
နေပြည်တော် မေ ၁၅
မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်မြင့် က ပြည်ထောင်စုနယ်မြေ နေပြည်တော် စံပြဂုဏ်ထူးဆောင် ကြက်ခြေနီဦးစီးမှူး(ဒုတိယတန်း) ဦးညီငယ်အား မေ ၇ ရက်က ရန်ကုန် မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်မြို့ ပညာရေးစီမံ ခန့်ခွဲရေးသင်တန်းကျောင်းတွင် ကျင်းပသော ၁၉၇၀ ပြည့်နှစ်မှ ၁၉၈၈ ခုနှစ်အတွင်း စံပြကြက်ခြေနီ များ နှစ် ၅၀ ပြည့် ရွှေရတုအထိမ်း အမှတ်တွေ့ဆုံပွဲ ဖွင့်ပွဲအခမ်း အနားတွင် စံပြကြက်ခြေနီ ဆုတံဆိပ်နှင့် မေ ၈ ရက်တွင် ကျရောက်သော ကမ္ဘာ့ကြက်ခြေနီ နေ့ အထိမ်းအမှတ် နေပြည်တော် ကြီးကြပ်မှုကော်မတီရုံး၌ (၆၅) နှစ် ပြည့် ဂုဏ်ထူးဆောင်ဆုတံဆိပ်နှင့် ဂုဏ်ပြု မှတ်တမ်းလွှာတို့ကို Online Video Conferdncing မှ တစ်ဆင့် ချီးမြှင့်ပေးအပ်ရာ နေပြည်တော် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ချိုက ထပ်ဆင့်ဂုဏ်ပြုဆု များ ချီးမြှင့်ခြင်းအခမ်းအနား ကို မေ ၁၃ ရက်က ကျင်းပသည်။
နေပြည်တော် ကြက်ခြေနီ စံပြ/ ဂုဏ်ထူးဆောင် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ရုံး ဦးစီးမှူး (ဒုတိယတန်း) ဦးညီငယ်သည် ၁၉၇၀ပြည့်နှစ် နေပြည်တော် ပျဉ်းမနားမြို့နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ စတင်ဖွဲ့စည်း တည်ထောင်စဉ်မှစ၍ ယခု ၂၀၂၂ ခုနှစ်အထိ ၆၅ နှစ်ပြည့်သည့်တိုင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း တွင် အခြေခံမူများနှင့်အညီ အသင်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားချင်း စာနာထောက်ထား သည့် မွန်မြတ်သော ကြက်ခြေနီ လူမှုကရုဏာ လုပ်ငန်းများနှင့် ကယ်ဆယ်ရေး လုပ်ငန်းများကို နှစ်ကာလကြာရှည်စွာ အားသွန် ခွန်စိုက် ဆောင်ရွက်ခဲ့သဖြင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဌာနချုပ်နှင့် နေပြည်တော် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ တို့က ဂုဏ်ပြုချီးမြှင့် ပေးအပ်ခြင်း ဖြစ်ကြောင်း သိရသည်။
မင်းမင်းလတ် (မန်းတက္ကသိုလ်)