ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ ပြည်ပမှအဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော်   မေ   ၁၉
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ   ပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်း နှင့်    နယ်စပ်ကုန်သွယ်ရေးစခန်း များမှ  နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက်   အချိန် နှင့်တစ်ပြေးညီ     စီစဉ်ဆောင်ရွက် ပေးလျက်ရှိရာ  ယနေ့တွင် အပြည် ပြည်ဆိုင်ရာဆိပ်ကမ်းမှ ကုမ္ပဏီ တစ်ခု၊ PPE  ဝတ်စုံ  ၉၅၀၀၀  တင်သွင်းခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်း များကို   သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့်  SOP များနှင့် အညီ  ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိကြောင်းနှင့်    ဆေးဝါး နှင့်  ဆက်စပ်ပစ္စည်းများ တင်သွင်း ခြင်းနှင့်ဆက်စပ်သည့်  အသိပေး ကြေညာချက်များကိုလည်း အများ ပြည်သူသိရှိစေရန်   ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင်  ဝင်ရောက်ကြည့်ရှု နိုင်ရေး   စီစဉ်ဆောင်ရွက်ပေးထား ကြောင်း သိရသည်။  သတင်းစဉ်