
နေပြည်တော် မေ ၁၉
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးရဲတင့်သည် ယမန်နေ့ မွန်းလွဲပိုင်းက ကော့သောင်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများ အား တွေ့ဆုံကာ လုံခြုံရေးဂရုစိုက် ရန်၊ ထုတ်လွှင့်မှုမပြတ်တောက် ရေး အလေးထားဆောင်ရွက်ရန် မှာကြားသည်။
ယနေ့ နံနက်ပိုင်းတွင် ကော့သောင်းမြို့ ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင် ပြည်သူ့စာကြည့်တိုက်ကို သွားရောက်စစ်ဆေးကာ စာဖတ် သူ၊ စာငှားသူ တိုးတက်လာစေရေး နှင့် ပြည်သူ့ဆက်ဆံရေး အသိ ပညာပေးလုပ်ငန်းများ တိုးတက်မှု ရှိအောင် ဆောင်ရွက်ရန် မှာကြား သည်။
ထို့နောက် ခရိုင်ရုံးတွင် ခရိုင် လက်ထောက် ညွှန်ကြားရေးမှူး နှင့် ဝန်ထမ်းများ၊ ဘုတ်ပြင်း မြို့နယ် ခမောက်ကြီးမြို့၊ ပြည်ကြီး မဏ္ဍိုင်မြို့နှင့် ကရသူရိမြို့တို့မှ ဦးစီးမှူးများ၊ ထပ်ဆင့်လွှင့်စက်ရုံ စက်ရုံမှူးတို့အား တွေ့ဆုံ၍ လူငယ်လူရွယ်များအား အသိ ပညာပေးရေးနှင့် ကျောင်းနေ အရွယ် ကျောင်းသား ကျောင်းသူ များ ကျောင်းအပ်နှံရေးတို့အတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း ဆောင်ရွက်ရန်၊ ပြည်သူများ အကျိုးရှိ၍ သိသင့်သိထိုက်သည့် သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေပေး ရန်နှင့် ဝန်ထမ်းရေးရာ ကိစ္စရပ် များကို မှာကြားပြီး ဝန်ထမ်းများ ၏ တင်ပြချက်များအပေါ် ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ သည်။
သတင်းစဉ်