ပြန်ကြားရေးဝန်ကြီးဌာနက တွံတေးမြို့ မင်္ဂလာလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာရှိ ကျောင်းသား ကျောင်းသူများအတွက် နေ့လယ်စာ အလှူငွေနှင့် စာအုပ်စာစောင်များ လှူဒါန်း

 

မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ကျင်းပသည့် တေးဂီတဖျော်ဖြေပွဲ တိုက်ရိုက်၊ ရိုက်ကူးထုတ်လွှင့်ရေး ဆောင်ရွက်မှုကို ကြည့်ရှုစစ်ဆေး 

 

ရန်ကုန်    မေ    ၂၁


ပြန်ကြားရေးဝန်ကြီးဌာနက  မင်္ဂလာ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာရှိ ကျောင်းသား ကျောင်းသူများအတွက်  နေ့လယ်စာ   အလှူငွေနှင့်      စာအုပ်စာစောင်များ လှူဒါန်းပွဲကို  ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး            တွံတေးမြို့ ဘုရားကြီးစံပြကျေးရွာရှိ အဆိုပါလူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာ၌ ကျင်းပသည်။

 


ရှေးဦးစွာ     ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းသည် ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ်  ဦးဌေးအောင်၊  ရုပ်ရှင်အနုပညာရှင် များ၊ ဌာနဆိုင်ရာ အကြီးအကဲများ နှင့်အတူ   နံနက် ၁၀ နာရီတွင် တွံတေးမြို့  မင်္ဂလာလူငယ်ဖွံ့ဖြိုး ရေးပရဟိတဂေဟာသို့ ရောက်ရှိ ပြီး     ပရဟိတဂေဟာ   နာယက ဆရာတော် ဘဒ္ဒန္တ အာဒိစ္စဝံသနှင့် သံဃာတော်များအား   ဖူးမြော် ကြည်ညိုကာ   ငါးပါးသီလ ခံယူ ဆောက်တည်ကြသည်။

 


ထို့နောက် ဆရာတော်သံဃာ တော်များအား  လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကာ   ကျောင်း သား ကျောင်းသူများအား နေ့လယ် စာ ကျွေးမွေးလှူဒါန်းသည်။

 


ယင်းနောက် မင်္ဂလာလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာခန်းမ၌  ကျောင်းသား    ကျောင်းသူများ အတွက်   အလှူငွေနှင့်   စာအုပ် လှူဒါန်းပွဲ၊ မြန်မာ့အသံနှင့် ရုပ်မြင် သံကြားမှ    တေးဂီတအဖွဲ့ဖြင့် ဖျော်ဖြေတင်ဆက်ပွဲကို ကျင်းပရာ    ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး       ဥပဒေချုပ်တို့က ကျောင်းသား    ကျောင်းသူများကို  အားပေးစကား        ပြောကြားကြသည်။

 


ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးက မင်္ဂလာလူငယ်ဖွံ့ဖြိုးရေး  ပရဟိတဂေဟာရှိ ကျောင်းသား ကျောင်းသူများအတွက် နေ့လယ်စာ  အလှူငွေကျပ် ၁၀ သိန်း  နှင့် စာပေဗိမာန်ထုတ်  သုတ  ရသ စာအုပ်စာစောင်များကို      ပေးအပ် လှူဒါန်းသည်။

 


ထို့နောက်   တိုင်းဒေသကြီး ဥပဒေချုပ်က     ပရဟိတဂေဟာ အတွက် အလှူငွေကျပ် ငါးသိန်း ကို ပေးအပ်လှူဒါန်းသည်။
ယင်းနောက်   ကျောင်းသား ကျောင်းသူများအား မြန်မာ့အသံ နှင့် ရုပ်မြင်သံကြားမှ တေးသံရှင် များနှင့် ဧည့်သည်တော် အနုပညာ ရှင်များက   တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

 


မင်္ဂလာ   ပရဟိတဂေဟာကို ၁၉၉၉   ခုနှစ်   မေ ၂၈ ရက်တွင် စတင်  တည်ထောင်ဖွင့်လှစ်ခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာန၏   အသိ အမှတ်ပြု တတိယအဆင့် ပရဟိတ ဂေဟာဖြစ်ကာ       လက်ရှိတွင် မွေးကင်းစ   ၂၂ ဦး၊     မူလတန်း ၂၉ ဦး၊   အလယ်တန်း   ၂၉ ဦးနှင့် အထက်တန်း ၁၅ ဦး၊ တက္ကသိုလ် ငါးဦး စုစုပေါင်း ၁၀၀ ကို  လက်ခံ ထားရှိ    ပြုစုပျိုးထောင်လျက်ရှိ ကြောင်း သိရသည်။    

 


 ယမန်နေ့  ညပိုင်းကလည်း  ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန် မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ကျင်းပပြုလုပ် သည့် Friday Night Live Show တေးဂီတဖျော်ဖြေပွဲ  တိုက်ရိုက်၊ ရိုက်ကူးထုတ်လွှင့်ရေး ဆောင်ရွက် မှုကို ကြည့်ရှုစစ်ဆေးပြီး အဆိုပါ ဖျော်ဖြေပွဲသို့ တက်ရောက်ကြည့်ရှု အားပေးကြသော ရုပ်ရှင်၊ သဘင်၊ ဂီတအနုပညာရှင်များနှင့် ထုတ်လုပ် သူများ၊ သတင်း / စာနယ်ဇင်း ဆရာများနှင့်     ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်အားပေးသည်။

 


အဆိုပါရိုက်ကူးရေးမစတင်မီ ပြည်ထောင်စုဝန်ကြီးသည် ရုပ်ရှင်၊ သဘင်၊ ဂီတ အနုပညာရှင်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး ပြည်သူများ  အပန်းပြေစေရန်နှင့် စိတ်ခွန်အားသစ်များ  ရရှိနိုင်ရန် အတွက်   အနုပညာရှင်များက တတ်စွမ်းသော    အနုပညာဖြင့် ကြိုးပမ်းလုပ်ဆောင်နိုင်ရေး၊ အနု ပညာလုပ်ငန်းများ     ကျယ်ကျယ် ပြန့်ပြန့်ဖြင့် ဆောင်ရွက်လာနိုင်မှု နှင့်အတူ အနုပညာလောက ဖွံ့ဖြိုး တိုးတက်ရေးတို့ကို    ဆွေးနွေး ပြောကြားပြီး   လိုအပ်သည်များ ညှိနှိုင်း   ပေါင်းစပ်ဆောင်ရွက် ပေးသည်။

 


ထို့နောက်    ပြည်ထောင်စု ဝန်ကြီးသည်    အနုပညာရှင်များ၊ ထုတ်လုပ်သူများ၊ သတင်း/စာနယ် ဇင်း ဆရာများ၊ ပရိသတ်များနှင့် အတူ “မနှင့်မောင်”   တေးဂီတ ဖျော်ဖြေပွဲ တိုက်ရိုက်၊  ရိုက်ကူး ထုတ်လွှင့်မှုကို တက်ရောက်ကြည့်ရှု အားပေးကာ ဖျော်ဖြေတင်ဆက်ခဲ့ ကြသော    မြန်မာ့အသံ ခေတ်ပေါ် တေးဂီတအဖွဲ့နှင့်   အနုပညာရှင် များအား   ရင်းရင်းနှီးနှီး   လိုက်လံ နှုတ်ဆက်ခဲ့သည်။    

သတင်းစဉ်