၁၉-၅-၂၀၂၂ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် (၁၄)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှတ်တမ်း

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၄)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ၂၀၂၂ ခုနှစ် မေ ၁၉ ရက် မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်းအစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။  အဆိုပါ   သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့  အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်   ဦးခင်မောင်ဦးနှင့်   ဌာနဆိုင်ရာမှ တာဝန်ရှိသူများ က သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည် ဖြေကြားသည်။

 


(ယမန်နေ့မှ အဆက်) 


Myanmar National Post သတင်းဌာနမှ နောင်တော်လေးက ယနေ့ တိုင်းပြည်အတွင်း၌ အကြမ်းဖက်မှုများ ကျူးလွန်နေကြသည့် အဖွဲ့အစည်းများရှိကြောင်း၊ နိုင်ငံတော်  စီမံအုပ်ချုပ်ရေးကောင်စီက လည်း အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည်ဟု တရားဝင်ကြေညာထားပြီးဖြစ်ပါကြောင်း၊   အဆိုပါ    အကြမ်းဖက်အဖွဲ့အစည်းများမှာ မည်သည့် ပါတီမှ ပေါ်ပေါက်လာသည့်  အဖွဲ့အစည်းများဖြစ်သည်ကို သိလိုကြောင်း၊   ဖွဲ့စည်းပုံအခြေခံဥပဒေပါ   နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့်မရှိဆိုသည့် ပြဋ္ဌာန်းချက်၏ သဘောတရားနှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ နိုင်ငံရေးပါတီတစ်ရပ် အနေဖြင့်  မည်ကဲ့သို့သော လုပ်ရပ်များ လုပ်ဆောင်ပါက နိုင်ငံရေးပါတီ အဖြစ် ဆက်လက်ရပ်တည်ခွင့်မရှိနိုင်သည်ကို ရှင်းလင်းပြောကြားပေး စေလိုကြောင်း မေးမြန်းသည်။

 


    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက သတင်းထောက်ကြီး    ယခုမေးမြန်းသည့်မေးခွန်းကို    ပြန်လည်  ဖြေကြားရမည်ဆိုပါက   တရားမဝင်ဖွဲ့စည်းခဲ့သည့်   ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ  CRPH၊  ၎င်းက   ဖွဲ့စည်းခဲ့သည့် အဖွဲ့အစည်းများကို မတရားအသင်းအဖြစ် ပြည်ထဲရေးဝန်ကြီးဌာနက ၂၀၂၁ ခုနှစ် မတ် ၂၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ အလားတူ မတရားအသင်းအဖြစ် ကြေညာထားသည့် CRPH ၊ ယင်းကဖွဲ့စည်း သည့် အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ယင်းက ထပ်မံဖွဲ့စည်းသည့် PDF နှင့်   ၎င်းအဖွဲ့၏   လက်အောက်ခံအဖွဲ့အစည်းများကိုလည်း အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် အကြမ်းဖက်တိုက်ဖျက်ရေးဗဟို အဖွဲ့က ၂၀၂၁ ခုနှစ်  မေ ၈  ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ် ကြောင်း၊  အဆိုပါအချက်များမှာ  မိမိတို့   ထုတ်ပြန်ကြေညာခဲ့သည့် အခြေအနေများဖြစ်ကြောင်း၊ ထိုအကြမ်းဖက်အဖွဲ့အစည်းများအနေဖြင့်   မည်သည့်ပါတီနှင့်   ဆက်စပ်မှုရှိသည်ကို  ယခုမေးမြန်းသည့် သတင်းထောက်ကြီးအပါအဝင် အခြားပုဂ္ဂိုလ်များလည်း  မြင်တွေ့ ကြားသိပြီးဖြစ်လိမ့်မည်ဖြစ်ကြောင်း။

 


သတင်းထောက်ကြီး မေးမြန်းသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၀၇ ပါ  နိုင်ငံရေးပါတီတစ်ရပ်   ဆက်လက်ရပ်တည်နိုင်မှုမရှိသည့် ကိစ္စနှင့် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၁၂ အရ ပါတီတစ်ခုရပ်တည်ပိုင်ခွင့်မရှိသည့် ပြဋ္ဌာန်းချက်များကို ဆက်လက် ရှင်းပြလိုကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၀၇ တွင် နိုင်ငံရေး ပါတီတစ်ခု  ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိသည့် အကြောင်းအရာ လေးခု ရှိကြောင်း၊ အဆိုပါကိစ္စများမှာ ဥပဒေနှင့်အညီ မတရားအသင်း အဖြစ် ကြေညာခံရခြင်း၊ နိုင်ငံတော်ကို လက်နက်စွဲကိုင်၍ တိုက်ခိုက် နေသည့် သောင်းကျန်းသူအဖွဲ့အစည်းများ၊ အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်ထားသည့် အဖွဲ့အစည်းများ၊ မတရားအသင်းဟု ကြေညာ ထားသည့်အဖွဲ့အစည်းများ၊ အဆိုပါအဖွဲ့အစည်းများနှင့် ဆက်စပ်နေ သည့်အဖွဲ့အစည်းများနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်သွယ်ခြင်း၊ အားပေးကူညီခြင်း တစ်ခုခုကို လုပ်ဆောင်သည်ဖြစ်စေ၊ နိုင်ငံခြားတိုင်းပြည်တစ်ခုခု၏ အစိုးရ (သို့မဟုတ်) ဘာသာရေးအဖွဲ့ အစည်းတစ်ခု၊ အဖွဲ့အစည်းတစ်ခုခု၊  ပုဂ္ဂိုလ်တစ်ဦးဦး၏ ငွေကြေး၊ ပစ္စည်း၊ အထောက်အပံ့များကို  တစ်နည်းနည်းဖြင့်  ရယူသည့်အဖွဲ့ အစည်းများ၊ လူပုဂ္ဂိုလ်များဖြစ်ကြောင်း၊ နောက်တစ်ခုမှာ  ဘာသာရေး ကို နိုင်ငံရေးအရ အလွဲသုံးစားပြုသည့် အဖွဲ့အစည်းများဖြစ်ကြောင်း၊ ထိုအဖွဲ့အစည်းများဆိုပါက ပုဒ်မ ၄၀၇ နှင့် ငြိစွန်းကြောင်း၊ ထိုကဲ့သို့ ငြိစွန်းပါက ပုဒ်မ ၄၀၈ အရ အဆိုပါပါတီကို  နိုင်ငံရေးပါတီအဖြစ်မှပယ်ဖျက်ရမည်ဟု ပြဋ္ဌာန်းထားကြောင်း၊ ယင်းမှာ နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိသည့် ပုဒ်မ ၄၀၇ ဖြစ်ကြောင်း။ 

 


