အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဗဟိုအဖွဲ့ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော်    မေ   ၂၀


အလုပ်အကိုင်နှင့်   ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး ဗဟိုအဖွဲ့ ပထမအကြိမ်  လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို  ယနေ့ နံနက်ပိုင်းတွင်   နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန  အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 


အစည်းအဝေးသို့ အလုပ်အကိုင်နှင့် ကျွမ်းကျင် မှုဖွံ့ဖြိုးတိုးတက်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ အလုပ်သမား ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး    ဦးမြင့်ကြိုင်၊ အလုပ်အကိုင်နှင့်ကျွမ်းကျင်မှု   ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုအဖွဲ့ အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဥက္ကဋ္ဌ(၁) ဒေါက်တာချာလီသန်း၊ ဒုတိယ ဥက္ကဋ္ဌ(၂) ဒေါက်တာညွန့်ဖေ၊      ဦးတင်ထွဋ်ဦး၊ ဒေါက်တာ မျိုးသိန်းကျော်၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးရွှေလေး၊ ဒေါက်တာ သက်သက်ခိုင်၊  ဒေါက်တာ ဌေးအောင်၊    နေပြည်တော်စည်ပင်သာယာရေး ကော်မတီ ဒုတိယမြို့တော်ဝန်    ဦးမောင်မောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဗိုလ်ချုပ် ဖြိုးသန့်၊ ဦးအောင်ကျော်ထွန်း၊ ဦးဝင်းရှိန်တို့    တက်ရောက် ကြပြီး Online မှ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် မန္တလေး မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့တော်ဝန် ဦးကျော်ဆန်း၊   တိုင်းဒေသကြီး/  ပြည်နယ်အစိုးရ အဖွဲ့များမှ အလုပ်သမားရေးရာဆိုင်ရာ ဝန်ကြီးများ၊ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာ နိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ်၊      မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်၊   ပြည်တွင်း အလုပ်အကိုင်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းရှင်များ အသင်းနှင့် မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်တို့မှ   တာဝန်ရှိသူများ တက်ရောက်ကြသည်။

 


ကျွမ်းကျင်လုပ်သားများ မွေးထုတ်


ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြား ရာတွင်  ၂၀၂၁ ခုနှစ် ဩဂုတ် ၁၇ ရက်က ကျင်းပပြုလုပ် ခဲ့သည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်ဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေးတွင် နိုင်ငံတော်ဝန်ကြီး ချုပ်က “ပြည်ထောင်စုနယ်မြေ နေပြည်တော်သည် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ  ရုံးစိုက်ရာဒေသ ဖြစ်သည့်အတွက် လူ့စွမ်းအားအရင်းအမြစ်  ဖွံ့ဖြိုး တိုးတက်ရေးကို   အလေးပေးဆောင်ရွက်ရန်နှင့် ကျွမ်းကျင်လုပ်သားများ     မွေးထုတ်ပေးနိုင်ရေး ဆောင်ရွက်ရန်” နှင့် “စက်မှုဇုန်များ စံပြဖြစ်စေရေး အတွက် Skilled Labour များအား အဆင့်အလိုက် Certificate ထုတ်ပေးနိုင်ရေးဆောင်ရွက်ရန်၊ စက်ရုံ အားလုံး မှတ်ပုံတင်နိုင်ရန်နှင့် SME  လုပ်ငန်းများ စနစ်တကျရှိစေရေး စီမံဆောင်ရွက်ရန်” လမ်းညွှန် ခဲ့သည့်အတွက် မြန်မာနိုင်ငံအတွင်း အလုပ်လုပ်ကိုင် နိုင်သည့် အသက်အရွယ်ရှိ အလုပ်အကိုင်ရှာဖွေနေ သူများအား အသက်အရွယ်နှင့်   သင့်လျော်သော အလုပ်အကိုင်ရွေးချယ်ရေး၊ အလုပ်အကိုင်ရရှိရေး၊ အလုပ်ခွင်တည်မြဲရေးနှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက် ရေးတို့တွင် ကူညီရန်၊   လုပ်ငန်းခွင်နှင့်  ကိုက်ညီ သင့်လျော်သည့် အလုပ်သမားရရှိရေးအတွက် အလုပ် ရှင်များအား ကူညီရန်၊ လွယ်ကူသော အလုပ်အကိုင် အခွင့်အလမ်းများနှင့် လုပ်ငန်းများ စီမံဆောင်ရွက် နိုင်ရန် ရည်ရွယ်ပြီး အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဗဟိုအဖွဲ့၏       ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး         ကျင်းပရခြင်းဖြစ် ကြောင်း ပြောကြားသည်။

