် အမှတ်(၂)ရပ်ကွက်ရှိ ဘုရားကြီး အောင်ဓမ္မရိပ်သာကျောင်းတိုက်၊ သန်လျင်မြို့နယ် ဘုရားကုန်းကျေးရွာရှိ အောင်စည်တော် ဓမ္မသိုက်တော်ကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသ ကြီး ပုသိမ်မြို့ ဇေတဝန်ကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် ဆင်တဲတိုက်ရှိ အလုံဝန်မင်းကျောင်းတိုက်၊ မင်းတဲအီကင်းရပ်ကွက်ရှိ တံတားဦးဘုန်းကြီးကျောင်းတိုက်၊ ဥပုသ် တော်ရပ်ကွက်ရှိ ဓမ္မဝိပါလကျောင်းတိုက်၊ ပုသိမ်ကြီးမြို့နယ် ရေမ ကျေးရွာရှိ နှစ်ကျိပ်ရှစ်ဆူ ဘုန်းကြီးကျောင်းတိုက်၊ ချမ်းမြသာစည်မြို့နယ် ကျွန်းလုံးဥသျှောင်ရပ်ကွက်ရှိ ရေတော်ကျောင်းတိုက်နှင့် ပဲခူးတိုင်း ဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့ အမှတ်(၂)ရပ်ကွက်ရှိ ပညာဇော တာရုံ စာသင်တိုက်တို့မှ သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင် များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ နဝကမ္မအလှူငွေ များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို တိုင်းစစ်ဌာနချုပ် အသီးသီးမှ တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။ သတင်းစဉ်