မိုင်းပြင်းမြို့အနီး အင်အားအနည်းငယ်ရှိ ငလျင်လှုပ်

 

နေပြည်တော်  မေ    ၁၈


မေ ၁၈ ရက် မြန်မာစံတော်ချိန် ၁၆ နာရီ ၅၉ မိနစ် ၃၂ စက္ကန့် အချိန်တွင်   ကျိုင်းတုံမြေငလျင်စခန်းမှ     အနောက်-အနောက် မြောက်ဘက်  ၆၁ မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မိုင်းပြင်းမြို့၏ အနောက်မြောက်ဘက် ၂၆ မိုင်ခန့်အကွာ)၊ မြောက်  လတ္တီတွဒ် (၂၁ ဒသမ ၅၅) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ်  (၉၈ ဒသမ ၆၇) ဒီဂရီအနက် လေးကီလိုမီတာကို ဗဟိုပြု၍  အင်အားရစ်(ချ်)တာစကေး (၄ ဒသမ ၄)  အဆင့်ရှိ   အင်အားအနည်းငယ်ရှိသော   မြေငလျင်လှုပ်ရှားခဲ့ကြောင်း တိုင်းထွာရရှိသည်။            

မိုး/ဇလ