ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အရာရှိစွမ်းရည်မြှင့်သင်တန်းဆင်း

 

နေပြည်တော်  မေ  ၂၁


ဌာန၏လုပ်ငန်းများကို  အမှန်တကယ်  ထိထိ ရောက်ရောက်        အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်နှင့်     ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာစေရန်  ရည်ရွယ်ဖွင့်လှစ်ခဲ့သော       ပြန်ကြားရေး ဝန်ကြီးဌာန    ပြန်ကြားရေးနှင့်   ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန      အရာရှိစွမ်းရည်မြှင့် သင်တန်း (၁/၂၀၂၂) ဆင်းပွဲကို  နေပြည်တော် ရှိ   ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန      သင်တန်းကျောင်း၌ မေ ၂၀ ရက်က ကျင်းပသည်။

 


သင်တန်းဆင်းပွဲသို့        ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန    ညွှန်ကြားရေး မှူးချုပ် ဦးအေးကြွယ်၊  ဒုတိယ  ညွှန်ကြားရေး မှူးချုပ် ဦးကျော်ဇင်စိုး၊ ညွှန်ကြားရေးမှူးများ နှင့်  တာဝန်ရှိသူများ     တက်ရောက်ကြပြီး   ညွှန်ကြားရေးမှူးချုပ်က       သင်တန်းဆင်း အမှာစကားပြောကြား၍     သင်တန်းသား ခေါင်းဆောင်ထံ  သင်တန်းဆင်းလက်မှတ်များ ကို ပေးအပ်သည်။

 

အဆိုပါ အရာရှိစွမ်းရည်မြှင့် သင်တန်း (၁/၂၀၂၂) ကို နှစ်ပတ်ကြာ ဖွင့်လှစ် သင်ကြားပေးခဲ့ပြီး သင်တန်းသို့ တိုင်းဒေသကြီး နှင့်ပြည်နယ်များမှ လက်ထောက်ညွှန်ကြားရေး မှူး ၃၄ ဦး တက်ရောက်ကြကြောင်း သိရသည်။

 


ခရိုင် (ပြန်/ဆက်)