
နေပြည်တော် မေ ၂၂
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ကြီးပွားရေးရပ်ကွက် ပုညနိမ္မိတာရာမ ရွှေသုဝဏ် ကျောင်းတိုက်၏ ဦးစီးပဓာနနာယက၊ နိုင်ငံတော် ဩဝါဒါစရိယ ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တသဒ္ဓိယ မဟာထေရ်မြတ်ကြီးသည် မေ ၂၁ ရက် (စနေနေ့) နံနက် ၁ နာရီ မိနစ် ၄၀ တွင် ဘဝနတ်ထံ ပျံလွန်တော်မူ ခဲ့သည်။
အလှူငွေများ ပေးအပ်လှူဒါန်း
ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်အား ပုညနိမ္မိတာရာမ ရွှေသုဝဏ်ကျောင်းတိုက်၌ ပူဇော် ထားလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် အဖွဲ့ဝင်များနှင့်အတူ သွားရောက် ဖူးမြော်ကြည်ညိုကြပြီး အလှူငွေများ ပေးအပ် လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူကြ သည်။
ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် အဖွဲ့ဝင်များသည် အန္တိမအဂ္ဂိဈာပန ကျင်းပရေး ဩဝါဒါစရိယ ဆရာတော်ကြီးများအား ဖူးမြော် ကြည်ညိုပြီး ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိ ဈာပနပူဇာသဘင်အခမ်းအနား ပြုလုပ်မည့်အခြေ အနေများကို လျှောက်ထားဆွေးနွေးကာ လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်