မြန်မာနိုင်ငံစာရေးဆရာအသင်း တတိယအကြိမ်ညီလာခံကျင်းပရန် အလှူငွေလှူဒါန်း

 

ရန်ကုန်   မေ   ၂၀


မြန်မာနိုင်ငံစာရေးဆရာအသင်း တတိယအကြိမ် ညီလာခံကျင်းပရန် အတွက် အလှူရှင်များက အလှူငွေများ လှူဒါန်းကြရာ (ဗိုလ်ချုပ်ကြီး မဟာသရေစည်သူ စိုးဝင်း) - ဒေါ်သန်းသန်းနွဲ့(မလေး-မုံရွာ)သားသမီး မြေးများမိသားစုက အလှူငွေကျပ် သုံးသိန်း၊ ဒလမြို့နယ်စာရေးဆရာ အသင်းက  အလှူငွေကျပ် တစ်သိန်း(ယာပုံ)၊ ရွှေပြည်သာမြို့နယ် စာရေးဆရာအသင်းက ငွေကျပ် ငါးသောင်း၊ ဒေါက်တာမြင့်ခိုင် (ဥဂ္ဂါညို)၊ ကျောက်တံတားမြို့နယ် စာရေးဆရာအသင်းနှင့် ဦးစံမောင်(စိန်ဂျွန်း စံမောင်)ပန်းဘဲတန်းမြို့နယ်     စာရေးဆရာအသင်းတို့က   ငွေကျပ် သုံးသောင်းစီ၊ ဦးစိုးအောင်(သုတေသီစိုးအောင်) မြိတ်မြို့နယ်က စီဒီချပ် များ ပေးအပ်လှူဒါန်းရာ ဘဏ္ဍာငွေရှာဖွေရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊အသင်းအတွင်းရေးမှူး ဦးညွန့်တင် (မောင်ငြိမ်းသူ-ကြို့ပင်ကောက်)နှင့် တွဲဖက်အတွင်းရေးမှူး ဦးမျိုးထွန်း (မောင်စိမ်းနောင်-လယ်ဝေး)တို့က   လက်ခံရယူပြီး    ကျေးဇူးတင်စကား    ပြန်လည်ပြောကြားသည်။

 
သတင်းစဉ်