ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော် လှူဒါန်း

 

နေပြည်တော်    မေ    ၁၅


ပြည်ထဲရေးဝန်ကြီးဌာန     တပ်ဖွဲ့ ဝင်/ ဝန်ထမ်း   အရာထမ်း၊    အမှု ထမ်းမိသားစုများက     မြို့နယ် အသီးသီးရှိ      ဘုန်းတော်ကြီး ကျောင်းများသို့ ဆွမ်းဆန်တော် များ  ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။    

 


ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ         ပုဗ္ဗသီရိမြို့နယ်ရှိ  ကျောင်းစုကျောင်းတိုက်သို့ လည်း ကောင်း၊ တနင်္သာရီတိုင်းဒေသကြီး  မြိတ်မြို့နယ်ရှိ      ကောလိပ်ကုက္ကို ပရိယတ္တိစာသင်တိုက်သို့   လည်း ကောင်း၊ မန္တလေးတိုင်းဒေသကြီး  အောင်မြေသာစံ           မြို့နယ်ရှိ  ကုသိုလ်တော်ရိပ်သာ   ပရိယတ္တိ စာသင်တိုက်သို့     လည်းကောင်း၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ  ချမ်းသာရ ပရိယတ္တိစာသင်တိုက် သို့လည်းကောင်း ၊    ရန်ကုန်တိုင်းဒေသကြီး       အင်းစိန် မြို့နယ်ရှိ  ရွာမပရိယတ္တိ  စာသင် တိုက်သို့လည်းကောင်း၊ ရှမ်းပြည် နယ် လားရှိုးမြို့နယ်ရှိ မဏိဇောတ ကျောင်းတိုက်သို့    လည်းကောင်း ဆရာတော်၊      သံဃာတော်များ အတွက်    ဆွမ်းဆန်တော်များကို တာဝန်ရှိသူများက  သွားရောက် ဆက်ကပ်   လှူဒါန်းကြကြောင်း သိရသည်။

သတင်းစဉ်