တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာကော်မတီအစည်းအဝေး အမှတ်စဉ် ( ၆ /၂၀၂၂) ကျင်းပ

 

နေပြည်တော်     မေ    ၂၀ 


တိုင်းရင်းသားရေးရာ၊ ပြည်သူ့ ရေးရာစီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှု ရေးရာကော်မတီ   အစည်း အဝေး အမှတ်စဉ်  (၆/၂၀၂၂) ကို   ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ကာကွယ်ရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။

 


အစည်းအဝေးသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင်များ ဖြစ်ကြသည့်            ဗိုလ်ချုပ်ကြီး မြထွန်းဦး၊    စောဒန်နီယယ်နှင့် ဒေါက်တာ             ဗညားအောင်မိုး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြ သည့်      ဦးချစ်နိုင်၊   ဒေါက်တာ သက်သက်ခိုင်နှင့်    ဦးစောထွန်း အောင်မြင့်၊   ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြား ရေးမှူးချုပ်များနှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။

 


အစည်းအဝေးတွင် တိုင်းရင်း သားရေးရာ၊    ပြည်သူ့ရေးရာစီမံ ခန့်ခွဲမှုနှင့်    ဝန်ဆောင်မှုရေးရာ ကော်မတီဥက္ကဋ္ဌ   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင် ကာကွယ် ရေးဝန်ကြီးဌာန   ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက  အဖွင့်အမှာစကား   ပြောကြား သည်။

 


ထို့နောက်   တိုင်းရင်းသား ရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲနှင့် ဝန်ဆောင်မှုရေးရာ    ကော်မတီ အတွင်းရေးမှူး   ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က     အစည်း အဝေး   အမှတ်စဉ်   (၅ /၂၀၂၂) အစည်းအဝေး ဆုံးဖြတ်ချက်များ နှင့် ဆောင်ရွက်ထားရှိမှု  အခြေ အနေများကို ရှင်းလင်းတင်ပြသည်။ 

 


ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဒုတိယ ဝန်ကြီး   ဦးရဲတင့်၊   ဦးအေးထွန်း၊ ဒေါက်တာအောင်ကြီး၊ ဦးထွန်းအုံ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြား ရေးမှူးချုပ်များနှင့်    တာဝန်ရှိသူ များက ကော်မတီသို့ ပြည်ထောင်စု ဝန်ကြီးဌာနများမှ   ပေးပို့တင်ပြ လာသည့် အမှာစာကိစ္စရပ်များကို သက်ဆိုင်ရာ  ကဏ္ဍများအလိုက်  ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ ကော်မတီဥက္ကဋ္ဌ က ပြည်ထောင်စုဝန်ကြီးဌာနများ မှ   တင်ပြလာကြသည့် အမှာစာ ကိစ္စရပ်များကို       နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၊    စီမံခန့်ခွဲ ရေး    ကော်မတီအစည်းအဝေးသို့ ဆက်လက်တင်ပြရန် ကိစ္စရပ်များ နှင့် ကော်မတီ၏အဆုံးအဖြတ်ဖြင့် ဆောင်ရွက်ရန်   ကိစ္စရပ်များကို အတည်ပြုသည်။ 

 


ထို့နောက်     လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်    ပြန်လည် နေရာချထားရေး     ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊       စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ဒုတိယဝန်ကြီး  ဒေါက်တာ အောင်ကြီး၊      လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဟိန်းထက်တို့က တိုင်းရင်းသား ရေးရာ၊  ပြည်သူ့ရေးရာစီမံခန့်ခွဲမှု နှင့် ဝန်ဆောင်မှုရေးရာကော်မတီ ၏   ယခင်အစည်းအဝေးများတွင် ကော်မတီဝင်များက         တင်ပြ ဆွေးနွေးချက်များအပေါ် အစည်း အဝေးဆုံးဖြတ်ချက်ပါ ဆောင်ရွက် ရန်ကိစ္စများနှင့်စပ်လျဉ်း၍ ဝန်ကြီး ဌာနများမှ   ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို      ပြန်လည် ရှင်းလင်းတင်ပြသည်။

 


ယင်းနောက်  အစည်းအဝေးသို့  တက်ရောက်လာကြသည့် ဒုတိယ ဝန်ကြီး   ဒေါက်တာ   အောင်ကြီး၊ ဦးဇော်ဝင်း၊ ဦးမင်းထိန်နှင့် တာဝန် ရှိသူများက တိုင်းရင်းသားရေးရာ ကိစ္စရပ်များ၊       ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုနှင့်  ဝန်ဆောင်မှုရေးရာ ကိစ္စရပ်များကို သက်ဆိုင်ရာကဏ္ဍ များအလိုက် ရှင်းလင်းတင်ပြ ကြရာ ကော်မတီဥက္ကဋ္ဌက ဖြည့်စွက် ဆွေးနွေးသည်။

 


ထို့နောက်   တိုင်းရင်းသား ရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု နှင့် ဝန်ဆောင်မှုရေးရာ ကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး         မြထွန်းဦးက နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို   ရုပ်သိမ်းလိုက် သည်။ 


သတင်းစဉ်