ကျောင်းအုပ်၊ ဆရာ၊ ဆရာမများအားလုံးနှင့် အရာထမ်း၊ အမှုထမ်းများအားလုံး သိရှိလိုက်နာရမည့်အချက်များ

 

ပညာရေးဝန်ကြီးဌာန

“၂၀၂၂ -၂၀၂၃ ပညာသင်နှစ်”

 

ကျောင်းအုပ်၊ ဆရာ၊ ဆရာမများအားလုံးနှင့် အရာထမ်း၊ အမှုထမ်းများအားလုံး
သိရှိလိုက်နာရမည့်အချက်များ

 

v    မည်သည့်အခကြေးငွေမျှ ကောက်ခံခြင်း/လက်ခံခြင်းမပြုရ။
v    ငွေကြေး/လက်ဆောင်ပစ္စည်း တစ်စုံတစ်ရာ လက်ခံခြင်းမပြုရ။
v    အတန်းတံဆိပ်၊ ကျောင်းတံဆိပ်နှင့် အခြားမည်သည့်ပစ္စည်းကိုမျှ ရောင်းချခြင်းမပြုရ။ 
v    ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်းဆောင်ရွက်တတ်ရေး၊ ကျောင်းတက်မှန်ရေး၊ အိမ်စာများကို နေ့စဉ်လုပ်ဆောင်ရေး၊ မိဘများနှင့် ပူးပေါင်းဆွေးနွေး ဆောင်ရွက်ပေးပါရန်။
v    ပညာသင်ကာလအတွင်း စစ်ဆေးအကဲဖြတ်ခြင်းအား  ညွှန်ကြားချက်များအတိုင်း     စစ်ဆေးရန်။
v     ကျောင်းထွက်သူလုံးဝမရှိစေရေးနှင့်    အလယ်တန်း၊    အထက်တန်းအဆင့်များသို့      အဆင့်ဆင့် 
    ဆက်လက် ပညာသင်ယူနိုင်ရေးအတွက် မိဘများနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်ရန်။
v    မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး၊ အရက်၊ ဘီယာ၊ စီးကရက်၊ ကွမ်းယာ မသုံးစွဲရေး မိဘပြည်သူ အားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရန်။
v    ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရေး မိဘပြည်သူအားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရန်။
v    ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုပုံစံများ စွဲမြဲဆောင်ရွက်တတ်ရန် အသိပညာပေးရေး မိဘ ပြည်သူအားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရန်။
v ကျောင်းသား၊ ကျောင်းသူများ ဂိမ်းစွဲလမ်းမှုပပျောက်စေရေး မိဘပြည်သူအားလုံးနှင့် ပူးပေါင်း ဆောင်ရွက်ရန်။
v    ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို ညွှန်ကြားချက်များအတိုင်း စနစ်တကျ တပ်ဆင်ရန်၊ လိုအပ်ပါက မျက်နှာအကာ (Face Shield) တပ်ဆင်ရန်။
v    လက်ကို ရေနှင့် ဆပ်ပြာအသုံးပြု၍ စက္ကန့်(၂၀)ကြာအောင် စနစ်တကျ မကြာခဏဆေးကြောရန်။
v    လက်ဖြင့် နှာခေါင်း၊ ပါးစပ်၊ မျက်လုံးများမကိုင်ရန်။
v    နှာစေး၊ ချောင်းဆိုး၊ ကိုယ်အပူချိန်မြင့်မားလျှင် ကျောင်းသို့မလာဘဲ နီးစပ်ရာ ကျန်းမာရေးဆေးခန်း၊ ဆေးရုံသို့ သတင်းပို့ရန်နှင့် ဆေးကုသမှုခံယူရန်။
v    အသက်(၁၂)နှစ်ပြည့်ပြီး ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပြီးစီးနိုင်ရေး သက်ဆိုင်ရာ ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန်။