လားရှိုးမြို့၌ TNLA အဖွဲ့အမည်ခံ၍ ဆက်ကြေးကောက်ခံနေသူတစ်ဦးနှင့်  ၎င်းနှင့် ပတ်သက်ဆက်နွှယ်သူတစ်ဦးတို့ကို ဖမ်းဆီးရမိ


 

နေပြည်တော်   မေ    ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)  လားရှိုးမြို့နေ   စိုင်းဆာအောင်ဆိုသူသည်   TNLA  အဖွဲ့ အမည်ခံ၍ စီးပွားရေးလုပ်ငန်းရှင်များထံမှ ခြိမ်းခြောက်ကာ      ဆက်ကြေးငွေများ  ကောက်ခံနေကြောင်း         သတင်းအရ  မေ    ၁၆  ရက်   နံနက်   ၁၀  နာရီခန့်တွင် နယ်မြေခံ     လုံခြုံရေးတပ်ဖွဲ့ဝင်များက   လားရှိုးမြို့  အမှတ်(၁၀)ရပ်ကွက်  နယ်မြေ (၄)ရှိ    “သူ့ထက်ဦး”   အမျိုးသားဘော်ဒါ ဆောင်အား        ဝင်ရောက်ရှာဖွေခဲ့ရာ စိုင်းဆာအောင်   (ဘ)  ဦးသောင်းတင်၊ နယ်မြေ(၃) အမှတ်(၁၀)ရပ်ကွက်  လားရှိုး မြို့နေသူကို Redmiဖုန်းတစ်လုံးနှင့်အတူ      တွေ့ရှိဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိ     တရားခံအား မေးမြန်းချက်အရ     ၎င်းသည်   ယခုနှစ်      မတ်လအတွင်း၌    အောင်ကျော်မိုး ဆိုသူနှင့် Online Game ကစားရာမှ စတင်ရင်းနှီး ခဲ့ကြောင်း၊    ဂိမ်းကစားရာတွင်     ငွေသွင်း/ငွေထုတ်       အဆင်ပြေစေ ရေးအတွက်   စိုင်းဆာအောင်မှ ၎င်း၏  KBZ Pay Account  အား အောင်ကျော်မိုး      အသုံးပြုရန် အတွက် ပေးခဲ့ကြောင်း၊ ဆက်ကြေး ကောက်ခံခြင်းလုပ်ငန်းကို အဓိက လုပ်ဆောင်သူမှာ ၎င်း၏ သူငယ် ချင်း ဖြစ်သူ အောင်ကျော်မိုးဖြစ်ပြီး လားရှိုးမြို့ အမှတ်(၂)ရပ်ကွက် နယ်မြေ(၄)ရှိ  Royal  Ground Hotel   တွင်   တည်းခိုနေထိုင် ကြောင်း    သိရှိရသဖြင့်    နံနက် ၁၀ နာရီခွဲခန့်တွင်  ပူးပေါင်းအဖွဲ့ ဖြင့် သွားရောက်ရှာဖွေခဲ့ရာ အခန်း အမှတ်(၃၀၆)တွင် TNLA အဖွဲ့၊ တပ်မဟာ(၃)၊    တပ်ရင်း(၈၇၆)လက်အောက် နယ်လှည့်ဆက်ဆံ ရေးမှူးရုံးမှ   တပ်စုမှူးအဆင့်ရှိ အောင်ကျော်မိုး(ဘ)ဦးအိုက်အေး၊  အောင်ချမ်းသာရပ်ကွက်  မန်တုံ မြို့နေသူ ကို  လက်ကိုင်ဖုန်းတစ်လုံး နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
ထပ်မံ         ဖမ်းဆီးရမိသူ       အောင်ကျော်မိုးကို စစ်ဆေးမေးမြန်း ချက်အရ  ၂၀၁၄ ခုနှစ်   အောက်တို ဘာလခန့်တွင် မန်တုံမြို့ အောင် ချမ်းသာရပ်ကွက်၌ မိဘများနှင့် အတူနေထိုင်စဉ်   TNLA  အဖွဲ့မှ ၎င်းတို့အဖွဲ့ထဲ  ဝင်ရန်    စည်းရုံး ပြောဆိုလာခဲ့ကြောင်း နှစ်ပတ်ခန့် အကြာတွင်      TNLA   အဖွဲ့မှ အရပ်ဝတ်   ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးက ဆိုင်ကယ် ဖြင့်    လာရောက်ခေါ်ဆောင်ခဲ့ ကြောင်း၊ ၎င်းနှင့်အတူဘော်တွင်း- နမ္မတူ - မန်ဆာ - ညောင်ပင်လှ လမ်းကြောင်းအတိုင်း သွားရောက် ခဲ့ပြီး တောတွင်းရှိ ၎င်းတို့၏ စခန်း တွင်    ၄၅  ရက်ခန့်   သင်တန်း တက်ရောက်ခဲ့ရကြောင်း၊ သင်တန်း ဆင်းပြီးနောက်     TNLA     အဖွဲ့ မှ  နယ်လှည့်ဆက်ဆံရေးရုံးတွင် အကခေါင်းဆောင် တာဝန်ထမ်း ဆောင်ခဲ့ကြောင်းနှင့် ၂၀၂၁ ခုနှစ် ဇူလိုင်လမှ စတင်၍ TNLA အဖွဲ့မှ နုတ်ထွက်ခဲ့ကြောင်း၊   ထို့နောက် မိခင်ဖြစ်သူနှင့်အတူ   လားရှိုးမြို့ အမှတ်(၁၀)ရပ်ကွက်သို့ ပြောင်းရွှေ့ နေထိုင်ခဲ့ပြီး      TNLA    အဖွဲ့မှ ဆက်ကြေးတာဝန်ခံအဖြစ် အမည် ခံ၍  ဆက်ကြေးများ  ကောက်ခံ နေခြင်းဖြစ်ကြောင်း သိရှိရသည်။
၎င်းဖမ်းဆီးရမိတရားခံသည် ၂၀၂၁ ခုနှစ် အောက်တိုဘာမှ ၂၀၂၂ ခုနှစ် မေလ ၁၆ ရက်အထိ TNLA အဖွဲ့အမည်ခံ၍ လားရှိုး၊ မန္တလေး၊ ကျောက်ဆည်၊ တောင်ကြီးမြို့များ ရှိ      စက်သုံးဆီအရောင်းဆိုင်၊ အထည်ဆိုင်၊    ကား/ဆိုင်ကယ် အရောင်းဆိုင်၊   လျှပ်စစ်ပစ္စည်း ဆိုင်၊ ကုန်စုံဆိုင်၊ ဟိုတယ်လုပ်ငန်း ရှင်များထံသို့ ဖုန်းဖြင့် ဆက်သွယ် ကာ ၂၅ ကြိမ်ခန့် ဆက်ကြေးငွေ တောင်းခံခဲ့ပြီး        စုစုပေါင်း ဆက်ကြေး ငွေကျပ် ၂၁၉၅၀၀၀၀ ကောက်ခံရရှိခဲ့ကြောင်း၊     ၂၀၂၂ ခုနှစ်  မေ ၁၆ ရက်တွင်  Royal Ground Hotel ၌ တည်းခိုနေထိုင် စဉ် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင် များမှ     တာဝန်သိပြည်သူများ၏ သတင်းပေးပို့မှုအရ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းနှင့် ဖမ်းဆီးရမိသူ နှစ်ဦးကို တရားဥပဒေအရ လိုအပ် သလို အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်      ရှိကြောင်း သတင်းရရှိသည်။      သတင်းစဉ်