 


ထို့နောက် အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဗဟိုအဖွဲ့ အတွင်းရေးမှူး အလုပ်သမား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်က  အလုပ် အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများနှင့်  တွဲဖက် အတွင်းရေးမှူး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က  ဆုံးဖြတ်ရန်အချက်များနှင့် မှတ်တမ်းတင်ရန်အချက်များကို     တင်ပြဆွေးနွေး သည်။

 


ဆက်လက်၍ အစည်းအဝေးသို့  တက်ရောက် လာသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက  Test Item Database   တည်ထောင်ထားရှိမှုနှင့် ကုန်ကျစရိတ်များကို နိုင်ငံတော်ဘတ်ဂျက်မှ ပုံမှန် ကျခံ သုံးစွဲခွင့်ပြုရေးနှင့်ပတ်သက်၍လည်းကောင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က စံချိန်စံညွှန်း သတ်မှတ် ရေးအတွက် နိုင်ငံတကာစံချိန်စံညွှန်းများကို ရယူသင့် ကြောင်းနှင့် ပတ်သက်၍လည်းကောင်း၊ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင် ဝင်းက နည်းဥပဒေကို အမြန်ဆုံးရေးဆွဲ၍    အကောင် အထည်ဖော် ဆောင်ရွက်ရေးနှင့်ပတ်သက်၍ လည်း ကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က    မြန်မာလုပ်သားထု ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်စေရန်     ကျွမ်းကျင်မှု  စစ်ဆေးအကဲဖြတ်ရေးအတွက် လုပ်သားတစ်ဦးချင်း   ကုန်ကျစရိတ်များကို ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီ သုံးစွဲနိုင်ရေး လုပ်သားတစ်ဦး ကုန်ကျစရိတ်များကို စိစစ်အတည်ပြု၍ စစ်ဆေးအကဲဖြတ်ရေးလုပ်ငန်း စဉ်များ ဆောင်ရွက်ရေးနှင့် ပတ်သက်၍    လည်း ကောင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဒေါက်တာဌေးအောင်က လုပ်သားများ၏   ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရေး၊  ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး      ရန်ပုံငွေထူထောင်ရေးနှင့် ပတ်သက်၍   လည်းကောင်း၊     ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင် ကျော်ထွန်းက လုပ်သားတစ်ဦး ကျွမ်းကျင်မှုအဆင့်-၁ စစ်ဆေးအကဲဖြတ်ရာတွင်   လိုအပ်သည့်ပစ္စည်း ဝယ်ယူရန် ကုန်ကျစရိတ်များနှင့် ပတ်သက်၍ လည်း ကောင်း ဆွေးနွေးခဲ့ကြပြီး ဒုတိယဥက္ကဋ္ဌ(၁) စက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီ သန်းက နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ အမြန်ဆုံး ရေးဆွဲရေးအတွက်    ကျွမ်းကျင်သူများပါဝင်ရေး၊ အလုပ်ရှင်များ ထည့်ဝင်ကြေးနှင့် ပတ်သက်၍ လည်း ကောင်း၊ Skills Development နှင့်ပတ်သက်ပြီး နိုင်ငံတကာစံချိန်စံညွှန်းများ၊ လုပ်နည်းလုပ်ဟန်များ ကိုအခြေခံ၍ ရေးဆွဲရေး နှင့် ပတ်သက်၍လည်းကောင်း  သုံးသပ်ဆွေးနွေးသည်။ 

 


အကြံပြုဆွေးနွေးတင်ပြ


ယင်းနောက် Online မှ တက်ရောက်လာကြ သည့်  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည် များနှင့်  စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊   တွဲဖက်အထွေထွေအတွင်း ရေးမှူး ဒေါ်ခိုင်ခိုင်နွယ်၊   မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ်      ဥက္ကဋ္ဌ ဦးစိုးမင်းအောင်နှင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရန်ဝင်းတို့မှ ဆုံးဖြတ်ရန်အချက် များနှင့်ပတ်သက်၍    အကြံပြုဆွေးနွေးတင်ပြကြသည်။  

 


ဆက်လက်၍ အစည်းအဝေးတွင် မှတ်တမ်းတင် ရန်အချက်များ အတည်ပြုခြင်းနှင့် ရှေ့လုပ်ငန်းစဉ် များကို  ချမှတ်ခဲ့ပြီး အလုပ်အကိုင်နှင့်ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ  အလုပ်သမား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက  နိဂုံးချုပ်စကား ပြောကြားသည်။                              

သတင်းစဉ်