ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ပျဉ်းမနားမြို့နယ် နွေစပါးစံကွက်ရိတ်သိမ်းပွဲအခမ်းအနားသို့ တက်ရောက်အားပေး

 

နေပြည်တော်   မေ    ၂၀


နေပြည်တော်  ကောင်စီနယ်မြေ အတွင်း  သီးနှံစိုက်ပျိုးထုတ်လုပ်မှု ကိန်းဂဏန်း    အချက်အလက် များ မှန်ကန်စေရေး၊ လယ်ယာမြေ အသုံးချမှုမှန်ကန်ရေး၊ မျိုးကောင်း မျိုးသန့်များ သုံးစွဲနိုင်ရေး၊ စိုက်ပျိုး ရေနှင့် သွင်းအားစုများ   အလေ အလွင့်မရှိ အကျိုးရှိထိရောက်စွာ အသုံးချနိုင်ရေးတို့အတွက်  သက် ဆိုင်သူအားလုံးတို့က   ပူးပေါင်း ပါဝင်ဆောင်ရွက်ကြစေလိုကြောင်း၊ မေ   ၁၉  ရက်    နံနက်ပိုင်းက နေပြည်တော်         ဒက္ခိဏခရိုင် ပျဉ်းမနားမြို့နယ် မယ်ဇလီကုန်း ကျေးရွာအုပ်စု        ကွင်းအမှတ် ၁၆၆၃ တွင် ကျင်းပသည့် နွေစပါး စံကွက်ရိတ်သိမ်းပွဲ  အခမ်းအနား တွင်  စိုက်ပျိုးရေး၊     မွေးမြူရေး နှင့်     ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ် ဦးက ပြောကြားသည်။

 


အခမ်းအနားသို့ နေပြည်တော် ကောင်စီဥက္ကဋ္ဌ           ဒေါက်တာ မောင်မောင်နိုင်၊          စိုက်ပျိုးရေး၊  မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန ဒုတိယဝန်ကြီး     ဒေါက်တာ အောင်ကြီး၊     ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား   စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန      ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်၊ နေပြည်တော် ကောင်စီဝင်များ၊   ဦးစီးဌာနများ မှ   ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်များမှ   ပါမောက္ခချုပ် များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ဒေသ နေ တောင်သူများ   တက်ရောက် ကြသည်။

 


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး က   နှုတ်ခွန်းဆက်အမှာစကား ပြောကြားပြီး    လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင် ဦးနှင့်       စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်  ဒေါက်တာ ရဲတင့်ထွန်းတို့က နွေစပါးသီးနှံ စံကွက်ရိတ်သိမ်းရာတွင် ဝန်ကြီး ဌာန၏ သတ်မှတ်စံချိန်စံညွှန်းများ နှင့်အညီ   ချိန်တွယ်တွက်ချက် မည့်  ပစ္စည်းကိရိယာဆိုင်ရာများ၊ စံကွက်ရိတ်သိမ်း တွက်ချက်မှုအဖွဲ့ တွင် ဌာနအသီးသီးမှ   ကိုယ်စား လှယ်များ   ပါဝင်ဖွဲ့စည်းထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

 


ထို့နောက်       ပြည်ထောင်စု ဝန်ကြီးနှင့် အခမ်းအနား   တက် ရောက်လာကြသူများက နွေစပါး စံကွက်ရိတ်သိမ်းခြင်းနှင့် စံကွက် အထွက်တိုင်းတာမည့်      ပစ္စည်း ကိရိယာများအား ကြည့်ရှုစစ်ဆေး ကြသည်။

 


ယနေ့   စံကွက်ရိတ်သိမ်းပွဲ ကျင်းပသည့် နွေစပါးမှာ GW-11 စပါးမျိုးကို   တစ်ကွင်းတစ်စပ် တည်း ဧက ၃၅၀  စိုက်ပျိုးခဲ့ခြင်း ဖြစ်ပြီး စံကွက်ရိတ်သိမ်းတွက်ချက် မှုအရ တစ်ဧကလျှင် စပါးအခြောက် ၁၄၃ ဒသမ ၈၄ တင်းနှုန်း ထွက်ရှိ ကြောင်း၊   အဆိုပါ  စပါးမျိုးမှာ တောင်သူကိုယ်တိုင် မျိုးထိန်းမျိုးချန် စိုက်နိုင်သည့်    အထွက်ကောင်း စပါးမျိုးဖြစ်ကြောင်း သိရသည်။

 


၂၀၂၀-၂၁ ဘဏ္ဍာနှစ်အတွင်း တစ်နိုင်ငံလုံး၌       နွေစပါးဧက ၂ ဒသမ ၄ သန်း    စိုက်ပျိုးခဲ့ပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော် တွင် မိုးစပါးဧက ၂၈၀၀၀ ကျော် စိုက်ပျိုးနိုင်ခဲ့သဖြင့် လျာထားဧက ထက် ဧက ၉၀၀၀ ခန့်  ပိုမိုစိုက်ပျိုးနိုင် ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်