မိုးသည်းထန်စွာရွာသွန်းခဲ့သည့် ကရင်ပြည်နယ် မြဝတီမြို့အတွင်း၌  ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

 

 

နေပြည်တော်   မေ   ၂၃
ကရင်ပြည်နယ် မြဝတီမြို့အတွင်းရှိ မေ ၂၂ ရက် နံနက် ၉ နာရီခန့်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့်   အမှတ်(၁)ရပ်ကွက်၊   အမှတ်(၂)ရပ်ကွက်၊ အမှတ် (၃)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်နှင့် အမှတ်(၅)ရပ်ကွက် များသို့ သောင်ရင်းမြစ်ရေများ သုံးပေခန့်အထိ ဝင်ရောက်ခဲ့သည်။
အဆိုပါ သောင်ရင်းမြစ်ရေများ  ဝင်ရောက်ခဲ့သည့်  နေရာများ၌ မေ ၂၂ ရက် နံနက်ပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့ဝင်များက ရေဘေးကင်းလွတ်ရာ မြေမြင့်ပိုင်းရှိ အမှတ်(၂)အခြေခံ ပညာ အလယ်တန်းကျောင်း၊ အမှတ်(၃) အခြေခံပညာအထက်တန်း ကျောင်း၊ ဝေနေယျသုခဓမ္မာရုံ၊ စနေဓမ္မာရုံနှင့် ကြခတ်တော ဘုန်းတော် ကြီးကျောင်းများသို့      ရွှေ့ပြောင်းကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ကာ ယာယီနေရာချထားပေးသည်။
ထိုသို့ ဆောင်ရွက်ပေးနေမှုများကို  တိုင်းစစ်ဌာနချုပ်မှ တာဝန် ရှိသူများနှင့် သက်ဆိုင်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များက သွားရောက် ကြည့်ရှုအားပေး၍   ရေဘေးသင့်ပြည်သူများကို    ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ကြသည်။
အဆိုပါ သောင်ရင်းမြစ်ရေသည် ယနေ့ နံနက် ၁၁ နာရီခန့်မှစ၍ ရေများပြန်လည်ကျဆင်းသွားပြီဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်