
နေပြည်တော် မေ ၂၁
အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်တက်ရောက်လျက်ရှိ သော ကျောင်းသား ကျောင်းသူ များအတွက် ပညာသင်ထောက်ပံ့ ငွေများ ပေးအပ်ခြင်း အခမ်းအနား ကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ် ဌာနချုပ် ရန်အောင်မြင်ခန်းမ၌ ကျင်းပရာ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အမှာစကား ပြောကြားပြီး ကျောင်းသား ကျောင်းသူများအား ပညာသင် ထောက်ပံ့ငွေများ ပေးအပ်ရာ ကျောင်းသား ကျောင်းသူများ ကိုယ်စား ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။
ထို့နောက် တိုင်းမှူးက အရာရှိ၊ စစ်သည်၊ မိသားစုများ နှင့် ကျောင်းသား ကျောင်းသူများ အား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်