အခြားတစ်ခုမှာ နိုင်ငံရေးပါတီများ ဆက်လက် ရပ်တည်ပိုင်ခွင့်မရှိ သည့် ပုဒ်မ ၁၂(က) ဖြစ်ကြောင်း၊ ထိုပုဒ်မတွင် အချက် ခုနစ်ချက်ရှိ ကြောင်း၊ နံပါတ်(၁)အချက်မှာ နိုင်ငံရေးပါတီများသည် ရွေးကောက်ပွဲ များတွင်   ၎င်းတို့အနေဖြင့်   အနည်းဆုံး  သတ်မှတ်ထားသည့် ကိုယ်စားလှယ် အရေအတွက်အတိုင်း  ဝင်ရောက်ယှဉ်ပြိုင်နိုင်မှု မရှိ ခြင်း၊ မတရားအသင်းအဖြစ်ကြေညာခံရခြင်း၊ နိုင်ငံတော်ကို လက်နက် စွဲကိုင်တိုက်ခိုက်နေသည့်  သောင်းကျန်းသူ အကြမ်းဖက်အဖွဲ့အစည်း များ၊ မတရားအသင်းများ၊ ၎င်းအဖွဲ့အစည်းများနှင့်  ဆက်စပ်ခြင်း၊ အဆိုပါအဖွဲ့အစည်းများကို အားပေးကူညီခြင်းတို့ကို လုပ်ဆောင်နေ သည့် အဖွဲ့အစည်းများ၊ အခြားတစ်ခုမှာ ပုဒ်မ-၆ ဖြစ်ကြောင်း၊ နိုင်ငံရေး ပါတီများ   မှတ်ပုံတင်ရာတွင်  တင်ပြရသည့်  ခံဝန်ချက်ဖြစ်ကြောင်း၊ ထိုခံဝန်ချက်များကို ဖောက်ဖျက်ခြင်းလည်းပါဝင်ကြောင်း၊ နောက် တစ်ခုမှာ   နိုင်ငံတော်ပိုင်ငွေကြေး၊  ပစ္စည်း၊  အဆောက်အဦများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ရယူသုံးစွဲသည့် အဖွဲ့အစည်း များဖြစ်ကြောင်း၊ အခြားတစ်ခုမှာ ပုဒ်မ-၁၀ ပါ ပြဋ္ဌာန်းချက်တစ်ခုဖြစ် ကြောင်း၊ ထိုပုဒ်မတွင် ပါဝင်သည့် အရည်အချင်းများနှင့် ကိုက်ညီ သူများကိုသာ  နိုင်ငံရေးပါတီဝင်အဖြစ်  စည်းရုံးရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့    အရည်အချင်းမကိုက်ညီသူများကို    ပါတီဝင်အဖြစ်မှ ထုတ်ပယ်ခြင်းမပြုဘဲ ထိမ်ချန်ထားခြင်း၊ လက်ခံထားခြင်းပြုပါက လည်း  ပြစ်မှုကျူးလွန်ရာရောက်ပါကြောင်း၊  အခြားတစ်ခုမှာ  နိုင်ငံ တစ်ဝန်းတွင်  မိမိတို့သတ်မှတ်ထားသည့်  ပါတီဝင်အရေအတွက် ပြည့်မီအောင် စည်းရုံးနိုင်ခြင်းမရှိပါကလည်း အဆိုပါ ပါတီအနေဖြင့် ပုဒ်မ ၁၂ (က) ပါ  အချက်များကို ဖောက်ဖျက်ကျူးလွန်ရာရောက် ကြောင်း၊ ပုဒ်မ ၁၂(ခ)အရ ပုဒ်မ ၁၁(က)ပါ အချက်တစ်ရပ်ရပ်နှင့် ငြိစွန်း သည့်ပါတီအား နိုင်ငံရေးပါတီစာရင်းမှပယ်ဖျက်၍ ထိုပါတီကို ဖျက် သိမ်းရမည်ဟု ပြဋ္ဌာန်းထားကြောင်း၊ မိမိတို့အနေဖြင့် ဥပဒေနှင့်အညီ ဆောင်ရွက်သွားရန်ရှိသည်ဟုသာ   ဖြေကြားလိုကြောင်း   ပြန်လည် ဖြေကြားသည်။

 


    Myanmar National Post သတင်းဌာနမှ နောင်တော်လေးက အစောပိုင်းက ပြန်လည်ဖြေကြားရာတွင် အကြမ်းဖက်အဖွဲ့အစည်းများ ထွက်ပေါ်လာသည့်ပါတီအား အားလုံးသိပြီးသားဖြစ်လိမ့်မည်ဟုသာ ပြန်လည်ဖြေကြားခဲ့ကြောင်း၊ မိမိလည်း မိမိသိသည့်အတိုင်းသာ ပြော မည်ဖြစ်ကြောင်း၊ အဆိုပါ ပါတီမှာ NLD ပါတီဖြစ်ကြောင်း၊ မည်သည့် အတွက်ကြောင့် လူကြီးမင်းကိုယ်တိုင် ထုတ်ဖော်ပြောဆိုခြင်းမပြုသည် ကို သိလိုကြောင်း မေးမြန်းသည်။

 


    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက အဆိုပါ ပါတီကို အားလုံးသိပြီးဖြစ်ကြောင်း၊ ထိုပါတီနှင့် ပတ်သက် ဆက်စပ်သည့် အကြောင်းအရာများကိုလည်း သတင်းထောက်ကြီး ယခုမေးမြန်းနေကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် ပြန်လည်ဖြေကြားပေးမည်ဖြစ်ကြောင်း၊ ထိုပါတီနှင့်  ပတ်သက်၍ ပြောရမည်ဆိုပါက အားလုံးသိကြသည့် ပါတီဖြစ်ကြောင်း၊ အဆိုပါကိစ္စကို ဥပဒေနှင့်အညီ ဆောင်ရွက်မည်ဖြစ်ပြီး ယခုလက်ရှိတွင် မိမိတို့အနေဖြင့် လုပ်ဆောင် နေသည့် လုပ်ငန်းစဉ်များကို သတင်းထောက်ကြီးများလည်း သိပြီးဖြစ် ကြောင်း၊ ယခုလက်ရှိတွင် ဆက်စပ်မှုများကိုစစ်ဆေး၍ အတည်ပြုရန် သာလိုတော့ကြောင်း၊ လက်ရှိဖြစ်တည်မှုများ၊ အခြေအနေများကို စိစစ်၍ ငြိစွန်းမှုအခြေအနေကို စစ်ဆေးရန်လိုအပ်ကြောင်း၊ အခြား နိုင်ငံရေးပါတီများကိုလည်း      ငြိစွန်းမှု    ရှိ၊   မရှိ စစ်ဆေးနေကြောင်း၊ စစ်ဆေးဆဲဖြစ်ပြီး စစ်ဆေးရန်ကျန်နေသေးကြောင်း၊ စစ်ဆေးပြီးစီး၍ ဥပဒေပါပြဋ္ဌာန်းချက်များနှင့်   ငြိစွန်းသည်ဆိုပါက  ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

 


