
လှိုင်းဘွဲ မေ ၁၉
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ကာကွယ်ဆေးများနှင့် ထပ်ဆောင်း ကာကွယ်ဆေးများ ထိုးနှံပေး လျက်ရှိရာ မေ ၁၇ ရက်အထိ လူဦးရေ ၄၂၀၀ အား ထပ်ဆောင်း ကာကွယ်ဆေး (Booster Dose) ထိုးနှံပြီးစီးပြီဖြစ်ကြောင်းနှင့် မေ ၁၈ ရက်တွင်လည်း ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရ သည်။
ထပ်ဆောင်း ကာကွယ်ဆေး များကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ၏ လမ်းညွှန်မှုဖြင့် ကျန်းမာရေး ဝန်ထမ်းများ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း၍ လှိုင်းဘွဲမြို့ အောင်ဆန်းခန်းမ၊ မြိုင်ကြီးငူ တိုက်နယ်ဆေးရုံ၊ ထီလုံတိုက်နယ်ဆေးရုံ၊ ပိုင်ကျုံ မြို့နှင့် ရှမ်းရွာသစ်တိုက်နယ်ဆေးရုံတို့တွင် ထိုးနှံပေးနေပြီး လက်ရှိ ထိုးနှံပေးပြီးမှုမှာ ကျန်းမာရေးဝန်ထမ်း ၂၅ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၁၄ ဦး၊ ပညာရေး ဝန်ထမ်း ၃၀၄ ဦး၊ နိုင်ငံ့ဝန်ထမ်း ၂၆၅ ဦးနှင့် ပြည်သူ ၃၄၉၂ ဦး ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရ သည်။
စောဒိ (ပြန်/ဆက်)