မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန်

 

နေပြည်တော်   မေ  ၂၂


ယနေ့ နံနက် ၉ နာရီခွဲ တိုင်းထွာချက်အရ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ငါးပေခွဲခန့် ကျော်လွန်ရောက်ရှိနေသည်။    အဆိုပါမြစ်ရေသည်   နောက်   တစ်ရက်အတွင်း နှစ်ပေခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့ ၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။


သို့ဖြစ်ပါ၍ မြဝတီမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့် ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် အကြံ ပြုအပ်ပါသည်။                                                        

 

 မိုး/ဇလ