နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ဖိတ်ခေါ်မှုကို ကြိုဆိုထောက်ခံခြင်းနှင့် ပြည်ပစွက်ဖက်နှောင့်ယှက်မှုများကို ဆန့်ကျင်ရှုတ်ချပွဲ ပြုလုပ်

 

နေပြည်တော်    မေ      ၂၂


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ     ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်      ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏   တိုင်းရင်းသားလက်နက် ကိုင်    အဖွဲ့အစည်းများကို     ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် ဖိတ်ခေါ်မှုကို ပြည်သူများ က ကြိုဆိုထောက်ခံသည့်အနေဖြင့် ငြိမ်းချမ်း ရေး    ကြိုးပမ်းဆောင်ရွက်မှုလုပ်ငန်းများကို ကြိုဆိုထောက်ခံခြင်းနှင့်      ပြည်ပစွက်ဖက် နှောင့်ယှက်မှုများအား   ဆန့်ကျင်ရှုတ်ချပွဲကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်ရှိ         ရွှေမန်းတောင် အားကစားကွင်း၌ ပြုလုပ်သည်။

 


အဆိုပါ ကြိုဆိုထောက်ခံပွဲသို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိသူများ၊  အမျိုးသားရေးဆရာတော်များ၊ ငြိမ်းချမ်းရေး ကို လိုလားသူ ပြည်သူများ စုစုပေါင်းအင်အား ၃၀၀၀ ခန့် တက်ရောက်ကြသည်။

 


ဦးစွာ     တက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလံ အား   အလေးပြု၍    နိုင်ငံတော်သီချင်းကို သီဆိုကာ အခမ်းအနားကို ဖွင့်လှစ်ကြသည်။ ထို့နောက် ငြိမ်းချမ်းရေးကိုလိုလားသူ အမျိုး သားရေးဦးဆောင် ဆရာတော်များနှင့် စာရေး  ဆရာ၊ ဆရာမများက ငြိမ်းချမ်းရေး ကြိုးပမ်းမှု လုပ်ငန်းများကို    ကြိုဆိုထောက်ခံခြင်းနှင့် ပြည်ပစွက်ဖက် နှောင့်ယှက်မှုများကို ဆန့်ကျင် ရှုတ်ချပွဲပြုလုပ်ရသည့် အကြောင်းနှင့် ငြိမ်းချမ်း ရေးပန်းတိုင်ဆီ တို့သွားမည်ဟူသည့် ခေါင်းစဉ် တို့ဖြင့် ဆွေးနွေးဟောပြောကြသည်။

 


ယင်းနောက်   တက်ရောက်လာကြသည့် ဆရာတော်များဦးဆောင်၍       ငြိမ်းချမ်းရေး ချိုးဖြူငှက်များကို          အထိမ်းအမှတ်အဖြစ် လွှတ်ပေးကြသည်။ ဆက်လက်၍ ငြိမ်းချမ်းရေး  လိုလားသူပြည်သူများက       “ပြည်ထောင်စု မပြိုကွဲရေး-ဒို့အရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး - ဒို့အရေး၊ အချုပ်အခြာ အာဏာ    တည်တံ့ခိုင်မြဲရေး-        ဒို့အရေး၊ ပြည်ထောင်စုကြီး    ငြိမ်းချမ်းရေး-   ဒို့အရေး၊ ပြည်ပစွက်ဖက်မှု   အန္တရာယ်      ဆန့်ကျင် တိုက်ဖျက်ရေး- ဒို့အရေး၊      ငြိမ်းချမ်းရေး ပျက်ပြားအောင် ဖျက်ဆီးနေသူများ ကျဆုံး ရေး- ဒို့အရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကြီး အောင်ရမည်” စသည့် ကြွေးကြော်သံများဖြင့် ကြွေးကြော်၍   ထောက်ခံပွဲကို   ရုပ်သိမ်းခဲ့ ကြောင်း သတင်းရရှိသည်။     


     သတင်းစဉ်