
ရန်ကုန် မေ ၂၂
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့နှင့် အခြားဆက်စပ်မြို့များတွင် မေ ၁၂ ရက်မှ ၂၃ ရက်အထိ ကျင်းပ ပြုလုပ်နေသည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ သည့် မြန်မာအားကစားသမားအဖွဲ့ သည် ယနေ့ညနေ ၄ နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ မြန်မာ့လေကြောင်း စင်းလုံးငှားလေယာဉ်ဖြင့် ပြန်လည် ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန် တိုင်းဒေသကြီး စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌ များ၊ အနုပညာရှင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများ၏ မိဘ ဆွေမျိုးများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ မိဘပြည်သူများက အိုးစည်၊ ဒိုးပတ်များ၊ ပန်းစည်းများဖြင့် သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆို ကြသည်။
ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစားအဖွဲ့တွင် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဖိတ်ကြားခံ ပုဂ္ဂိုလ်အဖြစ် တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်အတူ ရွှေတံဆိပ်ဆု ရရှိခဲ့ကြသည့် ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားနည်းမှ ရဲထွန်းနောင် (+၇၀)ကီလို၊ ဝူရှူး အားကစားနည်းမှ သိန်းသန်းဦး (နန်းကွန့်) တုတ်ရှည်၊ ပီတန်း အားကစားနည်းမှ ခင်ချယ်ရီသက် (Women Shooting) ၊ ပြိုင်ပွဲ အသီးသီးမှ ငွေတံဆိပ်ဆုရရှိသူများ၊ ကြေးတံဆိပ်ဆုရရှိသူများနှင့်အတူ စစ်တုရင်၊ E-Sports ၊ အမျိုးသမီး ဘောလုံး၊ အမျိုးသား ဘော်လီဘော အားကစားနည်းတို့မှ ပြိုင်ပွဲဝင် အားကစားသမားများနှင့် အပြည် ပြည်ဆိုင်ရာဒိုင်လူကြီးများ ပြန်လည် လိုက်ပါလာကြသည်။
(၃၁) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အားကစားနည်း ၂၀ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မေ ၂၂ ရက်အထိ ဗိုဗီနမ်အားကစား နည်းမှ ရွှေတံဆိပ် သုံးခု၊ ငွေတံဆိပ် သုံးခု၊ ကြေးတံဆိပ် ခြောက်ခု၊ ဝူရှူးအားကစားနည်းမှ ရွှေတံဆိပ် တစ်ခု၊ ငွေတံဆိပ် နှစ်ခု၊ ကြေးတံဆိပ် နှစ်ခု၊ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားနည်းမှ ရွှေတံဆိပ် တစ်ခု၊ ငွေတံဆိပ် နှစ်ခု၊ ကြေးတံဆိပ် တစ်ခု၊ Kurash အားကစားနည်းမှ ရွှေတံဆိပ် တစ်ခု၊ ငွေတံဆိပ် တစ်ခု၊ ကြေးတံဆိပ် နှစ်ခု၊ ဘိလိယက်နှင့် စနူကာအားကစားနည်းမှ ရွှေတံဆိပ် တစ်ခု၊ ငွေတံဆိပ် တစ်ခု၊ ကြေး တံဆိပ် တစ်ခု၊ ပိုက်ကျော်ခြင်း အားကစားနည်းမှ ရွှေတံဆိပ် တစ်ခု၊ ကြေးတံဆိပ် သုံးခု၊ ပီတန်း အားကစားနည်းမှ ရွှေတံဆိပ် တစ်ခု၊ ကြေးတံဆိပ် နှစ်ခု၊ ဂျူဒို အားကစားနည်းမှ ငွေတံဆိပ် နှစ်ခု၊ ကြေးတံဆိပ် နှစ်ခု၊ ပြေးခုန်ပစ် အားကစားနည်းမှ ငွေတံဆိပ် နှစ်ခု၊ သေနတ်ပစ် အားကစားနည်းမှ ငွေတံဆိပ် နှစ်ခု၊ ကနူး/ကယက် အားကစားနည်းမှ ငွေတံဆိပ် တစ်ခု၊ ကြေးတံဆိပ် ခြောက်ခု၊ တိုက်ကွမ်ဒို အားကစားနည်းမှ ငွေတံဆိပ် တစ်ခု၊ ကြေးတံဆိပ် သုံးခု၊ အပြည်ပြည်ဆိုင်ရာ လှေလှော် အားကစားနည်းမှ ကြေးတံဆိပ် သုံးခု၊ လက်ဝှေ့အားကစားနည်းမှ ငွေတံဆိပ် တစ်ခု၊ ကြေးတံဆိပ် နှစ်ခု၊ မြားပစ်အားကစားနည်းမှ ကြေးတံဆိပ် တစ်ခု၊ အလေးမ အားကစားနည်းမှ ကြေးတံဆိပ် တစ်ခု စုစုပေါင်း ရွှေတံဆိပ် ကိုးခု၊ ငွေတံဆိပ် ၁၈ ခုနှင့် ကြေးတံဆိပ် ၃၅ ခု ရရှိခဲ့ကြောင်း သိရသည်။
သတင်းစဉ်