နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်မွန်ပြည်သစ်ပါတီ(NMSP)မှ ဒုတိယဥက္ကဋ္ဌ  နိုင်အောင်မင်းနှင့် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ တွေ့ဆုံဆွေးနွေး

 

 

နေပြည်တော်    မေ     ၂၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ       ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မွန်ပြည်သစ်ပါတီ(NMSP)မှ ဒုတိယဥက္ကဋ္ဌ      နိုင်အောင်မင်း      ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ပိုင်းတွင်    နေပြည်တော်ရှိ   ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌တွေ့ဆုံ၍        ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးသည်။
တက်ရောက်
အဆိုပါ       ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ    ကောင်စီဒုတိယ ဥက္ကဋ္ဌ   ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊     ကောင်စီအဖွဲ့ဝင်များ     ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး     မြထွန်းဦး၊    ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊    ဒုတိယဗိုလ်ချုပ်ကြီး    ရာပြည့် တို့ တက်ရောက်ကြပြီး   မွန်ပြည်သစ်ပါတီ(NMSP)မှ ဒုတိယဥက္ကဋ္ဌနှင့်အတူ (NMSP) တွဲဖက်အထွေထွေ အတွင်းရေးမှူး နိုင်ဝင်းလှနှင့် (NMSP)     ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင်        နိုင်ဗညားလယ်   တို့ တက်ရောက်ကြသည်။
ရှင်းလင်းဆွေးနွေး
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင်    တိုင်းရင်းသား အားလုံး   နိုင်ငံ့အရေးတွင်ပါဝင်နိုင်ရေး      ဦးတည် ဆောင်ရွက်လျက်ရှိသည့်   အခြေအနေ၊  ဒီမိုကရေစီ စနစ်ကို   ဖော်ဆောင်ရာတွင် အသိပညာ၊ အတတ် ပညာနှင့်ပြည့်စုံသည့်    လူသားအရင်းအမြစ်သည် အဓိကလိုအပ်သည့်အတွက် တစ်နိုင်ငံလုံး တိုင်းရင်းသား ဒေသများပါမကျန်          ပညာရည်မြှင့်တင်ရေးကို 
လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့်   အခြေအနေ၊   ပြည်သူလူထုဆန္ဒနှင့် ကိုက်ညီသည့်     ပါတီစုံဒီမိုကရေစီစနစ်     ကျင့်သုံး    ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုအခြေခံသည့်       ပြည်ထောင်စုစနစ် တည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက် ၍    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ      ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က    ရှင်းလင်း ဆွေးနွေးပြောကြားသည်။ 
အပြန်အလှန်ဆွေးနွေး
ထို့နောက် မွန်ပြည်သစ်ပါတီ (NMSP)မှ ဒုတိယ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြည်သူ့ဆန္ဒနှင့်ကိုက်ညီ သည့် ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေး၊ ဒီမိုကရေစီ နှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက်ရေး၊ တစ်နိုင်ငံလုံး ပညာရည်မြင့်မားရေး တို့နှင့် ပတ်သက်၍   သဘောထားတူညီချက်အမြင်များ ကို ပြန်လည်ဆွေးနွေးသည်။ ယင်းနောက် ငြိမ်းချမ်း ရေးဆိုင်ရာကိစ္စရပ်များ၊    ပြည်ထောင်စုကြီး   ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာကိစ္စရပ်များနှင့်   ပတ်သက်၍  နှစ်ဖက်အမြင်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးကြသည်။ 
စုပေါင်းဓာတ်ပုံရိုက်
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မွန်ပြည်သစ်ပါတီ(NMSP)မှ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ် ခဲ့ပြီး စုပေါင်းဓာတ်ပုံရိုက်ကြသည်။
အဆိုပါ   မွန်ပြည်သစ်ပါတီ(NMSP)မှ   ဒုတိယ ဥက္ကဋ္ဌ   ဦးဆောင်သည့်အဖွဲ့သည်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီမှ    ဖွဲ့စည်းပေးထားသည့် ကောင်စီဝင်များပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှု       ညှိနှိုင်းရေးကော်မတီတို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ဆက်လက်ပြုလုပ် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။  သတင်းစဉ်