တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

နေပြည်တော်    မေ   ၂၀


တိုင်းဒေသကြီးနှင့်    ပြည်နယ် အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင်   သီလရှင်များ၊ ဘာသာရေး   ခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး  ဘာသာ မရွေး   အသက် ၄၀   အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား အကျဉ်းသူများ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ၊ နာတာရှည်ရောဂါအခံရှိသူ များ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်   စခန်းများ အတွင်းရှိ ပြည်သူများ၊   အသက် ၁၂  နှစ်အထက်   အခြေခံပညာ အလယ်တန်းနှင့်  အထက်တန်း အဆင့် ကျောင်းသား ကျောင်းသူ များစသည့်    ဦးတည်အုပ်စုများ သတ်မှတ်၍         တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများ မှ ဆရာဝန်များ၊   သူနာပြုများ၊ ကျန်းမာရေး   ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ် ဆေးထိုးခြင်း     လုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက် ပေးလျက်ရှိသည်။

 


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မွန်ပြည်နယ်နှင့် ကရင် ပြည်နယ်အတွင်းရှိ  မြို့နယ် ၁၃ မြို့နယ်တို့၌     ဒေသခံပြည်သူ ၃၈၆၉ ဦး၊ ဧရာဝတီတိုင်းဒေသ ကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ် တို့၌ ဒေသခံပြည်သူ ၉၀၃၉  ဦး၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် အတွင်းရှိ မြို့နယ် ၁၄    မြို့နယ် တို့၌  ဒေသခံပြည်သူ ၁၀၀၇၅ ဦး၊   မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်ခုနစ်ခုမှ     ဒေသခံပြည်သူ ၂၃၈၂၀   တို့ကို   တပ်မတော်မှ ဆေးအဖွဲ့များက   ပြည်သူ့ဆေးရုံ များမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့်ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး ခြင်းများ   ဆောင်ရွက်ပေးသည်။

 


ယင်းသို့ ဆောင်ရွက်ပေးနေမှု များကို သက်ဆိုင်ရာ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များမှ  တာဝန်ရှိသူ များက သွားရောက်ကြည့်ရှုအားပေး ပြီး   လိုအပ်သည်များ     ညှိနှိုင်း ဆောင်ရွက်     ပေးခဲ့ကြကြောင်း သတင်းရရှိသည်။      

သတင်းစဉ်