
အင်ဒိုနီးရှားအစိုးရက စားအုန်းဆီကြမ်းနှင့် ယင်းထွက်ကုန်များတင်ပို့မှုကို တားမြစ်ပိတ်ပင် ရေး ကြိုးပမ်းနေချိန်တွင် အင်ဒိုနီးရှားသည် အရှေ့တီမောသို့ တင်ပို့မည့် အနည်းဆုံး စားသုံးဆီလီတာ ၈၁၀၀၀ ကို သိမ်းဆည်းခဲ့ ကြောင်း သိရသည်။ ဧပြီလကုန်ပိုင်းက ဂျာဗားကျွန်း၊ ဆူရာဘာရာရှိ Tanjung Perak ဆိပ်ကမ်း၌ ပို့ကုန်ကြေညာလွှာတွင် ဟင်းချက် ဆီစာရင်းမပါဘဲ တင်ပို့မည့် ဟင်းချက်ဆီနှင့် အခြားပစ္စည်းများ တင်ဆောင်ထားသည့် သင်္ဘောကွန်တိန်နာ ရှစ်လုံးထက်မနည်းကို သိမ်းဆည်းရမိခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ ကုန်သွယ်ရေးဝန်ကြီးဌာနက မေ ၁၂ ရက် နှောင်းပိုင်းထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
ကမ္ဘာ့အကြီးဆုံး စားအုန်းဆီထုတ်လုပ် သည့် အင်ဒိုနီးရှားသည် ပြီးခဲ့သောလ နှောင်း ပိုင်းတွင် စားအုန်းဆီကြမ်းနှင့် သန့်စင်ပြီး စားအုန်းဆီထုတ်ကုန်များ တင်ပို့မှုကို ရပ်တန့် လိုက်ခြင်းဖြင့် နိုင်ငံအတွင်းရှိ ဟင်းချက်ဆီ ဈေးနှုန်းများ မြင့်တက်လာမှုကို ထိန်းချုပ်ရန် ကြိုးစားခဲ့သည်။ နေကြာဆီထောက်ပံ့မှု အများ အပြား ဖယ်ရှားခံလိုက်ရသည့် ယူကရိန်းစစ်ပွဲ ကြောင့် ရုန်းကန်နေရသော ကမ္ဘာ့ဟင်းသီးဟင်း ရွက်ဆီဈေးကွက်များသည် တင်ပို့မှုပိတ်ပင် လိုက်ခြင်းကြောင့် လှုပ်ခတ်သွားခဲ့ရသည်။ စားအုန်းဆီသည် ကမ္ဘာ့ဟင်းသီးဟင်းရွက်ဆီ ဈေးကွက်၏ သုံးပုံတစ်ပုံကျော်ရှိပြီး အင်ဒို နီးရှားနိုင်ငံသည် စားအုန်းဆီထောက်ပံ့မှု၏ ၆၀ ရာခိုင်နှုန်းခန့်ရှိသည်။
အင်ဒိုနီးရှား စီးပွားရေးဝန်ကြီး Airlangga Hartarto က နိုင်ငံတစ်ဝန်း စားသုံးဆီ ဈေးနှုန်းများ တစ်လီတာလျှင် အင်ဒိုနီးရှားရူပီး ၁၄၀၀၀ သို့ ကျဆင်းသွားသည်အထိ တင်ပို့မှု ပိတ်ပင်ထားမည်ဟု ပြောကြားခဲ့သည်။ မေလ ၁၂ ရက် ကုန်သွယ်ရေးဝန်ကြီးဌာန၏ အချက် အလက်များအရ စားသုံးဆီတစ်လီတာလျှင် အင်ဒိုနီးရှားရူပီး ၁၆၆၀၀ ဖြင့် ရောင်းချနေ ကြောင်း သိရသည်။