    တဲ့ပြောသတင်းဌာနမှ အယ်ဒီတာချုပ် ဦးဇော်မင်းဦးက ၂၀၂၃ ရွေးကောက်ပွဲတွင် PR စနစ်ကို စတင်ကျင့်သုံးသွားမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးက ယခုသတင်းစာရှင်းလင်းပွဲအစောပိုင်းတွင် ပြောခဲ့ကြောင်း၊ ပါတီအများစုက ကျင့်သုံး ကြမည့်စနစ်ဖြစ်သည်ဟုလည်း ပြောခဲ့ကြောင်း၊ လွှတ်တော်ကိုယ်စား လှယ်များကိုမူ ယခင်အတိုင်းပြောင်းလဲမှုမရှိဟု ပြောထားကြောင်း၊  လတ်တလောတွင် ယခင်ရှိပြီးဖြစ်သည့် ခရိုင် ၇၅ ခရိုင်အပြင်  ခရိုင် အသစ် ၄၆  ခရိုင်ကို  ထပ်မံဖွဲ့စည်းခဲ့ကြောင်း၊ ထို့ကြောင့် ခရိုင်ကို ကိုယ်စားပြုမည်လား၊ မြို့နယ်ကို ကိုယ်စားပြုမည်လား၊ တိုင်းဒေသ ကြီး၊ ပြည်နယ်ကို ကိုယ်စားပြုမည်လား ဆိုသည်ကို သိလိုကြောင်း၊ PR စနစ်၏ သဘောတရား​၊ မဲပေးပုံပေးနည်း၊ PR စနစ်၏ ခွဲတမ်း စနစ်များကို မဲဆန္ဒရှင်ပြည်သူအားလုံး သိရှိနိုင်ရန်အတွက် TV မှလည်း ကောင်း၊ သတင်းစာမှလည်းကောင်း အသိပညာပေးလုပ်ငန်းများကို မည်သည့်အချိန်ခန့်တွင် စတင်၍ အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ကို သိလိုကြောင်း မေးမြန်းသည်။

 


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက အဆိုပါကိစ္စနှင့်   ပတ်သက်၍   ပြောရမည်ဆိုပါက   ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့်  PR စနစ်နှင့်ပတ်သက်သည့် စာအုပ် အတွဲ(၁)ကို ထုတ်ပြီးဖြစ်ကြောင်း၊ ကြေညာ၍  ဖြန့်ချိသွားမည်ဖြစ် ကြောင်း၊ ယခုလက်ရှိတွင် အတွဲ(၂)ကိုပြုစုနေကြောင်း၊ အဆိုပါ စာအုပ် တွင် PR နှင့်ပတ်သက်သည့်    အကြောင်းအရာများ  ပါဝင်ကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးတွင်   ကျင့်သုံးနေသည့်  PR  စနစ်များအကြောင်း လည်းပါဝင်ကြောင်း၊  ထိုစာအုပ်မှာလည်း   မကြာမီထွက်ရှိလာမည် ဖြစ်ကြောင်း၊ အလားတူ မိမိတို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ Website တွင်လည်း PR စနစ်နှင့် ပတ်သက်သည့် ဆောင်းပါးများနှင့် အချက်အလက်များကို တင်ထားကြောင်း၊ ထိုသို့ဆောင်ရွက်ထားရုံ သာမကဘဲ လွန်ခဲ့သည့် ရက်သတ္တပတ် သုံးပတ်ခန့်က သတင်းစာ ရှင်းလင်းပွဲတွင်လည်း PR စနစ်နှင့်ပတ်သက်၍ အခြေခံအချက်အလက် များကို မိမိတင်ပြခဲ့ကြောင်း၊ PR စနစ်နှင့် ပတ်သက်သည့် စာတမ်း များလည်း ပြုစုထားကြောင်း၊      အချက်အလက်များလည်းရှိကြောင်း၊   မိမိတို့   လုပ်ဆောင်ရမည့် Timeline အတိုင်း ပညာပေး(Civic and Voter Education )လုပ်ငန်း များကို ပြည်သူများသိရှိနိုင်ရန်   ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
တဲ့ပြောသတင်းဌာနမှ အယ်ဒီတာချုပ် ဦးဇော်မင်းဦးက မိမိဆို လိုသည်မှာ   ထိုကဲ့သို့   မဟုတ်ကြောင်း၊    ရွေးကောက်ပွဲကော်မရှင်က ထုတ်ဝေသည့်စာအုပ်များကို မိမိတို့မီဒီယာများအား တစ်အုပ်စီပေးပြီး ဖြစ်ကြောင်း၊ ထိုစာအုပ်ပါ  အကြောင်းအရာများကို ပြည်သူလူထုထံသို့ ချပြရန်အတွက် မိမိတို့လည်း မစွမ်းဆောင်နိုင်ကြောင်း၊ မိမိတို့တွင် လည်း   အခက်အခဲများရှိကြောင်း၊  မိမိဆိုလိုသည်မှာ  PR စနစ်ကို ကျင့်သုံးမည်ဆိုပါက ပြည်သူလူထုအနေဖြင့် ၎င်းတို့ရွေးချယ်လိုသည့် လွှတ်တော်ကိုယ်စားလှယ်၏  ရပိုင်ခွင့် မည်ကဲ့သို့ရှိသည် သိလိုကြမည် ဖြစ်ကြောင်း၊  ယခုကျန်ရှိနေသည့်  တစ်နှစ်ကျော်ခန့်  အချိန်ကာလ အတွင်း မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှလည်းကောင်း၊ သတင်းစာမှ လည်းကောင်း  PR  စနစ်၏ မဲပေးပုံပေးနည်း၊ PR စနစ်၏ ရရှိသည့် ခွဲတမ်းပုံစံ စသည်တို့ကို ပြည်သူလူထုသိရှိနိုင်ရန် မည်သည့်အချိန်ခန့် တွင် အသိပညာပေးချပြသွားမည်ကို သိလိုခြင်းဖြစ်ကြောင်း မေးမြန်း သည်။

 


    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ပြောရမည်ဆိုပါက ပညာပေးစာအုပ်များ ထုတ်ဝေပြီးဖြစ်ကြောင်းကိုလည်း အစောပိုင်းက  မိမိပြောခဲ့ပြီးဖြစ် ကြောင်း၊   တင်ပြခဲ့သည့်အထဲတွင်  မိမိတို့ လုပ်ဆောင်ထားသည့် Pamphlet နမူနာများကိုလည်း Civic and Voter Education တွင် ပြထားကြောင်း၊ Pamphlet များမှာ ပြည်သူတစ်ဦးချင်းစီကို ဝေပေး နိုင်လောက်သည့် အနေအထားရှိကြောင်း၊ အကျဉ်းချုပ်ရေးသားထား သည့် Pamphlet များကိုပင် ကြိုတင်ပြင်ဆင်ထားကြောင်း၊ ထိုကိစ္စ နှင့်   ပတ်သက်သည့်  ဥပဒေလည်းရှိကြောင်း၊  ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့်  ဥပဒေနှင့် နည်းဥပဒေများကိုလည်း တင်ပြထားဆဲဖြစ် ကြောင်း၊ အတည်ပြုထုတ်ပြန်ပြီးပါက Legally အဆင်ပြေပြီဖြစ် ကြောင်း၊ ထိုအချိန်မှသာလျှင် မိမိတို့အနေဖြင့် တရားဝင်ဥပဒေနှင့်အညီ ဆက်လက်   ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုကိစ္စကိုလည်း အားလုံး ၏ သဘောတူညီမှုရရှိပြီးဖြစ်ကြောင်း၊ ဥပဒေ၊ နည်းဥပဒေကြောင်း အရလည်း အသေးစိတ်   ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ မဲဆန္ဒရှင် အသိပညာပေးလုပ်ငန်းများအတွက်လည်း     လိုအပ်သည်များကို ဆောင်ရွက်ပြီးဖြစ်ကြောင်း၊  သို့သော် တရားဝင်ခွင့်ပြုချက်ရရှိရန် စောင့်ဆိုင်းရမည် ဖြစ်ကြောင်း၊ ထိုကိစ္စများပြီးစီးပါက  တရားဥပဒေနှင့် အညီ အသိပညာပေးခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွား မည် ဖြစ်ကြောင်း။

