
ရွာငံ မေ ၂၂
ရှမ်းပြည်နယ် တောင်ပိုင်း ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံ မြို့နယ်၌ ၂၀၂၂ ခုနှစ် မိုးရာသီ အကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက ရွာမရပ်ကွက် ရွှေပွင့်လန်း ဘုရားဝင်း၌ ကျင်းပ သည်။
ဦးစွာ ရွာငံမြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌက သစ်ပင်များ စိုက်ပျိုးရခြင်းနှင့် ပတ်သက်၍ အမှာစကား ပြောကြားသည်။ ထို့နောက် ရွာငံမြို့နယ် သစ်တော ဦးစီးမှူးက အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများနေ့ အထိမ်း အမှတ်အဖြစ် သစ်ပင်စိုက်ပျိုးရ ခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
အဆိုပါ စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတွင် စိန်ပန်းနီ၊ စိန်ပန်း ပြာနှင့် ခါတော်မီ စုစုပေါင်း ပျိုးပင် ၃၀၀ စိုက်ပျိုးခဲ့သည်။ ရွာငံမြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၂ ခုနှစ် လူထုဖြန့်ပျိုးပင် ၁၄၀၀၀ ဖြန့်ဝေ စိုက်ပျိုးသွားမည်ဖြစ်ရာ ဇွန်လ တွင် ပျိုးပင်များကို လာရောက် ထုတ်ယူနိုင်ကြောင်း သိရသည်။
ရွာငံ (ပြန်/ဆက်)