လာအိုနိုင်ငံမှပြန်လာသည့် အလုပ်သမား ၁၈၁ ဦးအား နေရပ်များသို့ ပြန်လည်ပို့ဆောင်

 

တာချီလိတ်  မေ  ၁၉
လာအိုနိုင်ငံမှ နေရပ်သို့ပြန်လာကြသည့် ရွှေ့ပြောင်းမြန်မာအလုပ်သမား   အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၁၈၁ ဦးအား ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ ကွာရန်တင်းစင်တာတွင် ခုနစ်ရက်ထားရှိပြီးနောက်  မေ ၁၈ ရက်တွင် ၎င်းတို့၏နေရပ်အသီးသီးသို့ မော်တော်ယာဉ်များဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၈၂  ဦးသည်  မေ ၁၄ ရက်က မိုင်းဖုန်း (က)ကျေးရွာအုပ်စု ဝမ်ပုံဆိပ်ကမ်းမှတစ်ဆင့်  ပြန်လည်    ဝင်ရောက်လာခဲ့ကြခြင်းဖြစ်ပြီး တာချီလိတ်မြို့ရှိ စံလင်းဖြိုး ကွာရန်တင်း စင်တာ၌ ခုနစ်ရက်ထားရှိ၍ ကိုဗစ်-၁၉ စစ်ဆေးခဲ့ရာ       အမျိုးသမီးတစ်ဦး တွင်သာ ရောဂါပိုးတွေ့ရှိပြီး  ကျန်သော  ၁၈၁  ဦးမှာ  ရောဂါကင်းစင် ကြောင်း အတည်ပြုချက်ရရှိသဖြင့်   ၎င်းတို့၏နေရပ်  တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ပြန်လည်ပို့ဆောင်ပေးခြင်းဖြစ်ကြောင်းနှင့်       ရောဂါပိုး တွေ့သည့်   အမျိုးသမီးကိုမူ    ကွာရန်တင်းစင်တာ၌    ဆက်ထားပြီး    ကျန်းမာရေးစောင့်ရှောက်မှု ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 
နေရပ်ပြန် ရွှေ့ပြောင်းအလုပ်သမားများကို ခရိုင်/ မြို့နယ် ကြက်ခြေနီ အသင်းဝင်များက ကူညီစောင့်ရှောက်ပေးလျက်ရှိပြီး တာချီလိတ် မြို့နယ်အုပ်ချုပ်ရေးမှူး    ဦးတင်ဦးကျော်နှင့် တာဝန်ရှိသူများကလည်း    လိုအပ်သည်များ ကူညီပေးခဲ့ကြောင်း သိရသည်။ ယာဆေး(ပြန်/ဆက်)