 


သတင်းထောက်ကြီးမေးမြန်းခဲ့သည့် ကိစ္စများလည်းရှိကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် မူလခရိုင် ၇၅ ခရိုင် ရှိရာမှ နိုင်ငံတော် ၏ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးတိုးတက်မှု အခြေအနေ နှင့် အုပ်ချုပ်မှုကိစ္စများ၊ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စများ အဆင်ပြေစေရန် အတွက် ခရိုင် ၄၆ ခရိုင် တိုးချဲ့ဖွဲ့စည်းခဲ့ကြောင်း၊ စုစုပေါင်း ၁၂၁ ခရိုင် ရှိပါကြောင်း၊ PR စနစ်ကို ကျင့်သုံးရာတွင် ပြည်သူ့လွှတ်တော်ဖွဲ့စည်း ခြင်း၊ အမျိုးသားလွှတ်‌တော်  ဖွဲ့စည်းခြင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် လွှတ်တော်ဖွဲ့စည်းခြင်းနှင့်    ပတ်သက်သည့်   ဥပဒေများကိုလည်း အခြေခံဥပဒေတွင်    ပြဋ္ဌာန်းထားကြောင်း၊   ပုဒ်မ  ၃၃၀၊  ပုဒ်မ ၁၆၈၊ တစ်မြို့နယ်လျှင် နှစ်ဦးစီဆိုသည့် သတ်မှတ်ချက်များဖြစ်ကြောင်း၊ မိမိတို့အနေဖြင့်   ဖွဲ့စည်းပုံအခြေခံဥပဒေပါ   ကိုယ်စားလှယ်ဦးရေ အတိုင်းသာ ရွေးကောက်တင်မြှောက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ လုပ်ဆောင်ရန်အတွက် ပုဒ်မ ၃၉၉ အရ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တွင်  တာဝန်နှင့်    လုပ်ပိုင်ခွင့်များရှိကြောင်း၊ ပြည်ထောင်စု ရွေး‌ကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ ၁၀ အရ မဲဆန္ဒနယ် သတ်မှတ် ခြင်းနှင့်   ရွေးကောက်ပွဲကျင်းပပေးခြင်းတို့သည်  မိမိတို့၏ တာဝန် ဖြစ်ကြောင်း။

 


