
နေပြည်တော် မေ ၁၇
တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင် များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်း များ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်း ခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းနောင်မြို့နယ်ရှိ သီရိနန္ဒာဝတီကုန်းတော် ဘုန်းတော်ကြီးကျောင်းတိုက် နှင့် မင်္ဂလာရန်အောင် ဘုန်းတော်ကြီးကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ဖောင်ကြီး ကျေးရွာရှိ ဇော်ဂျီကျောင်းတိုက်၊ ဧရာဝတီတိုင်း ဒေသကြီး ကျုံပျော်မြို့ ခဲဘောင်ကျောင်းတိုက်၊ မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ရေလယ်ရံ ကျောင်းတိုက်တို့ရှိ သံဃာတော်များနှင့် သာသနာ့ နွယ်ဝင် သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ နဝကမ္မအလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို တိုင်းစစ် ဌာနချုပ်အသီးသီးမှ တာဝန်ရှိသူများက သွား ရောက် ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိ သည်။ သတင်းစဉ်