တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

နေပြည်တော်    မေ   ၂၂


တိုင်းဒေသကြီးနှင့်   ပြည်နယ် အသီးသီး၌    သံဃာတော်များ၊ သာသနာ့နွယ်ဝင်  သီလရှင်များ၊ ဘာသာရေး  ခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာ မရွေး    အသက်  ၄၀ အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ၊     နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်   စခန်းများ အတွင်းရှိ  ပြည်သူများ၊ အသက်  ၁၂ နှစ်အထက်   အခြေခံပညာ အလယ်တန်းနှင့်   အထက်တန်း အဆင့် ကျောင်းသား ကျောင်းသူ များစသည့်    ဦးတည်အုပ်စုများ သတ်မှတ်၍      တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများ မှ    ဆရာဝန်များ၊  သူနာပြုများ၊ ကျန်းမာရေး   ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ် ဆေးထိုးခြင်း     လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

 


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသ ကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်  ၌    ဒေသခံပြည်သူ  ၇၇၈၈  ဦး၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် အတွင်းရှိ   မြို့နယ် ၁၀ မြို့နယ်၌ ဒေသခံပြည်သူ    ၄၂၄၉  ဦးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်   ခုနစ်ခုမှ    ဒေသခံပြည်သူ ၃၄၁၂၀   တို့ကို        တပ်မတော် ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံ များမှ   ဆရာဝန်များ၊   သက်ဆိုင် ရာ    ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး ထိုးနှံပေးခြင်းများ ဆောင် ရွက်ပေးသည်။

 


ယင်းသို့ ဆောင်ရွက်ပေးနေမှု များကို သက်ဆိုင်ရာ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များမှ  တာဝန်ရှိ သူများက   သွားရောက်ကြည့်ရှု အားပေးပြီး   လိုအပ်သည်များ ညှိနှိုင်း    ဆောင်ရွက်ပေးခဲ့ကြ ကြောင်း သိရသည်။


သတင်းစဉ်