PR စနစ်နှင့်  FPTP စနစ်တို့၏ အဓိကခြားနားချက်မှာ FPTP စနစ်တွင် တစ်ဦးတည်းကိုသာ  ရွေးချယ်ကြောင်း၊ မဲအများဆုံးသူ တစ်ဦးသာရကြောင်း၊    မဲဆန္ဒနယ်တစ်နယ်လျှင်   လွှတ်တော် ကိုယ်စားလှယ်   တစ်ဦးဖြစ်ကြောင်း၊ ထို့ကြောင့် ဆန္ဒမဲရာခိုင်နှုန်း အများဆုံး  ရရှိသူက နိုင်သည့်သဘောဖြစ်ကြောင်း၊   ကျန်သည့် ကိုယ်စားလှယ်လောင်းအားလုံး၏ မဲရလဒ်မည်မျှဖြစ်စေကာမူ တစ်ဦး ချင်းမဲရလဒ်အရ  ရာခိုင်နှုန်းအများဆုံးရရှိသူက အနိုင်ရရှိမည်ဖြစ် ကြောင်း၊ ထို့ကြောင့် တစ်ဦးချင်းဆန္ဒမဲရရှိမှု အများဆုံးရရှိသူက ဆန္ဒမဲ အားလုံးကို ရယူသွားသည့် သဘောဖြစ်ကြောင်း၊ ၎င်းက ၃၀ ရာခိုင်နှုန်း ခန့်ဖြင့် အနိုင်ရရှိခဲ့သော်လည်း အခြားမဲဆန္ဒရှင်များ၏ ၇၀ ရာခိုင်နှုန်း ခန့်သော ဆန္ဒမဲများနှင့် ထိုဆန္ဒမဲများရရှိခဲ့သည့် နိုင်ငံရေးပါတီများမှာ အခွင့်အရေးများ လုံးဝဆုံးရှုံးသွားမည်ဖြစ်ကြောင်း၊  PR  စနစ်တွင် မဲဆန္ဒနယ်များကို ကျယ်ပြန့်စွာ သတ်မှတ်ကြောင်း၊ ထိုသို့ သတ်မှတ်ပြီး ကိုယ်စားလှယ်တစ်ဦးက ၅၀ ရာခိုင်နှုန်းရရှိသည်၊ ကျန်တစ်ဦးက ၄၀ ရာခိုင်နှုန်းရရှိသည်၊ ကျန်တစ်ဦးက ၃၀ ရာခိုင်နှုန်း ရရှိသည်၊ အခြား တစ်ဦးက ၂၀ ရာခိုင်နှုန်းရရှိသည်၊ အခြားတစ်ဦးက    ၁၀ ရာခိုင်နှုန်းရရှိ သည်ဆိုပါက ထိုကဲ့သို့ ရာခိုင်နှုန်းအလိုက် ဆန္ဒမဲရရှိခဲ့သည့် နိုင်ငံရေး ပါတီများအနေဖြင့်  ၎င်းတို့ရရှိခဲ့သည့်ဆန္ဒမဲ အချိုးအစားအလိုက် လွှတ်တော်အတွင်းသို့ ကိုယ်စားလှယ်များ တက်ရောက်ခွင့်ရရှိမည် ဖြစ်ကြောင်း၊   ဥပမာဆိုရပါက  လွှတ်တော်အတွင်း၌ ကိုယ်စားလှယ် ၁၀ ဦး ရှိသည်ဆိုပါက ဆန္ဒမဲ ၅၀ ရာခိုင်နှုန်းရရှိသည့် နိုင်ငံရေးပါတီ အနေဖြင့် အဆိုပါလွှတ်တော်အတွင်းသို့ ကိုယ်စားလှယ် ငါးဦးတက် ရောက်ခွင့်ရရှိမည်ဖြစ်ကြောင်း၊  အလားတူ  ဆန္ဒမဲ ၄၀ ရာခိုင်နှုန်းရရှိ သည့်     နိုင်ငံရေးပါတီအနေဖြင့်လည်း   ကိုယ်စားလှယ်   လေးဦး တက်ရောက်ခွင့်ရရှိမည်ဖြစ်ကြောင်း၊ ထို့အတူ ဆန္ဒမဲ ၃၀ ရာခိုင်နှုန်းရရှိ သည့် နိုင်ငံရေးပါတီ၊ ဆန္ဒမဲ ၂၀ ရာခိုင်နှုန်းရရှိသည့် နိုင်ငံရေးပါတီနှင့် ဆန္ဒမဲ   ၁၀  ရာခိုင်နှုန်းရရှိသည့်   နိုင်ငံရေးပါတီများအနေဖြင့်လည်း ၎င်းတို့ရရှိခဲ့သည့် ရာခိုင်နှုန်းများအလိုက်   လွှတ်တော်ကိုယ်စားလှယ် များ တက်ရောက်ခွင့်ရရှိမည်ဖြစ်ကြောင်း၊  မဲဆန္ဒရှင်များ၏  ဆန္ဒမဲ အားလုံး အဟောသိကံမဖြစ်ဘဲ  ၎င်းတို့ရရှိခဲ့သည့်  ဆန္ဒမဲရာခိုင်နှုန်း အလိုက် ကိုယ်စားလှယ်များ အချိုးကျရရှိမည်ဖြစ်ကြောင်း။
အစောပိုင်းက မိမိတင်ပြခဲ့သည့်အတိုင်း တိုင်းရင်းသားပါတီများနှင့် လူနည်းစုပါတီများအတွက် အခွင့်အရေး   တန်းတူညီမျှရရှိမည်ဖြစ် ကြောင်း၊ ဆန္ဒမဲများ အလဟဿမဖြစ်သည့် ရွေးကောက်ပွဲစနစ်ဖြစ် သည့်အတွက် မြန်မာနိုင်ငံနှင့်လည်း ကိုက်ညီသည့်စနစ် ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီအားလုံးကလည်း သဘောတူသည့်အတွက် ထိုစနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မဲဆန္ဒနယ် သတ်မှတ်ခြင်းကို   စနစ်တကျ   ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အစောပိုင်းက  သတင်းထောက်ကြီးပြောခဲ့သည့်    ခရိုင်များဖွဲ့စည်းမှု သည် မဲဆန္ဒနယ်သတ်မှတ်ခြင်းနှင့် ဆက်စပ်မှုရှိကြောင်း၊ မဲဆန္ဒနယ် များသတ်မှတ်ရာတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ အတွက် မဲဆန္ဒနယ်များ သတ်မှတ်ပေးရမည်ဖြစ်ကြောင်း၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်လွှတ်တော်များအတွက် တစ်မြို့နယ်လျှင် မဲဆန္ဒနယ် တစ်နယ်သတ်မှတ်၍ ကိုယ်စားလှယ် နှစ်ဦးကို PR စနစ်ဖြင့် ရွေးချယ်၍ ရကြောင်း၊   ကျန်သည့်   တိုင်းဒေသကြီးနှင့်   ပြည်နယ်များအလိုက် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်များနှင့် အမျိုးသားလွှတ်တော် မဲဆန္ဒ နယ်များ ခွဲဝေရာတွင် ထိုဒေသ၏ ပထဝီဝင်အနေအထား၊ နေထိုင်သည့် လူမျိုးစုများ၊   အုပ်ချုပ်မှုအရ   လမ်းပန်းဆက်သွယ်မှု   အနေအထား၊ လူဦးရေထူထပ်မှု   အခြေအနေတို့ကိုမူတည်၍   အားလုံးအတွက် ညီညွတ်မျှတစေရန် အကျယ်အဝန်း သတ်မှတ်၍ အဆိုပါနေရာအတွက် ရွေးကောက်တင်မြှောက်မည့် ကိုယ်စားလှယ်အရေအတွက်ကို သတ် မှတ်မည်ဖြစ်ကြောင်း၊ ထိုသို့သတ်မှတ်ပြီးမှသာ လွှတ်တော် သုံးရပ် စလုံးအတွက် ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ကြောင်း၊ အခြားတစ်ခုမှာ အမျိုးသားလွှတ်တော်တွင်  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ   တိုင်းနှင့်ဒေသ ခြောက်ခု ရှိကြောင်း၊ အဆိုပါ ဒေသများမှာ ကိုယ်စားလှယ်တစ်ဦးစီရွေးရ သည့်အတွက် FPTP  စနစ်ကိုသာ ကျင့်သုံးရမည်ဖြစ်ကြောင်း၊ အလားတူ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များတွင် သတ်မှတ်ထားသည့် တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးစီသာ ရွေးချယ် ရသည့်အတွက် FPTP  စနစ်ကိုသာ ကျင့်သုံးသွားမည်ဖြစ်ကြောင်း၊  သတင်းထောက်ကြီးမေးမြန်းခဲ့သည့် ပြည်သူလူထုကို အသိပညာပေး သည့်လုပ်ငန်းကိုလည်း မိမိတို့အနေဖြင့် အချိန်မီဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

 


    Trend ဂျာနယ်မှ တာဝန်ခံအယ်ဒီတာ ဦးမင်းမောင်ဦးက မဲမသမာ မှုကြောင့် NLD ပါတီမှ ထိပ်ပိုင်းခေါင်းဆောင်အချို့နှင့် အောက်ခြေအဖွဲ့ အစည်းမှ ပုဂ္ဂိုလ်များ အရေးယူခံထားရမှုအခြေအနေကို သိလိုကြောင်း နှင့် ၂၀၂၃ ခုနှစ်တွင်   ကျင်းပမည့်   ရွေးကောက်ပွဲတွင်  အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဝင်ရောက်ယှဉ်ပြိုင်မည်ဆိုပါက ရွေးကောက် ပွဲကော်မရှင်အနေဖြင့် သဘောတူလက်ခံနိုင်မှု ရှိ/မရှိ သိလိုကြောင်း မေးမြန်းသည်။

 


