အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ(ရန်ကုန်)တွင် နေထိုင်ခွင့်ရရှိသူများအား နေအိမ် ၂၆၄ ခန်းအတွက် တိုက်ခန်းသော့နှင့် နေထိုင်ခွင့်လက်မှတ်များ ပေးအပ်


 

နေပြည်တော်   မေ  ၁၇
ရန်ကုန်တိုင်းဒေသကြီး    ဒဂုံမြို့ သစ်တောင်ပိုင်း မြို့နယ်ရှိ အဆင့် မြင့်    စစ်မှုထမ်းဟောင်းအိမ်ရာ (ရန်ကုန်)၌ နေထိုင်ကြမည့် စစ်မှု ထမ်းဟောင်း     အဖွဲ့ဝင်များနှင့် မိသားစုဝင်များအား အိမ်ရာနေရာ ချထားပေးခြင်းနှင့်       နေအိမ် တိုက်ခန်းသော့နှင့်   နေထိုင်ခွင့် လက်မှတ်အပ်နှင်းပွဲကို   မေ   ၁၆ ရက်က အဆိုပါအိမ်ရာ၌    ပြုလုပ် ရာ     ရန်ကုန်တိုင်း    စစ်ဌာနချုပ် တိုင်းမှူး    ဗိုလ်ချုပ်ညွန့်ဝင်းဆွေ နှင့် တာဝန်ရှိသူများ၊  စစ်မှုထမ်း ဟောင်း အဖွဲ့ဝင်များ၊  နိုင်ငံတော် နှင့် တပ်မတော်အတွက် အသက် ပေးလှူခဲ့ရသည့် စစ်သည်များ၏ အမွေခံ     မိသားစုဝင်များနှင့် သက်ပြည့်စစ်မှုထမ်းဟောင်းများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာ စကားပြောကြားသည်။ ထို့နောက် တိုင်းမှူးက အဆင့်မြင့် စစ်မှုထမ်း ဟောင်း အိမ်ရာ(ရန်ကုန်) တွင် နေထိုင်ခွင့်ရရှိသူများကို   နေအိမ် တိုက်ခန်းသော့နှင့်    နေထိုင်ခွင့် လက်မှတ်များ  ပေးအပ်ရာ  စစ်မှု ထမ်းဟောင်း   အဖွဲ့ဝင်များနှင့် နိုင်ငံတော်နှင့် တပ်မတော်အတွက် အသက်ပေးလှူခဲ့ရသည့် စစ်သည် များ၏ အမွေခံမိသားစုဝင်များက လက်ခံရယူကြသည်။ ယင်းနောက် တိုင်းမှူးနှင့်  တာဝန်ရှိသူများက စစ်မှုထမ်းဟောင်း    အဖွဲ့ဝင်များ နှင့်      မိသားစုဝင်များအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ပြီး     အိမ်ရာအတွင်း  လှည့်လည်ကြည့်ရှု၍ စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များနှင့်  မိသားစု ဝင်များအား      ရင်းရင်းနှီးနှီး   လိုက်လံနှုတ်ဆက်ကာ   လိုအပ် သည်များ        ညှိနှိုင်းဆောင်ရွက် ပေးသည်။
အဆိုပါ အဆင့်မြင့်စစ်မှုထမ်း ဟောင်းအိမ်ရာများအား နိုင်ငံတော် နှင့်   တပ်မတော် တာဝန်များကို ကျေပွန်စွာ     ထမ်းဆောင်ခဲ့ကြပြီး ကျဆုံး/သေဆုံးခဲ့ကြသည့် အရာရှိ၊ စစ်သည်များ၏  မိသားစုဝင်များ၊ ကိုယ်လက်အင်္ဂါ  စွန့်လွှတ်ခဲ့ကြ ရသည့်  အရာရှိ၊  စစ်သည်များနှင့် သက်ပြည့်အငြိမ်းစား စစ်မှုထမ်း ဟောင်းများအတွက် ဆောက်လုပ် ပေးခြင်းဖြစ်ရာ ယနေ့တွင် နေအိမ် ၂၆၄ ခန်း လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 
သတင်းစဉ်