
နေပြည်တော် မေ ၂၂
တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိရန်နှင့် လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးတို့ကို ရည်ရွယ်၍ ဧပြီ ၂၂ ရက်တွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများနှင့် တွေ့ဆုံဆွေးနွေး ရန် ဖိတ်ခေါ်ခဲ့ရာ မွန်ပြည်သစ် ပါတီ (NMSP) မှ ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်း ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ သည် ယနေ့ တွင် မော်လမြိုင်မြို့မှ နေပြည်တော်သို့ ရောက်ရှိကြ သည်။
မွန်ပြည်သစ်ပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဆောင်သည့်ကိုယ်စား လှယ်အဖွဲ့သည် မွန်းလွဲပိုင်းတွင် မော်တော်ယာဉ်များဖြင့် နေပြည် တော်ရှိ Horizon Lake View Resort သို့ ရောက်ရှိကြရာ အမျိုးသား စည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင်နှင့် တာဝန်ရှိသူများ၊ ယဉ်ကျေးမှုဦးစီး ဌာနမှ တိုင်းရင်းသား တိုင်းရင်းသူ များက ထာဝရငြိမ်းချမ်းရေးကိုရရှိ ရေးသည် ပြည်သူတစ်ရပ်လုံး၏ ဆန္ဒအစစ်အမှန်ဖြစ်သည်၊ ငြိမ်းချမ်း ရေးရရှိရေးသည် နိုင်ငံသား အားလုံး၏ ဆန္ဒအမှန်ဖြစ်သည်၊ ပြည်ထောင်စုကြီး ငြိမ်းချမ်း ဖို့ တွေ့ဆုံဆွေးနွေးကြပါစို့၊ တိုင်းရင်းသားတွေ စည်းလုံးမှ ငြိမ်းချမ်းတည်ငြိမ် အေးချမ်းရ စသည့်စာသားပါ ဆိုင်းဘုတ်များ ကိုင်ဆောင်၍ လည်းကောင်း၊ နိုင်ငံတော်အလံငယ်များ ကိုင် ဆောင်၍လည်းကောင်း ကြိုဆို ကြသည်။
သတင်းစဉ်