မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင်တံဆိပ်နှင့် စီမံထူးချွန်ဆုရရှိကြသည့် တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်

 

နေပြည်တော်    မေ    ၁၅


မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၂ ခုနှစ် မတ် ၂၇ ရက် အမိန့်ကြေညာစာအမှတ်  (၅၄/၂၀၂၂)  ဖြင့် မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင် တံဆိပ်နှင့်    စီမံထူးချွန်ဆုရရှိကြသည့်     တပ်ဖွဲ့ဝင် များအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းတွင်    တိုင်းဒေသကြီး     ရဲတပ်ဖွဲ့မှူးရုံးရှိ  ရဲသူရိန်ခန်းမ၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး နှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ ဖိတ်ကြားထားသူများနှင့် ဂုဏ်ထူးဆောင် တံဆိပ်နှင့်   စီမံထူးချွန်ဆုရရှိသည့်   တပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။

 


ဦးစွာ    တိုင်းဒေသကြီးဝန်ကြီးချုပ်က   အမှာ စကားပြောကြားသည်။  ထို့နောက်  တိုင်းဒေသကြီး ဝန်ကြီးချုပ်၊     တိုင်းမှူးနှင့်     တာဝန်ရှိသူများက  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၂ ခုနှစ်၊  မတ် ၂၇ ရက် အမိန့်ကြေညာစာအမှတ် (၅၄/၂၀၂၂)ဖြင့်    မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ    စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင်တံဆိပ်နှင့် စီမံထူးချွန်ဆုရရှိကြသည့်  တပ်ဖွဲ့ဝင်များအား   ဂုဏ်ပြုချီးမြှင့်ငွေများ  ပေးအပ် ချီးမြှင့်သည်။

 


ထို့နောက် တိုင်းမှူးက နိဂုံးချုပ်စကား ပြောကြား ပြီး တိုင်းဒေသကြီး   ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ရဲတပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် ခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်