သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာမျှဝေမှု အစီအစဉ်တွင် လူရွှင်တော်အသင်းနှင့် ကိုလူချောအဖွဲ့တို့မှ မိသားစုများ ပါဝင်ယှဉ်ပြိုင်မည်

 

နေပြည်တော်    မေ    ၁၈


သုတဝေဖြာသီရိဂေဟာ မိသားစု ပြိုင်ပွဲ  အသိပညာပေးအစီအစဉ် (Family Quiz) ပွဲစဉ် (၆၆)ကို မေ ၂၀ ရက်တွင် မြန်မာ့အသံနှင့်ရုပ်မြင် သံကြား၏ MRTV–HD Channel မှ  ဆက်လက်   ထုတ်လွှင့်မည် ဖြစ်သည်။ 

 


အဆိုပါ    ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာမျှဝေမှု အစီအစဉ်ကို အစီအစဉ်တင်ဆက်သူ နေဒွေးနှင့် မိုးဂျူလိုင်တို့က တင်ဆက်ကြမည် ဖြစ်ပြီး    လူရွှင်တော်အသင်းနှင့် ကိုလူချောတို့အဖွဲ့မှ မိသားစုများ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ယင်း ပြိုင်ပွဲများကို မေ ၂၀၊ ၂၁ နှင့် မေ ၂၂ ရက်များတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏  MRTV-HDမှ ညနေ ၆ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်   ပြသသွားမည်ဖြစ် ကြောင်း သိရသည်။  

သတင်းစဉ်