
နေပြည်တော် မေ ၁၇
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၂) ၏ ဆုံးဖြတ်ချက်အရ “တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး လုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်ရမည့် ဝန်ထမ်းများအား နယ်စခန်းများနှင့် စစ်ဆေးရေးစခန်းများသို့ စေလွှတ်မည့် အချိန်ကာလ အား သက်ဆိုင်ရာဝန်ကြီးဌာနများအကြား ညှိနှိုင်း သတ်မှတ်ရန်” ကိစ္စနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည် တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာနတို့မှ အမြဲတမ်းအတွင်းဝန်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဒုတိယရဲချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီး ဌာနနှင့် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီရုံးတို့မှ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးက တရား မဝင်ကုန်သွယ်မှုများကို ထိရောက်စွာတိုက်ဖျက် နိုင်ရန်အတွက် ဌာနအသီးသီးမှ ဝန်ထမ်းများကို နယ်စခန်းများနှင့် စစ်ဆေးရေးစခန်းများသို့ စေလွှတ် မည့် အချိန်ကာလအား မည်ကဲ့သို့စေလွှတ်တာဝန် ထမ်းဆောင်စေမည်နှင့် အချိန်ကာလ မည်မျှထား၍ ဆောင်ရွက်သင့်သည်တို့ကို ဝိုင်းဝန်းဆွေးနွေး ညှိနှိုင်း ပေးကြရန်နှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်း စဉ်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာ ကြသူများက သက်ဆိုင်ရာဌာနအလိုက် တာဝန် ချထားမှုနှင့် အချိန်ကာလတို့ကို ဝိုင်းဝန်းအကြံပြု တင်ပြခဲ့ကြသည်။ သတင်းစဉ်