    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက သတင်းထောက်ကြီးမေးမြန်းသည့် ကိစ္စကို ပြန်လည်ဖြေကြားရမည်ဆို ပါက ၂၀၂၀ ပြည့်နှစ်တွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုဖြစ်စဉ်များနှင့်ပတ်သက်၍ တာဝန်ရှိသည့်ပုဂ္ဂိုလ်များကို အရေး ယူမှုများရှိကြောင်း၊ တာဝန်ရှိသည့် ရွေးကောက်ပွဲကော်မရှင် အဆင့် ဆင့်ကိုလည်း   အရေးယူခြင်းများရှိကြောင်း၊  ရွေးကောက်ပွဲတွင် မဲမသမာမှုများ လုပ်ဆောင်ခြင်းနှင့် စည်းမျဉ်းစည်းကမ်း ဥပဒေများကို ကျော်လွန်ဖောက်ဖျက်ဆောင်ရွက်ခဲ့သည့်   နိုင်ငံတော်အဆင့်၊  တိုင်း ဒေသကြီးနှင့်ပြည်နယ်အဆင့် ပုဂ္ဂိုလ်များနှင့် ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်သည့် ပါတီအချို့လည်းပါဝင်ကြောင်း၊ ရွေးကောက်ပွဲကော်မရှင် များမှ ပုဂ္ဂိုလ်များလည်း  ပါဝင်ကြောင်း၊  ပြည်သူလူထုအချို့လည်း ပါဝင်ကြောင်း၊ အမှုတွဲအားဖြင့် အမှုတွဲ ၇၀ ကျော်ခန့်ကို စစ်ဆေးဆောင် ရွက်ဆဲဖြစ်ကြောင်း၊ အချို့ကော်မရှင်အဖွဲ့ခွဲများနှင့်   ပတ်သက်ပြီး တာဝန်ရှိသည့် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ကော်မရှင်အဖွဲ့ ခွဲများကို အရေးယူခြင်းများလည်းရှိကြောင်း၊ ပြီးပြတ်သည့် အမှုတွဲများ ရှိသကဲ့သို့ မပြီးပြတ်သေးသည့် အမှုတွဲများလည်းရှိကြောင်း၊ အရေးယူ ဆောင်ရွက်မှုအခြေအနေ    အသေးစိတ်ကို   မိမိအနေဖြင့် နောင် သတင်းစာရှင်းလင်းပွဲများတွင် ထပ်မံချပြသွားမည်ဖြစ်ကြောင်း။ 

 


နောင်လာမည့်ရွေးကောက်ပွဲများတွင်   NLD  ပါတီဝင်ရောက် ယှဉ်ပြိုင်ခွင့် ရှိ/မရှိကိုမူ ဥပဒေနှင့်အညီဆောင်ရွက်မည်ဟုသာ ပြောလို ကြောင်း၊ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈ တွင် ပါဝင်ကြောင်း၊ နိုင်ငံသားများ၏  မူလအခွင့်အရေးနှင့်တာဝန်များ ဥပဒေ ၃၆၉ တွင်လည်း ပါဝင်ကြောင်း၊ နိုင်ငံသားတိုင်းသည်  ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်   မဆန့်ကျင်ပါက  ရွေးကောက်တင်မြှောက်ပိုင်ခွင့် ရှိသကဲ့သို့ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်လည်း ရှိကြောင်း၊ ပြည်သူ လူထုအနေဖြင့် ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းပိုင်ခွင့်လည်း ရှိကြောင်း၊ နိုင်ငံသားများ၏  အခွင့်အရေးများဖြစ်ကြောင်း၊ အလားတူ သက်ဆိုင်ရာ လွှတ်တော်၊  ရွေးကောက်ပွဲဥပဒေပုဒ်မ   ၁၀  တွင် ‌ရွေးကောက်တင် မြှောက်ခံပိုင်ခွင့်မရှိသူများကို    ဖော်ပြထားကြောင်း၊   ထို့ကြောင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိသူများဖြစ်နေပါက ရွေးကောက် တင်မြှောက်၍မရကြောင်း၊  
ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်      ရှိသူဖြစ်ပါက    ရွေးကောက် တင်မြှောက်ခံပိုင်ခွင့်    ရရှိမည်ဖြစ်ကြောင်း၊  ဥပဒေနှင့်အညီသာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပါတီဖြစ်စေ၊ လူပုဂ္ဂိုလ်တစ်ဦးချင်း ဖြစ်စေ   သတ်မှတ်သည့်ဥပဒေနှင့်   ကိုက်ညီပါက    နိုင်ငံသားတစ်ဦး၏   အခွင့်အရေးအတိုင်းရရှိမည်ဖြစ်ကြောင်း၊   ဥပဒေနှင့်   ငြိစွန်းခြင်း၊ ဥပဒေပါပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှုမရှိခြင်းများရှိပါက ရွေးကောက် တင်မြှောက်ခံရမည်မဟုတ်ကြောင်း ပြန်လည်ဖြေကြားသည်။ 

 


သူရိယနေဝန်းသတင်းဌာနမှ အယ်ဒီတာချုပ် ဦးမိုးဟိန်းက NUG အကြမ်းဖက်ဝန်ကြီး ဇင်မာအောင်နှင့် မလေးရှားနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံသည့် ကိစ္စနှင့် ပတ်သက်ပြီး မေးမြန်းလိုကြောင်း၊ ယင်းမေးခွန်း မမေးမြန်းမီ ဇင်မာအောင်နှင့် မိုးဇော်ဦး အစရှိသည့် (၂၀၂၁) ပြည်ပြေး အုပ်စု၏ နောက်ခံသမိုင်းအကျဉ်းနှင့် မိမိပါဝင်ခဲ့သည့် ၁၉၈၈ ခုနှစ် ပြည်ပြေးလမ်းပြမြေပုံ၊ ယခုအသေခံပြီး မိုက်မိုက်မဲမဲ တိုက်နေကြသည့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း PDF  လူငယ်များနှင့်  ပြည်ပြေးလုပ်ရန် ကြိုးစားနေကြသည့်  ပြည်ပြေးအပေါင်းသိရန်အတွက်  ၁၉၈၈ က ပြည်ပြေးတစ်ဦးဖြစ်ခဲ့သည့် မိမိအနေဖြင့်  မိမိတို့တွေ့ကြုံခဲ့ရသည့် အတွေ့အကြုံများကို အနည်းငယ်ရှင်းပြလိုကြောင်း၊ NLD မှ ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမနိုင်နိုင်အောင်လုပ်ရန် စီမံကိန်းချထားကြောင်း၊ အကယ်၍ မဲမနိုင်နိုင်အောင်လုပ်သည့်နေရာတွင် မဲမသမာမှုပေါ်ပေါက် ခဲ့၍ တပ်မတော်မှဝင်၍ ထိန်းသိမ်းခဲ့ပါက Target Plan လေးခုချခဲ့ ကြောင်း၊ ယင်းတို့မှာ CIA Channel ၊ MI-6 (အင်္ဂလိပ် ထောက်လှမ်းရေး) Channel ၊ OIC (အစ္စလာမ်နိုင်ငံများအဖွဲ့ချုပ်)Channel ၊ ဂျော့ဆိုးရော့ ( OSI )တို့ဖြစ်ကြောင်း၊ တပ်မတော်မှ ရွေးကောက်ပွဲမဲမသမာမှုကြောင့် အာဏာထိန်းခဲ့သည့်အခါတွင်  ယှဉ်ပြိုင်ပြည်ပြေးအစိုးရတစ်ရပ် ဖွဲ့ရန်    ယခင်ကတည်းက  ကြိုတင်စီမံထားပြီးဖြစ်ကြောင်း၊ ထိုသို့ ကြိုတင်ရေးဆွဲထားသည့် ဇာတ်ညွှန်းတွင် သုံးမည့်ဇာတ်ကောင်များမှာ ဇင်မာအောင်၊ မိုးဇော်ဦး၊ အိသဉ္ဇာမောင်၊ မင်းကိုနိုင်၊ ဂျင်မီ၊ ဖြိုးဇေယျာ သော် အစရှိသည့် ၎င်းတို့ကြိုမွေးထားသည့် CIA နှင့် MI-6 က နှစ်ပေါင်း ၂၀ ခန့်ကတည်းက  ကြိုတင်မွေးထားသည့်  ဇာတ်ကောင်များကို ၎င်းတို့ဖွဲ့မည့် စင်ပြိုင်အစိုးရ NUG တွင် ထည့်သုံးရန်ရေးဆွဲထားသည့် Plan ရှိကြောင်း။

