(၁၅) ကြိမ်မြောက် အာဆီယံကျန်းမာရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

 

နေပြည်တော်    မေ   ၁၄


(၁၅) ကြိမ်မြောက်   အာဆီယံကျန်းမာရေးဝန်ကြီး များ   အစည်းအဝေး    (15th  ASEAN  HEALTH MINISTERS MEETING) ကို ယနေ့တွင် အင်ဒိုနီးရှား နိုင်ငံ ဘာလီမြို့ရှိ CONRAD HOTEL BARLI တွင် ကျင်းပရာ အဖွဲ့ဝင်နိုင်ငံများမှ ကျန်းမာရေးဝန်ကြီး များနှင့် ကျန်းမာရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီး များ တက်ရောက်ကြသည်။

 


အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း က ကိုဗစ်-၁၉  ကပ်ရောဂါ ကာကွယ်၊    ထိန်းချုပ်၊    ကုသရေးလုပ်ငန်းများကို အာဆီယံနိုင်ငံများ အချင်းချင်း ချစ်ကြည်စည်းလုံးစွာ ဖြင့်  အောင်မြင်စွာ  ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ကြပါ ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံနိုင်ငံများမှ ကိုဗစ်-၁၉  ရောဂါနှင့်    ပတ်သက်သည့်   ဆေးနှင့် ဆေးပစ္စည်းများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး များ လှူဒါန်းမှုများအတွက်လည်း ကျေးဇူးတင်ရှိပါ ကြောင်း၊  အရှေ့တောင်အာရှ   ဒေသတွင်းနိုင်ငံများ သာမက ကမ္ဘာ့နိုင်ငံများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ကပ်ရောဂါ   တုံ့ပြန်မှုများကို  ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊    ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများအား အရှေ့တောင်အာရှ ဒေသတွင်       ထုတ်လုပ်အသုံးပြုနိုင်ရေးအတွက် လုပ်ငန်းစီမံကိန်းဖြစ်သည့်     ASEAN    Vaccine Security   and   Self   Reliance  (AVSSR)  နှင့် ကပ်ရောဂါ    တုံ့ပြန်ရေးအတွက်   ကိုဗစ်-၁၉  ရောဂါ စမ်းသပ်စစ်ဆေးနိုင်ရေး test kits များ၊ personal protective equipment များ၊ လိုအပ်သော ဆေးနှင့် ဆေးများ    ဝယ်ယူနိုင်ရန်နှင့်   ကာကွယ်ဆေးနှင့် ဆေးဝါးများထုတ်လုပ်နိုင်ရေး သုတေသနလုပ်ငန်း များ   လုပ်ဆောင်နိုင်ရန်အတွက်    ရည်ရွယ်သည့် COVID-19 ASEAN Response Fund တို့ကို ဒေသ တွင်း နိုင်ငံများ ပူးပေါင်းလုပ်ဆောင်ခြင်းကို မြန်မာ နိုင်ငံအနေဖြင့်  ကြိုဆိုပါကြောင်း။

 


