ရန်ကုန်တိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ၂၀၂၂ -၂၃ ဘဏ္ဍာနှစ်အတွင်း ပျိုးပင်ပေါင်း ၄၅ဝဝဝဝ စိုက်ပျိုးမည်

 

ရန်ကုန်   မေ   ၂၂


ရန်ကုန်တိုင်းဒေသကြီး  မင်္ဂလာဒုံ မြို့နယ်    လှော်ကားကြိုးဝိုင်း အတွင်း မေ ၂၀ ရက် က  ၂၀၂၂  ခုနှစ်  မိုးရာသီအကြို  သစ်ပင်စိုက်ပွဲကို ကျင်းပသည်။

 


မိုးရာသီအကြို  သစ်ပင်စိုက်ပွဲ တွင်    ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်  ဦးစိုးသိန်း နှင့်ဝန်ကြီး များ၊    တိုင်းဒေသကြီး၊   ခရိုင်၊ မြို့နယ်အဆင့်   ဌာနဆိုင်ရာများ၊ သစ်တောဝန်ထမ်းများနှင့် ဒေသခံ ပြည်သူ  ၇၅၀   တို့က   ကံ့ကော်၊ ပျဉ်းကတိုး၊         မဟော်ဂနီ၊ မန်ဂျန်ရှား၊ ပျဉ်းမ  စသည့်ပျိုးပင် ပေါင်း  ၅၀၀၀  ကို   စိုက်ပျိုးကြ သည်။

 


ရန်ကုန်တိုင်း      ဒေသကြီး သစ်တောဦးစီးဌာန    အနေဖြင့် ၂၀၂၂ -၂၃  ဘဏ္ဍာနှစ်အတွင်း လူထုဖြန့် ပျိုးပင်ပေါင်း ၄၅ဝဝဝဝ  ကို  ၂၀၂၂ ခုနှစ်   မိုးရာသီတွင် ဆက်လက်ဖြန့်ဝေ  စိုက်ပျိုးသွား မည်ဖြစ်ကြောင်း သိရသည်။


မြန်မာ့အလင်း