 


ယင်းတို့အထဲတွင်   ဇင်မာအောင်သည်   ၁၉၉၈  ခုနှစ် နဝတ လက်ထက်တွင် ထိန်းသိမ်းခံရပြီး  ၂၀၀၉  ခုနှစ်တွင်  ထောင်မှ လွတ်မြောက်လာကြောင်း၊ ၂၀၁၁ ခုနှစ်တွင် အမေရိကန်နိုင်ငံတွင် ရှိသည့်  သမ္မတရော်နယ်ရီဂန်ကိုယ်တိုင်ဦးဆောင်ပြီး  ၁၉၈၃ ခုနှစ် နိုဝင်ဘာလတွင်   ဖွဲ့စည်းခဲ့သည့်   (National  Endowment  For Democracy - NED ) ဆိုသည့်  အလွန်ကြီးမားသော   အမေရိကန် ဘီလီယံချီထောက်ပံ့ထားသည့် ရန်ပုံငွေများကို အသုံးပြုပြီး NED Branch အနေဖြင့်   ဇင်မာအောင်ဦးဆောင်ပြီး   ရန်ကုန်နိုင်ငံရေးသိပ္ပံဆိုပြီး ထူထောင်ခဲ့ကြောင်း၊  တစ်နည်းအားဖြင့်  ဇင်မာအောင်သည် CIA လက်ခွဲဖြစ်သည့် NED ၏ ငွေကြေးအထောက်အပံ့ဖြင့် မြန်မာနိုင်ငံတွင် နိုင်ငံရေးသိပ္ပံထူထောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ဇင်မာအောင် သည် CIA ၏ လူဖြစ်ကြောင်း၊ NUG တွင် နိုင်ငံခြားရေးဒုတိယဝန်ကြီး လုပ်နေသည့် မိုးဇော်ဦးသည် MI-6 မှဖြစ်ကြောင်း၊ ၎င်းသည် ၂၀၀၉ ခုနှစ်တွင်  ထောင်မှလွတ်မြောက်လာပြီး  ထိုင်းနိုင်ငံသို့ ထွက်သွား ကြောင်း၊ ထိုမှတစ်ဆင့် MI-6 နှင့် ချိတ်ဆက်ခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ် NLD အစိုးရဖြစ်လာသည့်အခါတွင် ဒေါ်အောင်ဆန်းစုကြည်ရုံးအဖွဲ့ တွင် Chief of staff ဖြစ်လာကြောင်း၊ ၎င်းကို နှစ်နှစ်အကြာတွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အင်္ဂလန်သို့စေလွှတ်ပြီး Master ထပ်မံယူစေခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် မိုးဇော်ဦးပြန်ရောက်လာပြီး ဒေါ်အောင်ဆန်းစုကြည်၏ အရေးအကြီးဆုံး ရုံးအဖွဲ့၏ ခေါင်းဆောင် အဖြစ် ဆောင်ရွက်ခဲ့ကြောင်း၊ ဇင်မာအောင်နှင့် မိုးဇော်ဦး  အပါအဝင် ပြည်ပြေးအားလုံး၏  ပြဿနာသည်  မြန်မာနိုင်ငံတွင်  ပြည်ပြေး သုံးဆက်ရှိခဲ့ကြောင်း၊ ၁၉၇၀ တွင် ဦးနုမျိုးဆက်၊  မိမိတို့  ဒုတိယ မျိုးဆက်၊ တတိယမှာ ဇင်မာအောင်တို့ မိုးဇော်ဦးတို့ မျိုးဆက်ဖြစ် ကြောင်း၊ ယခုကဲ့သို့ဖြစ်လာမှသာ ၎င်းတို့လှုပ်ရှားမှု အစီအစဉ်ရှိလာမည် ဖြစ်သည့်အတွက် ကြိုတင်ကြံစည်ထားပြီး တပ်မတော်အာဏာထိန်း နိုင်သည့်ဖြစ်စဉ်ကို   ကြိုတင်စောင့်ဆိုင်းပြီး   ဇာတ်ညွှန်းဆွဲထားပြီး ဖြစ်ကြောင်း။

 


