
နေပြည်တော် မေ ၂၁
တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင် အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာ ရေးကျောင်းများသို့ ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး နှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်း ခြင်း၊ နေ့ဆွမ်းများ ဆက်ကပ် လှူဒါန်းလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့ရှိ ဘော်ကြိုဘုရားကြီး ကျောင်း တိုက်၊ ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် မင်းစုကျေးရွာရှိ မင်းစုကျောင်းတိုက်၊ သန်လျင် မြို့နယ် လက်ယက်စမ်းကျေးရွာရှိ စန်းသီတာသီလရှင် ပညာရေး ကျောင်းတိုက်၊ ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့ရှိ မရမ်း ကျောင်းတိုက်၊ စစ်ကိုင်းတိုင်းဒေသ ကြီး ခန္တီးမြို့ရှိ နန္ဒဝန်ကျောင်း တိုက်နှင့် မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် သဲဖြူ ကျေးရွာရှိ ဘုန်းတော်ကြီး ကျောင်းတို့ရှိ သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များ အား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ နဝကမ္မအလှူငွေ များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေး အထောက်အကူပြုပစ္စည်း များ၊ နေ့ဆွမ်းများနှင့် လှူဖွယ် ပစ္စည်းများကို တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်