
နေပြည်တော် မေ ၁၇
မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက် စကားသံများကို သဇင် FM ၏ “ ပြည်သူ့ကြားက ပြည်သူ့စကား”အစီအစဉ်မှ “မိုးညှင်း မြို့နယ်၊ နန်းမားကျေးရွာအုပ်စု၊ နန့်စလော်ကျေးရွာရှိ ဒက္ခိဏဝန်မန် (တောင်ကျောင်း) ဘုန်းတော်ကြီးကျောင်းတိုက်အား အကြမ်းဖက် အဖွဲ့များက ဒရုန်းယာဉ်ဖြင့် ပစ်ချဖောက်ခွဲခဲ့သည့်ဖြစ်စဉ်” ခေါင်းစဉ် ဖြင့် မေ ၁၈ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွား မည်ဖြစ်သည်။
အလားတူ လာမည့်အပတ် ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၁ နာရီတွင် “ရှမ်းပြည်နယ် ရပ်စောက်မြို့နယ်ရှိ စစ်ဆေးရေးဂိတ်၌ အကြမ်းဖက် အဖွဲ့အစည်းများ၏ လက်နက်နှင့်ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ သည့် ဖြစ်စဉ်”နှင့် ပတ်သက်သည့် ခေါင်းစဉ်ဖြင့် ဆွေးနွေး တင်ဆက် မည်ဖြစ်သောကြောင့် ပါဝင်ဆွေးနွေးလိုသူ ပရိသတ်များအနေဖြင့် အပတ်စဉ် ကြာသပတေးနေ့ နံနက် ၁၀နာရီမှ ၁၁ နာရီအတွင်း ဖုန်းနံပါတ် ၀၉-၈၉၉၀၉၉၅၉၅ သို့ အမည်၊ နေရပ်လိပ်စာ၊ အလုပ် အကိုင်နှင့် ပြန်လည် ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့ကို Message ပေးပို့ပါဝင်နိုင်ပြီဖြစ်ကြောင်းနှင့် ပါဝင်လာသည့် ပရိသတ်များ၏ ဖုန်းနံပါတ်များနှင့် ကိုယ်ရေးအချက်အလက်များကို လျှို့ဝှက်ပေးထား မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်