NCGUB ဒေါက်တာ စိန်ဝင်း ခေါင်းဆောင်သည့်   အမျိုးသားညွန့် ပေါင်းအစိုးရ၊ စင်ပြိုင်အစိုးရမာနယ်ပလော၌ဖွဲ့စဉ်က မိမိကိုယ်တိုင်မီခဲ့ ကြောင်း၊ KNU ဘက်နှင့် ဗိုလ်ချုပ် ဘရန်ဆိုင်းနှင့်   ဗိုလ်ချုပ်မြဘက် နှင့် ထောင်လိုက်သော်လည်း နောက်ပိုင်းတွင် တော်လှန်ရေး ရန်ပုံငွေ များ အလွဲသုံးစားမှုများ ဖြစ်လာသည့်အခါတွင် ဒေါက်တာစိန်ဝင်း၊ ဦးဘိုလှတင့်တို့ကို   ဖြုတ်ချရန်အတွက်   မိုးသီးဇွန်တို့ပါသည့်အဖွဲ့က ဖြုတ်ချရန် ကြိုးစားမှုပြုလုပ်ခဲ့ကြောင်း၊ ယင်းသို့ လုပ်ဆောင်ရာတွင် ဒေါက်တာစိန်ဝင်းသည် ဒေါ်အောင်ဆန်းစုကြည်၏ မောင်တစ်ဝမ်းကွဲ ဖြစ်နေသည့်  အချက်တစ်ချက်ကြောင့် ဖယ်ရှားရန်ကိစ္စမှာ လုံးဝမဖြစ် နိုင်ခဲ့ကြောင်း၊ ထိုအချိန်တွင် မိမိတို့ အင်မတန်အားကိုးအားထားပြုရ သည့် ခေါင်းဆောင်ကြီးတစ်ဦးက “ငါတော့မပါဘူး။ မင်းတို့ဖြုတ်ချ။ ဘာဖြစ်လို့ခင်ဗျား မပါရတာလဲမေးတော့ ငါတို့ရဲ့မြန်မာ့ပြည်ပနိုင်ငံရေးဟာ ငါတို့ရဲ့ Life Carrier ဖြစ်နေတယ်ကွ။ ဒါကိုငါတို့ စဉ်းစားဖို့ လိုတယ်။ ဒေါက်တာစိန်ဝင်းကို ငါတို့ တိုက်လို့မရဘူး” ဟုပြောဆိုခဲ့ ကြောင်း၊ ဆိုလိုသည်မှာ ပြည်ပြေးများသည် မြန်မာ့နိုင်ငံရေးလှုပ်ရှား မှုသည် ၎င်းတို့၏  အသက်မွေးကြောင်းတစ်ခုအဖြစ်  သတ်မှတ်ထား သည်ဆိုသည့်အချက်ကို သိရသည့်အခါတွင် မိမိအနေဖြင့် များစွာ တုန်လှုပ်ခဲ့ရကြောင်း၊ ထို့ကြောင့် မိမိပြောလိုသည်မှာ ဇင်မာအောင်တို့ မိုးဇော်ဦးတို့သည် CIA ၊ MI-6 ၊ NED ၊ OSI တို့က ကြိုတင်ရွေးချယ်ထား သည့်လူများသာ NUG မှာပါ၍ရကြောင်း၊ ထိုသို့မဟုတ်သည့် ထီရောင်း သူ၊ စာချုပ်ရောင်းသည့်သူများ၊ မြန်မာနိုင်ငံမှ နေအိမ်များအဆုံးရှုံးခံပြီး မြန်မာနိုင်ငံတွင်  သိန်းပေါင်း၊ သန်းပေါင်းများစွာ ပိုင်ဆိုင်မှုများကို စွန့်လွှတ်ပြီး   ပြည်ပြေးဖြစ်ပြီး   အမေရိကန်ကို  ရောက်သွားသည့် ဆယ်လီများ၊ စာချုပ်ရောင်း၊ ထီရောင်းပေးနေသူများ၊ ဗိုလ်ချုပ်ကြီး မင်းမော်ကွန်းတို့ကဲ့သို့ ထိုင်းနယ်စပ်တွင် ဂိန်နေရသူများ၊ အနုပညာရှင် များ၊ ထောင်ထဲရောက်ပြီး  ဘဝပျက်သူများ၊ အနုပညာရှင်များနှင့် မြန်မာနိုင်ငံမှ  ဆယ်လီများသည်  အသုံးချခံသက်သက်ဖြစ်ကြောင်း၊ ၎င်းတို့ကို NUG က အရဝကဖ  (အရက်ဝယ်ကြက်ဖမ်း)အဆင့်သာ သတ်မှတ်ထားကြောင်း၊ ယင်းတို့သည် NUG မှာ နေရာရလာမည်မဟုတ် ကြောင်း၊ နေရာပေးရန်လည်း အစီအစဉ်မရှိကြောင်း။

 


NUG ၏ အဓိက နိုင်ငံခြားရေးဌာန၊ ဘဏ္ဍာရေးဌာနတို့က CIA၊ MI-6 ၊ NED ၊ OSI ၊ ဂျော့ဆိုးရော့ ကိုင်ထားသည့် Story ၊ ရွေးချယ်ထား သည့်သူများသာ ၎င်းနေရာကိုရနိုင်မည်ဖြစ်ကြောင်း၊ ယင်းကို မိမိ အနေဖြင့်သိစေလိုကြောင်း၊ မည်သူတွေ မည်မျှအနစ်နာခံခဲ့သည်ဖြစ်စေ လမ်းမများပေါ်၌သေ၊ တောထဲ၌သေ၊ စစ်ကိုင်းတိုင်း၌ ကြိုက်သလောက် သေပါစေ၊ ထိုသူများသည် NUG အစိုးရတွင် မည်သည့်အချိန်မှာမှ နေရာရလာမည်   မဟုတ်ကြောင်းကို   ညီငယ်များကို    ဆယ်လမွန် စိတ်ဓာတ်ဖြင့်   ပြောလိုကြောင်း၊ မိမိတို့သည် ဆယ်လမွန်ငါးကဲ့သို့ မိမိဇာတိမြေကို သေဖို့ရောက်လာကြသူများသာဖြစ်ကြောင်း၊ မိမိတို့ ခန္ဓာကိုယ်ကိုကျွေးပြီး   နောက်မျိုးဆက်ကို   ရှင်သန်ဖို့  လုပ်ရမည့် အချိန်ရောက်နေပြီဖြစ်ကြောင်း၊ မိမိသမိုင်းကို ချနင်းပြီးပြောခြင်းဖြစ် ကြောင်း၊ ပြည်ပြေးလုပ်ရန် ကြိုးပမ်းနေသူများ၊ ပြည်ပြေးလောကထဲမှ ညီငယ်များ၊ အကြမ်းဖက်တိုက်နေသည့် စစ်ကိုင်းတိုင်းထဲမှ ညီငယ် များကိုပြောလိုသည်မှာ “မင်းတို့ ဘယ်တော့မှ  ဘာမှ ဖြစ်မလာဘူး။ သူတို့ CIA ၊ MI-6 ၊ NED ၊ OSI ကသူတို့လူတွေ၊ ဇင်မာအောင်၊ မိုးဇော်ဦး၊ အိသဉ္ဇာမောင်၊ မြအေး၊ မင်းကိုနိုင်၊ ဂျင်မီ၊ ဇေယျာသော်တို့ကို သူတို့ သတ်မှတ်ရွေးထားပြီးဖြစ်တယ်” ၊   ဒေါ်အောင်ဆန်းစုကြည်အလွန် ဆိုသည်ကို ဇာတ်ညွှန်းဆွဲထားပြီး အဆိုပါ Plan ကို ဆွဲထားခြင်းဖြစ် သောကြောင့်  မည်သူတို့  သေသေ၊ မည်သူဘာဖြစ်ဖြစ်၊ သူဌေးများလည်း ဘဝပျက်၊  PDF  များလည်း   လမ်းပေါ်မှာသေ၊   စစ်ကိုင်းတိုင်းထဲ၌ ဆိုလည်း ဘဝများပျောက်ကုန်ပြီဖြစ်ကြောင်း၊ သို့သော်လည်း ဘာမှ ဖြစ်လာမှာ မဟုတ်ကြောင်း၊ မိမိတို့  ပါဝင်ခဲ့သည့် ၁၉၈၈ ကဲ့သို့ပင် ၂၀၂၁ NUG အစိုးရသည်လည်း တော်လှန်ရေးထဲတွင် လုပ်စားပြီး လူထုရန်ပုံငွေနှင့်ရပ်တည်ကာ ကျဆုံးသွားမည်ဆိုသည့် သံသရာသာ လည်သွားမည်ဖြစ်ကြောင်း၊ အထက်ပါအကြောင်းအရာများကို မိမိ အနေဖြင့် ယခုကဲ့သို့   သတင်းစာရှင်းလင်းပွဲတွင်  ရှင်းပြခွင့်ရသည့် အတွက် သတင်းစာရှင်းလင်းပွဲကျင်းပပေးသည့် နိုင်ငံတော်အစိုးရကိုကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။


(ဆက်လက်ဖော်ပြပါမည်)