ဝန်းသိုမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သင်တန်းဖွင့်လှစ်

 

ဝန်းသို   မေ   ၁၅


စစ်ကိုင်းတိုင်းဒေသကြီး   ဝန်းသိုမြို့နယ်၌ ကျေးလက်ဒေသ   ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ၂၀၂၂-၂၀၂၃ ခု  ဘဏ္ဍာရေးနှစ်တွင် အသက်မွေးဝမ်းကျောင်း   အထောက်အကူ ပြု   ဆပ်ပြာထုတ်လုပ်နည်း  ၁၃   မျိုးကို   ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင်          စာတွေ့လက်တွေ့သင်ကြား ပို့ချလျက်ရှိကြောင်း သိရသည်။


အဆိုပါ သင်တန်းတွင် ဘက်စုံသုံးဆပ်ပြာ ဆီပြုလုပ်နည်း၊  ရေမလိုလက်သန့်ဆေးရည် ပြုလုပ်နည်း၊  မှန်ကြည်ဆေးရည်ပြုလုပ်နည်း၊ စက္ကူဆပ်ပြာပြုလုပ်နည်း၊   သဘာဝဆံသား ပြုပြင်ဆေးရည်ပြုလုပ်နည်း၊  ကင်ပွန်းScrub ပြုလုပ်နည်း၊ ဆပ်ပြာမှုန့်ပြုလုပ်နည်း၊ သဘာဝ ခေါင်းလျှော်ရည်ပြုလုပ်နည်း၊    သဘာဝ ရေချိုးဆပ်ပြာပြုလုပ်နည်း၊     သဘာဝ Lotion ပြုလုပ်နည်း၊   ဆပ်ပြာခဲ (အမှုန့်ဖြင့် ပြုလုပ်နည်း)၊   ဆပ်ပြာခဲ   (အခဲဖြင့်ပြုလုပ် နည်း)နှင့်   အလှဖယောင်းတိုင်များပြုလုပ် နည်း စသည့်ပြုလုပ်နည်းပေါင်း ၁၃ မျိုးကို ကျွမ်းကျင်နည်းပြများက   သင်တန်းသား တစ်ဦး၊ သင်တန်းသူ ၁၉ ဦး စုစုပေါင်း ၂၀ ကို သင်တန်းကာလ  ၁၀  ရက်ကြာ   စာတွေ့ လက်တွေ့       ကျွမ်းကျင်တတ်မြောက်အောင် သင်ကြားပေးလျက်ရှိကြောင်း     မြို့နယ် ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။


ယွန်း(မုံရွာ၊ကိုယ်ပွား)