  ကပ်ရောဂါအား တုံ့ပြန်ရာတွင်   ကျွမ်းကျင်သည့်     ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များ အရေးပါ သည့်အတွက် ၎င်းတို့ကို စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းပေးခြင်းများ၊  လုံလောက်သော   ထောက်ပံ့ ခြင်းများတို့ကို     အလေးထားလုပ်ဆောင်သင့်ပါ ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှုများကြောင့်   အာဆီယံနိုင်ငံအသီးသီးတွင်လည်း    နောက်ဆက်တွဲ အကျိုးသက်ရောက်မှုများ ရှိသည့်အတွက် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ       ဆောင်ရွက်ရန်နှင့် နောင်လာမည့် ကပ်ရောဂါများအတွက် ကျန်းမာရေး စနစ်ခိုင်မာအောင် ပြင်ဆင်ထားရန်တို့မှာ အရေးကြီး ပါကြောင်း၊    အထူးသဖြင့်   ပဏာမကျန်းမာရေး စောင့်ရှောက်မှုများ လစ်ဟင်းပြတ်တောက်မှုမရှိစေဘဲ စောင့်ရှောက်ကုသမှုများ    ပေးနိုင်ရေး    ပြင်ဆင် ဆောင်ရွက်ရန်နှင့် ပြည်သူများ၏ အာဟာရဖွံ့ဖြိုး ရေး၊ ကိုယ်လက်လှုပ်ရှားမှုများ၊ အားကစားဆောင်ရွက် မှုများ ပုံမှန်ပြုလုပ်ရေး အစရှိသည်တို့ပါ ဆောင်ရွက် စေခြင်းဖြင့်    ရောဂါပိုးများ   ကာကွယ်နိုင်စွမ်းနှင့် ခုခံနိုင်စွမ်းများ တိုးမြှင့်နိုင်ရေးတို့ကိုလည်း ဦးစားပေး ဆောင်ရွက်သင့်ပါကြောင်း၊  မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉  ကပ်ရောဂါမှ   ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့် နောင်ဖြစ်ပေါ်လာနိုင်မည့် ကပ်ရောဂါများအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်း၍ ကျန်းမာရေးစနစ် ခိုင်မာစေရေးလုပ်ငန်း များကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေး ပြောကြားသည်။  

 


ယင်းနေ့    နံနက်ပိုင်းတွင်   CONRAD HOTEL BARLI   ၌    15th  ASEAN   HEALTH  MINISTERS MEETING RETREAT ကို ကျင်းပရာ အာဆီယံနိုင်ငံ များမှ ကျန်းမာရေးဝန်ကြီးများနှင့်အတူ ပြည်ထောင်စု ဝန်ကြီးဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်သည်။

 


အဆိုပါ အစည်းအဝေးများတွင် အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ  ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေးထိုး မှတ်တမ်းများအား   ဒစ်ဂျစ်တယ်စနစ်သို့   ပြောင်းလဲ အသုံးပြု၍   အဖွဲ့ဝင်နိုင်ငံများအကြား   အပြန်အလှန် အသိအမှတ်ပြုရေး၊    ASEAN   Single   Digital COVID-19 Health Certificates Verification Portal အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး၊ အရှေ့တောင်အာရှ ဒေသတွင် ပြည်သူ့ကျန်းမာရေး အရေးပေါ်တုံ့ပြန်ရေး ဆိုင်ရာ ဗဟိုဌာနဖွင့်လှစ်နိုင်ရေး၊ ကိုဗစ်-၁၉ အလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး၊ ဒေသတွင်း ခိုင်မာသော ကျန်းမာ ရေးစနစ် ထူထောင်နိုင်ရေး အစရှိသည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြောကြားကြသည်။

 


ထို့နောက် (၁၅) ကြိမ်မြောက် အာဆီယံကျန်းမာ ရေးဝန်ကြီးများ အစည်းအဝေးအတွက် အဆင့်မြင့် အရာရှိကြီးများ ဆွေးနွေးခဲ့ကြသည့် အစည်းအဝေး (Preparatory Senior Officials Meeting for the 15th ASEAN Health Ministers Meeting) အစီရင် ခံစာနှင့်     အကြံပြုချက်များကို   အတည်ပြုခြင်း၊ (၁၅) ကြိမ်မြောက် အာဆီယံကျန်းမာရေးဝန်ကြီးများ အစည်းအဝေး ပူးတွဲကြေညာစာတမ်းအားအတည်ပြု ထုတ်ပြန်ခြင်းတို့ ဆောင်ရွက်ကြပြီး အဆိုပါ အစည်း အဝေးသို့ အာဆီယံနိုင်ငံများမှ ကျန်းမာရေးဝန်ကြီး များ၊     ဒုတိယဝန်ကြီးများ၊   ကျန်းမာရေးဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရှေ့တောင်အာရှ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး၊ အနောက်ပစိဖိတ် ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယအထွေထွေ အတွင်းရေးမှူးချုပ်နှင့်  တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာ နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပြည်တွင်းပြည်ပ ဆက်ဆံရေးနှင့်    သတင်းပြန်ကြားရေး   ဌာနခွဲ၊ လက်ထောက်အတွင်းဝန်နှင့်       တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်းစဉ်