လောက်ကိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မိုးတွင်းရိက္ခာထောက်ပံ့ပေးအပ်

 

လောက်ကိုင်   မေ   ၁၅


ရှမ်းပြည်နယ်      (မြောက်ပိုင်း)  ကိုးကန့်   ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ လောက်ကိုင်မြို့နယ်၌ မေ ၁၅  ရက်   နံနက်   ၁၀  နာရီက မြို့နယ်  အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန    အစည်းအဝေးခန်းမ၌ မိုးတွင်းရိက္ခာ ထောက်ပံ့ပေးအပ် ခြင်း အခမ်းအနား  ကျင်းပသည်။ 

 


အခမ်းအနားတွင်    မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့        ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးက  မိုးတွင်းရိက္ခာ ထောက်ပံ့     ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌက        မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အရာထမ်း/ အမှုထမ်းဝန်ထမ်း   ၃၉  ဦးအား ဝန်ထမ်းတစ်ဦးလျှင်       ငွေကျပ် ၂၀၀၀၀  နှင့်  မိုးတွင်းရိက္ခာ ဆန်၊ ဆီ၊  ဆား၊ ကြက်ဥ၊ ကြက်သွန်နီ၊ ထီး   ပစ္စည်း   ခြောက်မျိုးတို့ကို ထောက်ပံ့ပေးအပ်ပြီး ဌာန လုပ်ငန်းများကို ကြိုးစားဆောင် ရွက်ခဲ့သော မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ    ဝန်ထမ်း ခုနစ်ဦးအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ကြောင်း သိရသည်။ 

 

ရွှေစင်ဖြိုး (ပြန်/ဆက်)