မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းလာနိုင်ခြင်းကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့်သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်

 

နေပြည်တော်   မေ    ၁၈


ယနေ့ မွန်းလွဲ ၁ နာရီခွဲ တိုင်းထွာချက် များအရ မေ  ၁၉  ရက်မှ ၂၃ ရက်အတွင်း ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်  အရှေ့တောင်ပိုင်းနှင့်     အရှေ့အလယ်ပိုင်း တို့တွင်     မုတ်သုံလေ  အားကောင်းရာမှ အားအလွန်ကောင်းလာနိုင်ခြင်းကြောင့် ပဲခူး တိုင်းဒေသကြီး၊    ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများ နှင့်အတူ         လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်သည်။

 


ယင်းကာလအတွင်း   ပဲခူးတိုင်းဒေသ ကြီး၊  ရန်ကုန်တိုင်းဒေသကြီး၊  ဧရာဝတီတိုင်း ဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ၂၄ နာရီအတွင်း မိုးရေချိန် သုံးလက်မ (၇၇-မီလီမီတာ) နှင့်အထက် ရွာသွန်းနိုင်သည်။       

 


မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊  မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ် ပြင်တို့တွင်    ရံဖန်ရံခါ     မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်သည်။ ရခိုင် ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ် ပြင်တို့တွင် တစ်ခါတစ်ရံ  မိုးသက်လေပြင်းများ ကျရောက်ပြီး  လှိုင်းကြီးနိုင်သည်။ မိုးသက်လေပြင်း ကျစဉ်  ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅  မိုင်မှ   မိုင်  ၄၀  အထိ  တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့်  ကမ်းလွန် ပင်လယ်ပြင်တို့တွင် ကိုးပေမှ ၁၃  ပေခန့်နှင့် ရခိုင် ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ် ပြင်တို့တွင် ရှစ်ပေမှ ၁၀ ပေခန့် ရှိနိုင်သည်။

 


သို့ဖြစ်ပါ၍     မုတ်သုံလေ   အားကောင်းရာမှ အားအလွန်ကောင်းလာနိုင်ခြင်းကြောင့် မိုးသည်း ထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ် ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ   ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေ ဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ် များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ရန် အသိပေး နှိုးဆော်အပ်ပါသည်။         


 မိုး/ဇလ