“ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ် ထုတ်လွှင့်မည်


 

နေပြည်တော်    မေ   ၁၆
မျက်မှောက်ကာလတွင်   ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့်  အကြမ်းဖက် မှုတားဆီးရေးဆိုင်ရာ  ကိစ္စရပ်များနှင့် ပတ်သက်၍  ပရိသတ်များ၏ ရင်တွင်းခံစားချက် စကားသံများ ကို သဇင် FM ၏ “ ပြည်သူ့ကြားက ပြည်သူ့စကား”    အစီအစဉ်မှ  “မိုးညှင်းမြို့နယ်၊ နန်းမားကျေးရွာ အုပ်စု၊   နန့်စလော်ကျေးရွာရှိ  ဒက္ခိဏဝန်မန်  (တောင်ကျောင်း)     ဘုန်းတော်ကြီးကျောင်းတိုက် အား    အကြမ်းဖက်အဖွဲ့များက   ဒရုန်းယာဉ်ဖြင့်  ပစ်ချဖောက်ခွဲခဲ့သည့်ဖြစ်စဉ်”  ခေါင်းစဉ်ဖြင့်   မေ ၁၈ ရက်  မွန်းလွဲ  ၁ နာရီတွင်   ထုတ်လွှင့်တင်ဆက် ပေးသွားမည်ဖြစ်သည်။
အလားတူ လာမည့်အပတ်  ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၁ နာရီတွင်   “ရှမ်းပြည်နယ်  ရပ်စောက်မြို့နယ်ရှိ  စစ်ဆေးရေးဂိတ်၌ အကြမ်းဖက်အဖွဲ့အစည်းများ၏     လက်နက်နှင့်ဆက်စပ်ပစ္စည်းများ  ဖမ်းဆီးရမိသည့် ဖြစ်စဉ်”နှင့် ပတ်သက်သည့် ခေါင်းစဉ်ဖြင့် ဆွေးနွေး တင်ဆက်မည်ဖြစ်သောကြောင့်    ပါဝင်ဆွေးနွေး လိုသူ    ပရိသတ်များအနေဖြင့်    အပတ်စဉ် ကြာသပတေးနေ့ နံနက် ၁၀နာရီမှ ၁၁ နာရီအတွင်း  ဖုန်းနံပါတ် ၀၉-၈၉၉၀၉၉၅၉၅ သို့   အမည်၊   နေရပ်လိပ်စာ၊  အလုပ်အကိုင်နှင့်   ပြန်လည် ဆက်သွယ်ရမည့်   ဖုန်းနံပါတ်တို့ကို    Message   ပေးပို့ပါဝင်နိုင်ပြီဖြစ်ကြောင်းနှင့်   ပါဝင်လာသည့်  ပရိသတ်များ၏   ဖုန်းနံပါတ်များနှင့်  ကိုယ်ရေး အချက်အလက်များကို လျှို့ဝှက်ပေးထားမည်ဖြစ် ကြောင်း သိရသည်။                        သတင်းစဉ်