
နေပြည်တော် မေ ၁၈
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စုပေါင်း အစည်းအဝေးခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီက ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြား ရေးမှူးချုပ်များ၊ ဗဟိုသမဝါယမအသင်းမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ် သမဝါယမဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများနှင့် သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌများ တက်ရောက် ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မိမိ တို့ ဝန်ကြီးဌာနအနေဖြင့် မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များချမှတ်ပြီး မြို့ပြနှင့် ကျေးလက်ဒေသ များ ဖွံ့ဖြိုးမှုကို ဆက်စပ်ဆောင်ရွက်နိုင်သည့် ဦးစီးဌာနသုံးခု ပူးပေါင်းဖွဲ့စည်းပေးထားခြင်းဖြစ် ကြောင်း၊ ထုတ်လုပ်၊ ဝန်ဆောင်၊ ကုန်သွယ်သမဝါယမ အသင်းပေါင်း ၃၉၃၉၉ သင်းဖွဲ့စည်းပြီး အခြေခံ ပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားလာစေရေး အထောက်အကူပြုနိုင်ရန်နှင့် အသင်းသားပြည်သူ များ၏ အကျိုးရရှိရေးကို လက်တွေ့ဖော်ဆောင်ရန် လိုကြောင်း။
သမဝါယမအသင်းသစ်များ တိုးချဲ့ဖွဲ့စည်းပြီး အမှုဆောင်ဒါရိုက်တာများ ရွေးချယ် တင်မြှောက်ရာ တွင် လုပ်ငန်းများကျွမ်းကျင်ပြီး တက်ကြွသော ပုဂ္ဂိုလ်များ ပါဝင်လာနိုင်ရေး စည်းရုံးဖွဲ့စည်းသွားကြ ရန် လိုအပ်ပါကြောင်း၊ သမဝါယမကန်ထရိုက် လယ်ယာစနစ်ကို သမဝါယမအသင်းများက ဦးဆောင်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျယ်ပြန့်စွာ ဆောင်ရွက်သွားရန်နှင့် မျိုးစေ့ ထုတ်လုပ်ရေးလုပ်ငန်း၊ စိုက်ပျိုးရေးသွင်းအားစုများ ကို ကုမ္ပဏီများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊ သဘာဝမြေဩဇာများအား အသင်းအချင်းချင်း ချိတ် ဆက်ပြီး ရောင်းချဆောင်ရွက်သွားကြရန် လိုအပ် ကြောင်း၊ ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်ခြင်း အပါ အဝင် စားသုံးဆီဖူလုံရေးအတွက် Supply Chain တစ်ခုလုံးကို သမဝါယမအသင်းအဆင့်ဆင့် လမ်းကြောင်းက ဆောင်ရွက်နိုင်ရေး ကြိုးပမ်း အားထုတ်ကြရန်နှင့် ဒေသအလိုက် ထွက်ရှိသည့် လူသုံးကုန်စားသောက်ကုန်ပစ္စည်း၊ ကုန်ကြမ်းများကို အရည်အသွေးပြည့်မီသော ကုန်ချောပစ္စည်းများ၊ ထုတ်လုပ်နိုင်ရေးအတွက် သမဝါယမအသင်းပိုင် စက်ရုံအလုပ်ရုံများဖွင့်လှစ်ခြင်း ဆောင်ရွက် သွားကြ ရန်နှင့် လူသုံး၊ အိမ်သုံးပစ္စည်းများအား ပြည်သူများ ပစ္စည်းမှန်၊ ဈေးမှန် လွယ်လင့်တကူ ဝယ်ယူရရှိနိုင်ရေး သမဝါယမအရောင်းဆိုင်များအား အဆင့်မြှင့်တင်ပြီး ရောင်းအားကောင်းသော ပစ္စည်းများ စုံလင်စွာ ရောင်းချနိုင်ရေး ဆောင်ရွက်သွားကြရန် မှာကြားလို ကြောင်း။
မိမိတို့ဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်တစ်ခုစီတွင် ခေတ်မီစံပြကျေးရွာ (Smart Village) သုံးရွာစီ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း၊ အဆိုပါ ခေတ်မီစံပြကျေးရွာ များတွင် သမဝါယမစနစ်ဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ကျေးရွာသူ/ကျေးရွာသား များ စည်းရုံးပြီး စုပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိနိုင်ရေး သမဝါယမ အသင်းများ ဖွဲ့စည်းဆောင်ရွက်သွားကြရန်ကို လည်း တိုက်တွန်းလိုကြောင်း။
သမဝါယမကဏ္ဍအနေဖြင့် ပြည်သူများအား သမဝါယမဆိုင်ရာ အသိပညာပြန့်ပွားရေး ကွင်းဆင်း စည်းရုံးဆောင်ရွက်ပြီး ရရှိလာသည့် အကျိုးငွေများ ကိုလည်း အသင်းသားများအား ထိရောက်စွာ ပံ့ပိုး ပေးနိုင်အောင် လုပ်ဆောင်ပေးရန် လိုကြောင်း၊ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မား ရေး ဆောင်ရွက်ရာတွင် သမဝါယမသင်တန်းကျောင်း များ အဆင့်မြှင့်တင်ပြီး အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြားခွင့်ရရှိအောင် စီမံဆောင်ရွက် ပေးရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးကို လည်း ဆောင်ရွက်ပေးကြရန် မှာကြားသည်။
သမဝါယမအသင်းများကို ဦးဆောင်ကြီးကြပ် မှုပြုနိုင်ရန် အခြားဦးစီးဌာနများကဲ့သို့ ခရိုင်အဆင့် ဖွဲ့စည်းပုံများတိုးချဲ့ပြီး ကြီးကြပ်ဆောင်ရွက်သွားကြ ရန်၊ ပြည်သူများအတွက် လက်ငင်းအကျိုးပြုနိုင်မည့် လုပ်ငန်းများကို ဆက်စပ်ဌာနများနှင့် ညှိနှိုင်းပြီး ဆောင်ရွက်ပေးသွားကြရန်နှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်ရေး ယန္တရား စနစ် ချမှတ်ဆောင်ရွက်သွားကြရန် မှာကြားခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်