(၁၉) ကြိမ်မြောက် အာဆီယံပြန်ကြားရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးတွင် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဆွေးနွေး

 

နေပြည်တော်     မေ     ၁၉


(၁၉)ကြိမ်မြောက် အာဆီယံပြန်ကြားရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (19th ASEAN Senior Officials Responsible for Information and its related Meetings-19th SOMRI) ကို ယနေ့ နံနက်ပိုင်းက အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ထိုင်းနိုင်ငံမှ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့်ကျင်းပရာ ပြန်ကြားရေးဝန်ကြီး ဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဆွေးနွေးသည်။

 


အဆိုပါ   SOMRI   အစည်း အဝေးများကို အာဆီယံဒေသတွင်း  သတင်း    ပြန်ကြားရေးဆိုင်ရာ လုပ်ငန်းများမှတစ်ဆင့်  အဖွဲ့ဝင် နိုင်ငံများအကြား   အပြန်အလှန် နားလည်မှုနှင့် ယုံကြည်မှုတိုးပွား  ခိုင်မာလာစေရေး လုပ်ငန်းများကို  အဓိကထား   ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍   နှစ်စဉ်ကျင်းပခြင်း ဖြစ်ပြီး        ယင်းအစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်      နိုင်ငံများမှ ပြန်ကြားရေးဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများနှင့် တာဝန်ရှိသူ များ၊   ထိုင်းနိုင်ငံမှ    ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူ များ၊ အာဆီယံ အတွင်းရေးမှူးချုပ် ရုံးမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။

 


အစည်းအဝေးတွင်    ကျင်းပ ပြီးစီးခဲ့သည့် အာဆီယံပြန်ကြား ရေးဆိုင်ရာ အဆင့်မြင့်အရာရှိ ကြီး များ  အစည်းအဝေး၏   လုပ်ငန်း အဖွဲ့ (၃)ခုဖြစ်သည့် ပြန်ကြားရေး၊ မီဒီယာနှင့်    လေ့ကျင့်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ (SOMRI Working Group on Information, Media and Training, WG-IMT) ၊ အစီ အစဉ်         ထုတ်လုပ်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့  (SOMRI   Working Group on Content and Produ-ction, WG-CP)   နှင့်    အာဆီယံ ဒစ်ဂျစ်တယ်   ရုပ်သံထုတ်လွှင့်မှု ဆိုင်ရာလုပ်ငန်းအဖွဲ့       (SOMRI Working  Group  on  ASEAN Digital   Broadcasting,   WG-ADB) တို့၏ အစည်းအဝေး အစီ ရင်ခံစာများအား လက်ရှိလုပ်ငန်း အဖွဲ့ဥက္ကဋ္ဌ တာဝန်ယူထားသည့် နိုင်ငံများမှ ကိုယ်စားလှယ်များက ရှင်းလင်းတင်ပြကြပြီး ဆက်လက် ၍   အာဆီယံ   သတင်းအချက် အလက်နှင့် မီဒီယာကဏ္ဍဆိုင်ရာ မဟာဗျူဟာစီမံချက် ၂၀၁၆-၂၀၂၅ (ASEAN   Strategic   Plan     for Information and Media 2016-2025) ဆိုင်ရာ နောက်ဆုံးဖြစ်ပေါ် တိုးတက်မှု အခြေအနေများနှင့် အာဆီယံပေါင်းစည်း ဆက်သွယ် ရေး      မဟာဗျူဟာ    စီမံချက် အမှတ်(၂) (ASEAN Communi-cation Master Plan-II) နှင့်အညီ နိုင်ငံအလိုက်     ဆောင်ရွက်လျက် ရှိသည့် အစီအစဉ်များအပါအဝင် အာဆီယံပြန်ကြားရေး       ကဏ္ဍ ဆိုင်ရာ     ပူးပေါင်းဆောင်ရွက်မှု  အခြေအနေများကို  ဆွေးနွေးကြ သည်။ 

 


အာဆီယံ            ပြန်ကြားရေး  ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ  အစည်းအဝေးတွင်      အာဆီယံ  ပြန်ကြားရေးဆိုင်ရာ စီမံကိန်းများ၊ ဆက်စပ်သည့် အာဆီယံအစည်း အဝေးများမှ ဆုံးဖြတ်ချက်များနှင့် လက်ရှိ     လုပ်ငန်းစဉ်များအပေါ် သုံးသပ်ဆွေးနွေးခြင်း၊ ရှေ့လုပ်ငန်း စဉ်များအတွက် ပူးပေါင်းဆောင် ရွက်နိုင်မည့်            စီမံကိန်းများ လျာထားခြင်း၊ အာဆီယံပြန်ကြား ရေး   ဝန်ကြီးများ   အစည်းအဝေး  တွင် အတည်ပြုမည့် အစီရင်ခံစာ များ၊        လုပ်ငန်းစဉ်များအပေါ် ပြန်လည်သုံးသပ်ပြီး အကြံဉာဏ်  များ ထပ်ဆောင်းထည့်သွင်းခြင်း၊ အတည်ပြုခြင်းများ ဆောင်ရွက် လေ့ရှိရာ ၂၀၂၃ ခုနှစ်တွင် ကျင်းပ မည့် (၂၀) ကြိမ်မြောက် အာဆီယံ ပြန်ကြားရေးဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးကို ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမည်ဖြစ်ကြောင်း       သိရ သည်။                      

သတင်းစဉ်