ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ ပြည်ပမှအဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော်   မေ   ၁၅


စီးပွားရေးနှင့်    ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့်   ကိုဗစ်-၁၉    ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်း များကို လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ် ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေး ကြန့်ကြာမှုမရှိ    တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်     တစ်ပြေးညီ     စီစဉ်ဆောင်ရွက် ပေးလျက်ရှိရာ    ယနေ့တွင်   ချင်းရွှေဟော် ကုန်သွယ်ရေး စခန်းမှ ကုမ္ပဏီ နှစ်ခု၊ ယာဉ် စီးရေ   နှစ်စီးဖြင့်  နှာခေါင်းစည်း (Mask) ၁၉ တန် တင်သွင်းခဲ့ကြောင်း သိရသည်။

 


ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊  ကုသရေးဆိုင်ရာပစ္စည်းများကို သက်ဆိုင်ရာ ဌာနများနှင့်  ညှိနှိုင်းထားသည့်  SOP  များ နှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက် ရှိပါကြောင်းနှင့်     ဆေးဝါးနှင့်    ဆက်စပ် ပစ္စည်းများ တင်သွင်းခြင်းနှင့် ဆက်စပ်သည့် အသိပေး ကြေညာချက်များကိုလည်း အများ ပြည်သူသိရှိစေရန်   ဝန်ကြီးဌာန    Website ဖြစ်သည့်    commerce.gov.mm    တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက် ပေးထားကြောင်း သိရသည်။


 သတင်းစဉ်